မြန်မာ နဲ့ဘင်္ဂလာဒေ့ရှ် နှစ်နိုင်ငံနယ်ခြား အရေး
မြန်မာ နဲ့ဘင်္ဂလာဒေ့ရှ် နှစ်နိုင်ငံနယ်ခြားမှာ ဟိုဘက်ဒီဘက်ကူးသန်းနေတဲ့ ရိုဟင်ဂျာ စစ်သွေးကြွတွေကို မြန်မာနိုင်ငံနဲ့ ပူးပေါင်းပြီး တားစီးလျက်ရှိနေပြီး မြန်မာနိုင်ငံဘက်က ထွက်ပြေးလာတဲ့ အကူအညီလိုအပ်နေ သူ အမျိုးသမီးတွေ ကလေးတွေနဲ့ သက်ကြီးရွယ်အိုတွေကို ယာယီနေထိုင်စရာတွေပေးနေတယ်လို့ ဘင်္ဂလာဒေ့ခ်ျအရာရှိတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်း က ဘင်္ဂလာဒေ့ခ်ျဘက်ကို ၀င်လာတဲ့ စစ်သွေးကြွ ၂ဦးကို ဖမ်းစီးပြီး မြန်မာနိုင်ငံကို လွှဲအပ်လိုက်တယ်လို့ ဘင်္ဂလာဒေ့ခ်ျဝန်ကြီးချုပ်ရဲ့ နိုင်ငံရေးအတိုင်ပင်ခံ Imam က ဆိုပါတယ်။
အလားတူပဲ မြန်မာပြည်ဘက်ကထွက်ပြေးလာတဲ့ အကူညီမဲ့နေသူ အမျိုးသမီး၊ ကလေးနဲ့သက်ကြီးရွယ်တွေကို ယာယီနေထိုင်စရာများစီစဉ်ပေးခဲ့ရတဲ့ အတွက် တာဝန်အလွန်ကြီးလေးတာဖြစ်ပြီး မြန်မာနိုင်ငံကသူတို့ကို ပြန်ခေါ်ဘို့ လိုအပ်တယ်လို့ မေးမြန်းခန်းတခုမှာပြောသွားပါတယ်။
လက်ရှိဒုက္ခသည်တွေကိုအခုလို စောင့်ရှောက်နေရတဲ့အခြေအနေမှာ ငွေကြေး ထောက်ပံ့ကူညီမူတွေ လိုအပ်နေတယ်လို့ ဆိုပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ဘင်္ဂလာဒေ့ခ်ျ နိုင်ငံခြားရေး ၀န်ကြီး က အမေရိကန်၊ ဆောဒီအာရေဗျနဲ့ မြန်မာသံတွေနဲ့ တနင်္ဂနွေနေ့က တွေ့ဆုံပြီး အခြေအနေကို ရှင်းလင်းခဲ့တယ်လို့ သိရပါတယ်။
RFA
Subscribe to:
Post Comments (Atom)
No comments:
Post a Comment