Latest News

Wednesday, February 8, 2017

ရိုဟင်ဂျာတွေ နှိပ်စက်သတ်ဖြတ်ခံရမှု ပုပ်ရဟန်းမင်းကြီး ဝေဖန်

ရိုဟင်ဂျာတွေ နှိပ်စက်သတ်ဖြတ်ခံရမှု ပုပ်ရဟန်းမင်းကြီး ဝေဖန်

မြန်မာနိုင်ငံမှာ ရိုဟင်ဂျာတွေဟာ သူတို့ယဉ်ကျေးမှု၊ သူတို့ကိုးကွယ်ယုံကြည်မှုနဲ့ ရှင်သန်နေထိုင်ချင်ကြတဲ့အတွက် အနှိပ်စက်ခံ၊ အသတ်ခံနေရတယ်လို့ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က ဒီနေ့ပြောဆို ဝေဖန်လိုက်ပါတယ်။

မြန်မာအစိုးရ လုံခြုံရေးတပ်ဖွဲ့တွေက ရခိုင်ပြည်နယ်ထဲမှာ အဲဒီလူနည်းစုတွေကို အစုလိုက်အပြုံလိုက် သတ်ဖြတ်တာ၊ အုပ်စုဖွဲ့အဓမ္မပြုကျင့်တာ၊ ရွာတွေမီးရှို့ဖျက်ဆီးတာတွေရှိခဲ့တယ်ဆိုပြီး ပြီးခဲ့တဲ့ သတင်းပတ်ကထွက်ခဲ့တဲ့ ကုလသမဂ္ဂရဲ့အစီရင်ခံစာအရ ပုပ်ရဟန်းမင်းကြီးကြေေပြောဆိုလိုက်တာဖြစ်ပါတယ်။

RFA

No comments:

Post a Comment