Latest News

Monday, February 20, 2017

ဒေသဖံွ့ဖြိုးရေးအတွက် လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ညှိနှိုင်းဆောင်ရွက်ဖို့ ပြည်နယ်အစိုးရကို တိုက်တွန်း

ဒေသဖံွ့ဖြိုးရေးအတွက် လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ညှိနှိုင်းဆောင်ရွက်ဖို့ ပြည်နယ်အစိုးရကို တိုက်တွန်း

ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတွေဆောင်ရွက်ရာမှာ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ တိုင်ပင်ညှိနှိုင်း ဆောင်ရွက်ကြဖို့ ရခိုင်ပြည်နယ် လွှတ်တော်ဥက္ကဌ ဦးစံကျော်လှ က ရခိုင်ပြည်နယ်အစိုးရအဖွဲ့ကို ဒီနေ့ တိုက်တွန်းလိုက်ပါတယ်။

ဒီနေ့ စတင်ကျင်းပတဲ့ ဒုတိယအကြိမ် ရခိုင်ပြည်နယ်လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး ပထမနေ့မှာ ပြည်နယ်လွှတ်တော်ဥက္ကဌ ဦးစံကျော်လှ က မိန့်ခွန်းပြောကြားရာမှာ တိုက်တွန်း ပြောကြားခဲ့တာဖြစ်ပါတယ်။

လွှတ်တော်တွေရဲ့ သဘာဝအတိုင်း လွတ်လပ်စွာသဘောထားကွဲလွဲတာတွေနဲ့ အမြင်မတူတာတွေ ရှိကြမှာဖြစ်ပြီး ပြည်နယ်ရဲ့အကျိုးစီးပွား၊ အမျိုးသားအကျိုးစီးပွားကို ရှေးရှုပြီး  ဆွေးနွေး ညှိနှိုင်းအဖြေရှာကြဖို့လည်း ပြည်နယ်လွှတ်တော်ဥက္ကဌ ဦးစံကျော်လှ က ပြောပါတယ်။

ဒီနေ့စတင်ကျင်းပနေတဲ့ ရခိုင်ပြည်နယ်လွှတ်တော်အစည်းအဝေးမှာ ပြည်ထောင်စုကနေ မကြာမီရောက်ရှိလာမယ့် ရခိုင်ပြည်နယ်ရဲ့ ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်အတွက် ဘဏ္ဍာငွေ ခွဲဝေချထားမှု ဥပဒေမူကြမ်းကို အတည်ပြုနိုင်ရေးအပြင် လွှတ်တော်ကိုယ်စားလှယ်တွေ တင်ပြထားတဲ့ အဆို၊ မေးခွန်း၊ ဥပဒေကြမ်းတွေကို ဆွေးနွေးနိုင်ရေးအတွက် ခေါ်ယူကျင်းပတာဖြစ်တယ်လို့လည်း ပြောပါတယ်။

Photo: Min Thein Aung/ RFA


No comments:

Post a Comment