Latest News

Friday, February 3, 2017

တောင်ကိုရီးယား နဲ့ မဟာမိတ်ဖြစ်မှု ခိုင်မာမှုရှိတယ်လို့ အမေရိကန် ကာကွယ်ရေးဝန်ကြီးသစ် အာမခံ


အမေရိကန် နဲ့ တောင်ကိုရီယားနိုင်ငံကြား မဟာမိတ်ဖြစ်မှု ဟာ တောင့်တင်းခိုင်မာမှု ရှိတယ်လို့ အမေရိကန် ကာကွယ်ရေးဝန်ကြီး ဂျိန်းမာတစ် က ပြောလိုက်ပါတယ်။
အမေရိကန်ကာကွယ်ရေးဝန်ကြီးအသစ် ဂျိန်းမာတစ် ဟာ တောင်ကိုရီယားနိုင်ငံ ကိုရောက်ရှိနေချိန်မှာအခုလိုမျိုးပြောခဲ့တာပါ၊
ဂျိန်းမာတစ်က မြောက်ကိုရီယားနိုင်ငံရဲ့ ခြိမ်းခြောက်မှု ကိုရင်ဆိုင်ဖို့ နှစ်နိုင်ငံကြား ဆက်ဆံရေး ဆက်လက်ရှိနေမည်ဖြစ်ကြောင်း၊ အမေရိကန် နဲ့တောင်ကိုရီယားနိုင်ငံကြား အရင်က ချုပ်ဆိုခဲ့တဲ့ လုံခြုံရေးဆိုင်ရာ
စာချုပ်တွေအတွက်    ဆက်လက်လုပ်ဆောင်သွားမှာဖြစ်တယ်လို့ ပြောပါတယ်။

အမေရိကန်ရွေးကောက်ပွဲကာလတုန်းက သမ္မတ ဒေါ်နယ်ထရမ့်က တောင်ကိုရီယား နဲ့ ဂျပန်နိုင်ငံ အနေနဲ့ အမေရိကန် ရဲ့ စစ်ရေးအထောက်ပံကိုရယူမယ်ဆိုရင် အသုံးစရိတ်ပေးရမယ်လို့ ပြောဆိုခဲ့မှု အပေါ် စိုးရိမ်မှု မြင့်နေချိန်မှာ အမေရိကန်ကာကွယ်ရေးဝန်ကြီး ကထုတ်ဖော်ပြောခဲ့တာပါ၊
အမေရိကန်ကာကွယ်ရေးဝန်ကြီး သစ် အနေနဲ့ မြောက်ကိုရီယား ရဲ့ ခြိမ်းခြောက်မှု ကို ကာကွယ်နိုင်ဖို့
သာဒ့် ဒုံးကျည်ကာကွယ်ရေးဖြန်ကြတ်ဖို့ အရေးဆွေးနွေးသွားမှာဖြစ်ပါတယ်။

 တောင်ကိုရီယားနိုင်ငံအတွင်း အမေရိကန် နိုင်ငံရဲ့ ဒုံးကျည်ကာကွယ်ရေးစနစ်ဖြန်ကြတ်မှုအပေါ် တရုတ်
နိုင်ငံ ကဝေဖန်မှုတွေရှိနေခဲပါတယ်။
Ref upi
ဇက်အမ်အို(တိုင်းဧရာ) ဘာသာပြန်သည်

No comments:

Post a Comment