လေးရက်အတွင်း မြန်မာလုပ်သား နှစ်ရာကျော်ကို ထိုင်းရဲတပ်ဖွဲ့ဖမ်းဆီး
ထိုင်းနိုင်ငံ ဆူရတ်ဌာနီ မြို့ရှိ ရော်ဘာစက်ရုံတစ်ရုံတွင် အလုပ်လုပ်ကိုင်နေသော မြန်မာ လုပ်သား ၁၆၀ ဦးကို ထိုင်းရဲတပ် ဖွဲ့က ဖေဖော်ဝါရီ ၂ ရက်၌ ၀င်ရောက်ဖမ်းဆီးခဲ့ရာ လေးရက်အတွင်း မြန်မာလုပ်သား စုစုပေါင်း ၂၀၀ ကျော် ဖမ်းဆီးထားကြောင်း သတင်းရရှိသည်။
ဖေဖော်ဝါရီ ၂ ရက်က ဆူ ရတ်ဌာနီမြို့ရှိ ၀န်ဘန်ဒစ်ရော်ဘာ စက်ရုံတွင် အလုပ်လုပ်ကိုင်နေ သော မြန်မာလုပ်သား ၁၆၀ ဦးကို ထိုင်းရဲတပ်ဖွဲ့က ၀င်ရောက်ဖမ်း ဆီးခြင်းဖြစ်ကြောင်း ထိုင်းရောက်မြန်မာလုပ်သားများအရေး ကူညီဆောင်ရွက်နေသော AAC မ ဟာမိတ်အဖွဲ့မှ ဦးရဲမင်းက ပြောသည်။
ဇန်န၀ါရီ ၃၀ ရက်ကလည်း မြန်မာနိုင်ငံသို့ ပတ်စ်ပို့ပြုလုပ်ရန် ပြန်သွားသည့် မြန်မာလုပ်သား ၈၀ ဦးကို ထိုင်းရဲတပ်ဖွဲ့က နခွန် ပထုံခရိုင် နခွန်ပထုံမြို့အရောက် တွင် ဖမ်းဆီးခဲ့သည်။
‘‘ရော်ဘာစက်ရုံက အလုပ်သမားတွေက ရဲတပ်ဖွဲ့အပါအ၀င် အဖွဲ့စုံက ၀င်ဖမ်းတာပေါ့။ မြန်မာလုပ်သားတွေ ၁၆၀ ဖမ်းဆီးခံရတယ်။ ပြီးခဲ့တဲ့အပတ်ကလည်း မြန်မာပြည်ကို ပတ်စ်ပို့ပြန်လုပ်တဲ့အဖွဲ့တွေ အဖမ်းခံရ တယ်။ အဲဒီသူတွေကလည်း ပန်းရောင်ကတ်သမားတွေ နယ်ကျော်ဖြတ်လို့ အဖမ်းခံရတာ’’ဟု ဦးရဲမင်းကပြောသည်။
ထိုင်းနိုင်ငံရောက် ပန်းရောင်ကတ်ကိုင်ဆောင်ထားသော မြန်မာလုပ်သားများအတွက် သက်သေခံလက်မှတ်များ ထုတ်ပေးရန် စီစဉ်နေချိန်၌ ယခုကဲ့သို့ ပန်းရောင်ကတ် ကိုင်ဆောင်သူ များ အဖမ်းခံရခြင်းလည်းဖြစ် သည်။ ထို့အပြင် ရော်ဘာစက်ရုံတွင် အလုပ်လုပ်ကိုင်နေသော မြန်မာလုပ်သား ၁၆၀ ဦးကိုလည်း ထိုင်းတရားရုံးက မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ရန် ဖေဖော်ဝါရီ ၃ ရက်က အမိန့်ချလိုက်ကြောင်း ဦးရဲမင်းကပြောသည်။
ဇန်န၀ါရီ ၃၀ ရက်က ဖမ်း ဆီးခံရသော မြန်မာလုပ်သား ၈၀ ဦးကို မြန်မာပြည်သို့ပြန်ပို့ရန် ထိုင်းတရားရုံးက ဇန်န၀ါရီ ၃၁ ရက်တွင် အမိန့်ချထားသည်။
‘‘အခုထပ်ဖမ်းထားတာ တော့ လူစာရင်း အဲဒီလောက်ကြီး မများပါဘူး။ ပြီးခဲ့တဲ့ရက်က ဖမ်း ဆီးခံရတဲ့သူတွေက ပြန်ပို့ဖို့ အ မိန့်ချထားပါတယ်။ ဒီအပတ်ထဲ မှာ ပြန်ပို့မှာဖြစ်ပါတယ်’’ဟု ထိုင်း နိုင်ငံဆိုင်ရာ မြန်မာသံရုံးမှ အလုပ်သမားသံအရာရှိ ဦးမိုးအောင်ခိုင် က ပြောသည်။
ပြန်ပို့ခံရသည့် မြန်မာလုပ် သား ၈၀ ဦးကို ဖေဖော်ဝါရီ ၃ ရက်က ဘန်ကောက်မြို့သို့ ပြောင်းရွှေ့ထားပြီး ဘန်ကောက်မှတစ်ဆင့် နယ်စပ်သို့ ပြန်လည်ပို့ဆောင်မည်ဖြစ်ကြောင်း ၎င်းကဆက်ပြောသည်။
7 day
Subscribe to:
Post Comments (Atom)
No comments:
Post a Comment