Latest News

Wednesday, February 15, 2017

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အမှုဆောင်အရာရှိချုပ် ဦးဘုန်းနိုင်ဇော်နှင့် တွေ့ဆုံခြင်း

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အမှုဆောင်အရာရှိချုပ် ဦးဘုန်းနိုင်ဇော်နှင့် တွေ့ဆုံခြင်း


‘‘တကယ်ကောင်းတဲ့ ကလေးတွေကို ရွေးမယ်’’



စုစုပေါင်းကုန်ကျစရိတ် ကန် ဒေါ်လာ နှစ်သန်းကျော်ကုန်ကျခံ တည်ဆောက်ထားသည့် မြန်မာ အမျိုးသားဘောလုံးအကယ်ဒမီ (ရန်ကုန်)ကိုဖေဖော်ဝါရီ ၁၇ ရက်တွင် ဖွင့်လှစ်မည်ဖြစ်သည်။ အမျိုးသားဘောလုံး အကယ်ဒမီ (ရန်ကုန်)သည် အလျား ၂၄၇ ပေ၊ အနံ ၄၉ ပေရှိသည့် နှစ်ထပ်အ ဆောက်အအုံဖြစ်သည်။ ယင်းအ ကယ်ဒမီကျောင်းတွင် ကျောင်း သားများ လေ့ကျင့်သင်ကြားရန် မြက်ခင်းတုနှစ်ကွင်းပါဝင်ပြီး သင်တန်းခန်းမ၊ အစည်းအဝေး
ခန်းမ၊ အ၀တ်လဲခန်း၊ ရေချိုးသန့်စင်ခန်း စသည်ဖြင့် ပါဝင်ပြီး နိုင်ငံတကာ အဆင့်မီ အကယ်ဒမီကျောင်းတစ် ခုဖြစ်ကြောင်း အဖွဲ့ချုပ်ကသတင်း ထုတ်ပြန်ထားသည်။ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်အနေဖြင့် မြန်မာဘောလုံး
အကယ်ဒမီ(မန္တလေး) နှင့် (ပုသိမ်)တို့ကိုလည်း ဖွင့်လှစ် ထားပြီး ယခုဖွင့်လှစ်မည့် ဘော လုံးအကယ်ဒမီ (ရန်ကုန်)သည် မြန်မာနိုင်ငံ၏ တတိယမြောက် ဘောလုံးအကယ်ဒမီကျောင်းဖြစ် သည်။ ထို့ကြောင့်အသစ်ဖွင့်လှစ်မည့်
ဘောလုံးအကယ်ဒမီ (ရန် ကုန်)နှင့် ကစားသမားရွေးချယ် မည့်အစီအစဉ်များနှင့် ပတ်သက်၍ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အမှုဆောင်အရာရှိချုပ် ဦးဘုန်းနိုင်ဇော်ကို မေးမြန်းထားသည်များမှ ကောက်နုတ်ဖော်ပြလိုက်ပါသည်။

မြန်မာဘောလုံး အကယ်ဒမီ (ရန် ကုန်)  ကျောင်းအုပ်အနေနဲ့ ဘယ် သူ့ကိုခန့်အပ်ဖို့  စီစဉ်ထားပါလဲ။ နည်းပြတွေကကော ပြည်တွင်းက ဖြစ်နိုင်မလား။

အဲဒါကတော့ စီစဉ်နေတုန်း ပဲ။ ကျောင်းအုပ်ဆိုတာ တော် တော်လေး အရေးကြီးတဲ့နေရာ ဖြစ်တဲ့အတွက် အချိန်ပေးပြီးရှာ မယ်။ နည်းပြကို ဂျပန်ကနည်းပြ ငှားဖို့ လုပ်နေတယ်။ ကျောင်းအုပ် ကတော့ ပြည်တွင်းကပဲဖြစ်မယ်။

မြန်မာဘောလုံး အကယ်ဒမီ (ရန် ကုန်)မှာ ကလေးတွေကို ပညာသင်ကြားမှုနဲ့ပတ်သက်ပြီး စီစဉ် ထားတာတွေ သိချင်ပါတယ်။

