Latest News

Tuesday, February 14, 2017

လွှတ်တော်ကိုယ်စားလှယ်များ အရည်အသွေးမြှင့်တင်ရေးဆိုင်ရာကိစ္စ များကို ဒေါ်အောင်ဆန်းစုကြည်နှင့် ဗြိတိန်အမတ် ဆွေးနွေး

လွှတ်တော်ကိုယ်စားလှယ်များ အရည်အသွေးမြှင့်တင်ရေးဆိုင်ရာကိစ္စ

များကို ဒေါ်အောင်ဆန်းစုကြည်နှင့် ဗြိတိန်အမတ် ဆွေးနွေး


မြန်မာနိုင်ငံရှိ လွှတ် တော်ကိုယ်စားလှယ်များကို အရည်အသွေးမြှင့်တင်ရေးဆိုင် ရာကိစ္စရပ်များကို နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင် ဆန်းစုကြည်နှင့် ဗြိတိန်လွှတ် တော်အမတ် Ms. Rushanara Ali တို့ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း  နိုင်ငံခြားရေးဝန်ကြီးဌာန သတင်း ထုတ်ပြန်ချက်အရ သိရသည်။

ဖေဖော်ဝါရီ ၁၄ ရက်က နေပြည်တော်ရှိ နိုင်ငံခြားရေး ဝန်ကြီးဌာနတွင် ဒေါ်အောင်ဆန်း စုကြည်နှင့် ဗြိတိန်လွှတ်တော် အမတ်တို့ တွေ့ဆုံဆွေးနွေးခဲ့ကြ သည်။

အဆိုပါတွေ့ဆုံမှုတွင် မြန် မာ နိုင်ငံ၏ ဒီမိုကရေစီပြုပြင် ပြောင်းလဲမှု၊ လူ့အခွင့်အရေး ကာ ကွယ်မြှင့်တင်ရေး၊ ငြိမ်းချမ်းရေး နှင့် အမျိုးသား ပြန်လည်သင့်မြတ် ရေးအကြောင်း၊ မြန်မာနိုင်ငံရှိ လွှတ်တော်ကိုယ်စားလှယ်များ၏ အရည်အသွေးမြှင့်တင်ရေးဆိုင် ရာ ကိစ္စရပ်များနှင့်ပတ်သက်၍ ပူးပေါင်းဆောင်ရွက်နိုင်မည့် နည်းလမ်းများကို အမြင်ချင်း ဖလှယ်ဆွေးနွေးခဲ့ကြသည်။

လက်ရှိအချိန်တွင် ဗြိတိန် နိုင်ငံ၏ အကူအညီဖြင့် ပြည်သူ့ လွှတ်တော်နှင့် အမျိုးသားလွှတ် တော်တို့ရှိ လွှတ်တော်ကိုယ်စား လှယ်များနှင့် လွှတ်တော်ဝန်ထမ်း များကို အင်္ဂလိပ်စာသင်တန်းများ အပြင် လွှတ်တော်ဝန်ထမ်းများ၏လွှတ်တော်ဆိုင်ရာ လုပ်ငန်းများ နှင့် သက်ဆိုင်သည့် သင်တန်းများ လည်း ပေးနေသည်ဟု ပြည်သူ့ လွှတ်တော် လွှတ်တော်အခွင့် အရေးဆိုင်ရာ ကော်မတီအတွင်း ရေးမှူး ဒေါက်တာလှမိုးက ဆို သည်။

ပြီးခဲ့သည့် ဇန်နဝါရီအတွင်း ပြည်သူ့လွှတ်တော်   ဥက္ကဋ္ဌ ဦးဝင်းမြင့်၏ ဗြိတိန်နိုင်ငံချစ်ကြည် ရေးခရီးစဉ်၌      လွှတ်တော် များအကြား ပူးပေါင်းဆောင်ရွက် မှုများ တိုးမြှင့်နိုင်ရေး နှစ်နိုင်ငံ လွှတ်တော်ဥက္ကဋ္ဌများက ဆွေးနွေးခဲ့ကြသည်။

‘‘အခု ဒီက လွှတ်တော်တွေ ရဲ့ လိုအပ်ချက်တွေကို မေးခွန်း တွေမေးထားတာရှိတယ်။ လိုအပ် တာတွေကို ဗြိတိန်ဘက်က အကူ အညီပေးနိုင်ဖို့’’ဟု ဒေါက်တာ လှမိုးက ပြောသည်။

ဗြိတိန်ခရီးစဉ်အတွင်း ပြည် သူ့လွှတ်တော်ဥက္ကဋ္ဌနှင့် ဗြိတိန် အောက်လွှတ်တော်ဥက္ကဋ္ဌတို့ သည် လွှတ်တော်များ၏ ဖွံ့ဖြိုး ရေးလုပ်ငန်းစဉ်များ၊ လွှတ်တော် ၏ ဥပဒေပြုရေးဆိုင်ရာကိစ္စရပ် များကို တွေ့ဆုံဆွေးနွေးခဲ့ကြ သည်။

7Day News Journal

No comments:

Post a Comment