Latest News

Thursday, February 23, 2017

တရားဝင်လက်ထပ်လိုက်ကြတဲ့ အသက် ၂၈ နှစ်အရွယ် သတို့သား နဲ့ ၈၂ နှစ်အရွယ် သတို့သမီး


အချစ်မှာမျက်စီမရှိဘူးဆိုတဲ့အတိုင်း အင်ဒိုနီးရှား နိုင်ငံ စုံတွဲတစ်တွဲ ဟာ အသက်အရွယ် လွန်စွာကွာခြားပေမယ့် တရားဝင်လက်ထပ်ခဲ့ကြပါတယ်။

သတိုသား sodian loho  ဟာ သူရဲ့အဘွားအရွယ်လောက်ရှိသူ အသက် ၈၂ နှစ်အရွယ်ရှိ သတို့သမီး Marrtha bate တို့ ကိုတရားဝင်လက်ထပ်ခဲ့တာပါ၊
သတို့သား ဟာအသက် ၂၈ နှစ်အရွယ်သာရှိပြီး အဘွားအရွယ်လောက်ရှိသူ ကို လက်ထပ်မှုအပေါ် အင်ဒိုနီးရှားနိုင်ငံ ဆူလာဝီစီ ကျွန်းမြောက်ပိုင်းက ဒေသခံတွေအားလုံးအံအားသင့်ခဲ့ကြပါတယ်။
 အဘွားအို ဟာ ဖုန်းမှားဆက်ရာကနေ အသက် ၂၈ နှစ်အရွယ်ရှိ သတို့ သားနဲ့တွေဆုံခဲ့တာဖြစ်ပါတယ်။ နောက်ပိုင်းမှာပုံမှန် ဖုန်းအဆက်သွယ်ရှိနေခဲ့ပြီး အပြင်မှာတွေဆုံချိန်မှာလည်း သတို့သားက အဘွားအိုကို ချစ်ခင်နှစ်သက်မှုဖြစ်ခဲ့တယ်လို့ သိရပါတယ်။

သတို့သားက “ ကျွန်တော်ဆီကို ဖုန်းမှားဆက်ရာနေ တွေဆုံခဲ့တာ၊ ပါ အစပိုင်းမှာသူရဲ့အသက်အရွယ်နဲ့ ရုပ်ရည်ကို မသိခဲ့ဘူး၊ အဘွားအိုရှိတဲ့နေရာကို လာရောက်ချိန်မှာ သိခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ကျွန်တော် ဟာ ချစ်ခင်နှစ်သက် တယ်။ ကျွန်တော်တို့ ဟာ လက်မထပ်ခင် အချိန်အထိ ပုံမှန်တစ်နှစ်လောက် အဆက်အသွယ်တွေရှိခဲ့ပါတယ်။ “လို့ပြောပါတယ်။
ကောင်လေးနဲ့အဘွားအို ဟာ အခု လ ၁၈ ရက်နေ့မှာပဲ ဆူလာဝီစီကျွန်းမြို့လေးမှာတရားဝင်လက်ထပ်ခဲ့တာဖြစ်ပါတယ်။
ref vn
ဇက်အမ်အို(တိုင်းဧရာ)ဘာသာပြန်သည်
....................
ဒီအောက်က မြန်မာပြည်က အလားတူအဖြစ်အပျက်ဖြစ်ပါတယ်။
မြောင်းမြမြို့နယ်ကတကယ် ဖြစ်ရပ်မှန်
ဧရာဝတီတိုင်း မြောင်းမြကပါ။ 6/9/2016 ရက်နေ့မှာ ကညင်ကုန်းကြီးကျေးရွှာမှ မင်္ဂလာပွဲ ကျင်းပပါတယ်။ သတို့ သားက ခေါင် လံကုန်းကြီးကျေးရွှာ မြောင်းမြသား ဆယ်ကျော်သက် ။ သတို့ သမီးကကညင်ကုန်းကျေးရွာ မြောင်းမြသူ အသက် ၅၈နှစ်။ 6/9/2016 ကညင်ကုန်းကျေးရွာမှ မင်္ဂလာပွဲ ပြေ ပြေ လည်လည်ပြီးဆုံးပါတယ်။

No comments:

Post a Comment