အကယ်ဒမီ သင်တန်းကျောင်း ဖြစ်နေတဲ့အတွက် ကလေးတွေကို  ကျောင်းထားပေးသွားမှာပါ။ ဒါ ပေမဲ့ ကျောင်းမှာသွားတက်ရမှာ မဟုတ်ဘူး။ အကယ်ဒမီ သင်တန်း ကျောင်းမှာ စာသင်ခန်းတွေပါနေ တဲ့အတွက် တာမွေ အထက(၃) က ဆရာတွေ၊ဆရာမတွေကို အ ကူအညီတောင်းပြီး သင်ပေးသွား မယ်။ ပြီးတော့ အင်္ဂလိပ်စာ သင် တန်းတွေလည်း ထားပေးသွား မယ်။ အင်္ဂလိပ်စကားပြောကိုလည်း အဓိက သင်ပေးသွားဖို့ရှိတယ်။ အင်္ဂလိပ်စာ
အတွက် ILBC က ဆရာမတွေကို ငှားပြီးသင်မယ်။  ပညာရေးပိုင်းအတွက်ကိုတော့  သီးသန့် အစည်းအဝေးတွေထပ် လုပ်သွားဖို့ရှိတယ်။

မြန်မာဘောလုံး အကယ်ဒမီ (ရန် ကုန်)ထပ်တိုးလာတဲ့အတွက် အ ကယ်ဒမီတွေအတွက် သင်တန်းသား ရွေးချယ်မှုနေရာတွေ တိုးချဲ့သွားဖို့ရှိပါသလား။

ကလေးတွေရွေးချယ်ရေးနဲ့ ပတ်သက်ပြီး နည်းစနစ်ဌာနက  တာဝန်ရှိသူတွေနဲ့ အစည်းအဝေး လုပ်တယ်။ အရင်တုန်းက  မြို့ ပေါင်း ၂၆ မြို့နယ်က ကလေးတွေ ကို မေလထဲမှာ သွားရွေးတယ်။  အခြေခံနည်းစနစ်တွေကို
ကြည့်ပြီးရွေးတယ်။ ဒီနှစ်မှာတော့ နှစ်ဆ ပိုပြီးသွားမယ်။ ၅၂ မြို့နယ်ကို သွားမယ်။ နည်းပြအဖွဲ့ လေးဖွဲ့ သွားမယ်။ အကယ်ဒမီနည်းပြတွေ ရော၊ ပြင်ပနည်းစနစ် ကျွမ်းကျင် သူတွေရောသွားမယ်။ မြန်မာပြည် အနှံ့ သူ့ဇုန်အလိုက်
လေးဖွဲ့ခွဲသွား မယ်။ ဘယ်လောက်ထိသွားမလဲ ဆိုရင် တောင်ဘက်ဆိုရင် ကော့ သောင်းထိသွားမယ်။ မြောက် ဘက်ဆိုရင် မြစ်ကြီးနားအထိ ရောက်မယ်။ အရင်က မေလထဲ မှာလုပ်ပေမယ့်၊ အခုတော့မတ်လ တစ်ဝက်
လောက်က စလုပ်မယ်။ လူရွေးပွဲအတွက် ဘတ်ဂျက်အနေ နဲ့ ကျပ်သိန်းသုံးရာလောက်သုံး ဖို့ရှိတယ်။

သင်တန်းသားရွေးချယ်မှုကနှစ်ဆ ဖြစ်သွားတဲ့အတွက် မြို့နယ်တွေ  အထိပဲဖြစ်မလား။ ကျေးရွာတွေ အတွက်ကိုကော ဘယ်လိုစီစဉ် ထားပါလဲ။

