အမှိုက်ကား တင်သွင်းခွင့်ရ ကုမ္ပဏီကို ပြန်လည်စိစစ်မည်
ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှခေတ်မှီ အမှိုက်ကားများ တင်သွင်းခွင့်ရကုမ္ပဏီကို ပြန်လည်စစ်ဆေးမှုများပြုလုပ်သွားရန် ကားများ၏ တန်ဖိုး အထောက်အထားကိုတောင်းခံထားကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ အတွင်းရေးမှူး ဒေါ်လှိုင်မော်ဦးကပြောသည်။
"ကုမ္ပဏီကို စာရွက်စာတမ်း အထောက်အထားတွေ တောင်းထားတယ် တင်သွင်းလာတဲ့တန်ဖိုးကွဲလွဲမှု ရှိမရှိ ပြန်စစ်မယ် တန်ဖိုးတွေ ကွဲလွဲပြီးတင်သွင်းလာရင်တော့ ကုမ္ပဏီကို Black List ထည့်မယ်"ဟု ဒေါ်လှိုင်မော်ဦးက 7Day Dailyသို့ပြောသည်။
မူရင်းနိုင်ငံမှ တင်သွင်းလာသည့် အမှိုက်ကား တန်ဖိုးများမှာ မှန်ကန်စွာ တင်သွင်းလာသည်ဟု စစ်ဆေးတွေ့ရှိပါက ကုမ္ပဏီမှ ၄င်းတို့အားစွပ်စွဲပြောဆိုလာသူများကို တရားစွဲဆိုသွားရန် ပြင်ဆင်ထားကြောင်းဒေါ်လှိုင်မော်ဦးကဆိုသည်။
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက အမှိုက်ကားများ တင်သွင်းခွင့်ကို တင်ဒါခေါ်ယူခဲ့ရာ အောင်ကမ္ဘာ ကုမ္ပဏီကိုရွေးချယ်ပြီး တင်သွင်းခွင့်ပေးခဲ့သည်။
ပြီးခဲ့သည့်ရက်ပိုင်းက တင်သွင်းလာသည့် အမှိုက်ကားများ၏ ဓါတ်ပုံနှင့်အတူ မြန်မာနိုင်ငံသို့ တင်သွင်းလာသည့် တန်ဖိုးမှာ မူရင်းနိုင်ငံနှင့် ကွာဟနေကြောင်း လူမှုကွန်ယက် စာမျက်နှာတွင် ပျံ့နှံ့မှု အချို့ရှိခဲ့သည်။ ထို့ကြောင့် ကုမ္ပဏီမှ ၄င်းတို့၏ ဂုဏ်သိက္ခာ ညှိုးနွမ်းစေမှုဖြင့် ပြန်လည် ချေပရန် ပြင်ဆင်ထားမှုများလည်း ရှိကြောင်း သိရသည်။
7Day News Journal
Subscribe to:
Post Comments (Atom)
No comments:
Post a Comment