Latest News

Friday, February 24, 2017

မန္တလေး ချမ်းမြသာစည်မြို့နယ်တွင် ဆိုင်ကယ်ဖြင့်လုယက်မှုများရှိနေ သဖြင့် ရဲတပ်ဖွဲ့ဝင်များ လုံခြုံရေး နေ့ညမပြတ် ဆောင်ရွက်လျက်ရှိ

မန္တလေး ချမ်းမြသာစည်မြို့နယ်တွင် ဆိုင်ကယ်ဖြင့်လုယက်မှုများရှိနေ

သဖြင့် ရဲတပ်ဖွဲ့ဝင်များ လုံခြုံရေး နေ့ညမပြတ်  ဆောင်ရွက်လျက်ရှိ


ချမ်းမြသာစည်မြို့နယ်အတွင်း ညပိုင်းတွင် လုယက်မှုများဖြစ်ပွားခဲ့ခြင်းကြောင့် ခရိုင်ရဲတပ်ဖွဲ့နှင့် နယ်မြေရဲစခန်း များပူးပေါင်းကာ လုံခြုံရေးကို နေ့ညမပြတ် (၂၄)နာရီဆောင်ရွက်လျှက်ရှိကြောင်း သိရှိရသည်။
"ပြည်သူတွေရဲ့လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်ဖို့နဲ့ ရဲတပ်ဖွဲ့တွေအနေနဲ့ ဘယ်လိုအကူအညီပေးပြီး ဆောင်ရွက်ရမယ်ဆိုတာကို ပြည်သူတွေ သိရှိအောင်လို့ဆောင်ရွက်နေတာပါ။ လုံခြုံရေးအရဆိုရင်လည်း စခန်း  (၃)ခုပေါင်းပြီး ခရိုင်ရဲတပ်ဖွဲ့နဲ့ နေ့စဉ်ဆောင်ရွက်ခဲ့ပါတယ်။ လူစည်ကားတဲ့ နေရာတွေနဲ့ အဓိက လူသွားလူလာ ပြတ်တဲ့ လမ်းတွေအပေါ်မှာ လုံခြုံရေးကို အဓိကထားဆောင်ရွက်ပါတယ်။ အခုလိုဆောင်ရွက်နေတာကလည်း ကြာပါပြီ။"ဟု ချမ်းမြသာစည်မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ ရဲမှူး စံသူက ပြောသည်။

မန္တလေးမြို့ပေါ်တွင် ဆိုင်ကယ်ဖြင့် လုယက်မှုများကြောင့် ဘေးအန္တရာယ်များဖြစ်ပေါ်မည်ကို စိုးရိမ်မှုများရှိနေ ကြောင်း ပြည်သူများထံမှ သိရသည်။"မန္တလေးမြို့ပေါ်မှာ ညပိုင်းတွေမှာ လုံခြုံမှုမရှိဘူး။  ဆိုင်ကယ်တွေနဲ့ လုယူတဲ့သူတွေကလည်း ပိုပြီးများလာ တယ်။ အမျိုးသမီးတွေ ညပိုင်းမှာဆိုင်ကယ်စီးသွားရင် အရမ်းကိုဂရုစိုက်ရတယ်။ ပိုက်ဆံအိတ်တွေ၊ ဘာတွေ ကိုင်ပြီး ဆိုင်ကယ်စီးလို့မရဘူး။ အခုလို မကြာခဏလုယက်မှုတွေဖြစ်နေတဲ့အခါမျိုးတွေမှာ လမ်းပေါ်မှာ ရဲတပ်ဖွဲ့ ဝင်တွေရှိရင် စိတ်ထဲမှာ လုံခြုံလာတယ်လို့မြင်မိတယ်"ဟု မြို့သစ်အမှတ်(၃)ရပ်ကွက်နေ မချစ်စုကပြောသည်။

ချမ်းမြသာစည်မြို့နယ်တွင် ရပ်ကွက်ကြီး(၁၄)ခုရှိသဖြင့် သက်ဆိုင်ရာနယ်မြေစခန်း(၃)ခုမှ လုံခြုံရေးများ နေ့ည ဆောင်ရွက်နေခြင်းကြောင့် မှုခင်းဖြစ်စဉ်နှင့် လုယက်မှုများ ယခင်ထက်လျော့နည်းလာခဲ့ကြောင်း ချမ်းမြသာစည် မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ ရဲမှူးစံသူကပြောသည်။
ချမ်းမြသာစည်မြို့နယ်အတွင်း အဓိကကျသည့် ၆၂-သိပ္ပံလမ်းထောင့်၊ မန္တလေး Ocean Super Centreနှင့် မန္တလေးကန်တော်ကြီးအပြင် ပြင်ဦးလွင်ကားလမ်းနှင့် သိပ္ပံလမ်းထောင့်များတွင် နေ့စဉ်စစ်ဆေးဆောင်ရွက်မှု များ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

ရတနာပုံသတင်းစာ

No comments:

Post a Comment