အခုရွေးမှာက နှစ်ဆဖြစ် သွားပြီ။ ဒါကြောင့် မြို့နယ်တစ်ခု ကိုသွားရင် မြို့နယ်နဲ့နီးတဲ့ကျေးရွာ တွေကကလေးတွေပါသိအောင် လုပ်သွားမယ်။ ဒါကြောင့် မီဒီယာ အကူအညီလည်းလိုတယ်။ ရုပ်သံ တွေ ကြေညာမယ်။ လူရွေးပွဲကို  ကျယ်ကျယ်ပြန့်ပြန့် လုပ်သွားမယ်။ လက်ရှိ ပုသိမ်အကယ်ဒမီကို ဧရာဝတီအသင်းက လုပ်နေတာကနေ အဖွဲ့ချုပ်ကလွှဲပြောင်းပြီး လုပ်သွားမယ်။ ပုသိမ်အကယ်ဒမီကို ဧရာဝတီ အသင်းလုပ်နေတာ ကနေအဖွဲ့ချုပ်က ပြန်ပြောင်း
ယူမယ်။ပြင်ဆင်ပြီးရင် သင်တန်းသား ထပ်ဖြည့်မယ်။ အခုရွေးမှာကတော့ မန္တလေးအကယ်ဒမီနဲ့ ရန်ကုန်အကယ်ဒမီအတွက်ပဲ ရွေးမယ်။

လူရွေးချယ်ရာမှာ ကစားသမား အရေအတွက်နဲ့ အသက်အရွယ် ကန့်သတ်ထားတာမျိုးရှိပါလား။

ကစားသမား ၆ဝ လောက် ရွေးမယ်။ အသက်ကတော့ (၁၁) နှစ်အောက်တွေကို ရွေးပြီးလေ့ ကျင့်ပေးသွားပါမယ်။ မြန်မာပြည် အထက်ပိုင်းက ကလေးတွေဆိုရင်  မန္တလေးအကယ်ဒမီ သင်တန်း ကျောင်းမှာထားမယ်။
အောက်မြန် ပြည်ဆိုရင် ရန်ကုန်အကယ်ဒမီမှာ ထားမယ်။

အသက် (၁၁)နှစ်ကျော်ပြီးဘောလုံး ကစားတာ တကယ်ကောင်းတဲ့ ကလေးတွေအတွက်ကော အခွင့် အရေးမရှိဘူးလား။

တကယ်ကစားတာ တော်တဲ့ ကလေးတွေဆိုရင်တော့ ဒီလူရွေး ပွဲကို လာသင့်တယ်။ အကယ်ဒမီ  အတွက် အကောင်းဆုံးက(၁၁)နှစ် အရွယ်တွေပဲ။ သူတို့ကို အကုန် သင်ပေးလို့ရတယ်။ နယ်တွေမှာ အသက်မှန်ကန်တယ်။ တကယ် ကောင်းတဲ့ကလေးတွေကို ရွေး မယ်။ ယူ-၁၃ တို့ ယူ-၁၄ အသင်း တို့မှာ တိုက်ရိုက်ထည့်ပြီးလေ့ကျင့် ပေးမယ်။

လူရွေးပွဲမှာ မျှမျှတတရှိအောင် ဘယ်လိုဆောင်ရွက်သွားဖို့ရှိလဲ။

လူရွေးပွဲမှာ အဖွဲ့ချုပ်က မီဒီ ယာတွေလိုက်မယ်။ ဗီဒီယိုမှတ် တမ်းယူမယ်။ ရွေးချယ်ရေး ကော် မတီရှိမယ်။ ရွေးချယ်ရေးကော်မ တီက ပါဝင်သူတိုင်း ဘာကြောင့် ရွေးမယ်၊ ဘာကြောင့် မရွေးဘူးဆိုတာ လက်မှတ်ထိုးထားရမယ်။ ၁၁ နှစ်အောက်ကလေးကို ရွေးရ တာ ထင်သလောက်မလွယ်ဘူး။ ဘယ်ကလေး ပိုကောင်းလဲဆိုတာ  ရွေးရ တော်တော်လေးခက်တယ်။ တချို့ ကလေးမိဘတွေကလည်း တအားဖြစ်ချင်တယ်။ သူတို့ ကလေးမပါရင်
မေးခွန်းတွေ မေးလာလိမ့်မယ်။ အဲဒါကို အတတ် နိုင်ဆုံး လျော့နည်းသွားအောင် လုပ်ဖို့ရှိတယ်။

အကယ်ဒမီသင်တန်းကျောင်းတစ် ကျောင်းအတွက် ငွေကြေး ဘယ် လောက်သုံးစွဲရမလဲ။

 အကယ်ဒမီ သင်တန်းကျောင်းဖြစ်နေတဲ့အတွက် ငွေကြေးသုံးစွဲမှုက တော်တော်လေးမြင့်တယ်။ မန္တလေး အကယ်ဒမီဆိုရင် တစ်နှစ်ကိုသိန်းလေးထောင်နဲ့ ငါးထောင်ကြားမှာရှိတယ်။ အခု ရန်ကုန်အကယ်ဒမီမှာ အစားအသောက်ကအစ စနစ်တကျပြင်ဆင်ကျွေးမယ်။ စားသောက်ပုံမတူညီတဲ့အတွက် ကုန်ကျစရိတ်ကလည်း ပိုတက်လာမယ်။ သိန်း ငါးထောင်လောက်အထိ ဖြစ်သွားနိုင်တယ်။

မြန်မာဘောလုံးအကယ်ဒမီ (ရန် ကုန်)ဖွင့်ပွဲမှာ ဖီဖာဥက္ကဋ္ဌ တက် ရောက်မယ်။ ပြည်တွင်းက ဘယ် သူတွေကို ဖိတ်ထားလဲ။

ပြည်တွင်းက နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် အပါအဝင် ပြည်ထောင်စုဝန်ကြီးတွေကို ဖိတ်ထားတယ်။ သံအမတ်ကြီးတွေ ဖိတ်တဲ့အခါမှာ ဖီဖာဥက္ကဋ္ဌက ဆွစ်ဇာလန်က ဖြစ်တဲ့အတွက် ဆွစ်ဇာလန်သံအမတ်ကြီး တက်ရောက်မယ်။

အခုလက်ရှိမှာ ပုသိမ်နဲ့ မန္တလေး ဘောလုံးအကယ်ဒမီ သင်တန်း ကျောင်းကနေ လက်ရွေးစင်အ ဆင့် ကစားသမား ဘယ်လောက် များထွက်ပေါ်ခဲ့ပါလဲ။

 လက်ရွေးစင်အဆင့်ထိ ရောက်သွားတာ နှစ်ယောက်ရှိ တယ်။ ကျော်မင်းဦးနဲ့ အောင်သူ။ နောက်ပြီးတော့ ယူ-၁၉ ဆိုရင် အရမ်းများတယ်။ အခု ယူ-၁၈ အသင်းဆိုရင် အကယ်ဒမီကျောင်း ကထွက်တဲ့ ကစားသမားတွေ အများစု ပါဝင်တယ်။

နောက်ထပ် ဘောလုံးအကယ်ဒမီ  သင်တန်းကျောင်းတွေ ဆက်လက် ဖွင့်သွားဖို့ရှိပါသလား။

ရှိတယ်။ ဖီဖာပရောဂျက်နဲ့  လုပ်ဆောင်မယ့် လုပ်ငန်းတွေရှိ သေးတယ်။ ဖီဖာက တစ်နှစ်ကို အဖွဲ့ချုပ် လည်ပတ်ဖို့အတွက် ဒေါ်လာငါးသိန်းပေးတယ်။ ဘော လုံးကစားနည်း ဖွံ့ဖြိုးအောင်လုပ် ဖို့အတွက် ဒေါ်လာ ခုနစ်သိန်းခွဲ ဘတ်ဂျက် လျှောက်လို့ရတယ်။ အကယ်ဒမီ ထပ်ဖွင့်ဖို့အတွက်ဆို ရင် ဖီဖာကိုဘောလုံးဖွံ့ဖြိုးဖို့အ တွက် ခုနစ်သိန်းခွဲ ဘတ်ဂျက်ကို လျှောက်ရမယ်။ ပရောဂျက်ပြရ  မယ်။ နောက်ထပ် အကယ်ဒမီ ထပ်ဖွင့်မလား၊ တခြားဘာလုပ်မလဲ
ဆိုတာတွေနဲ့ ပတ်သက်ပြီးဖီဖာကို ထပ်လျှောက်သွားဖို့ရှိတယ်။

ကျေးဇူးတင်ပါတယ်

7Day News Journal

No comments:

Post a Comment