Latest News

Friday, February 10, 2017

ဓားဒဏ်ရာ ၁၉ချက်နဲ့  အသတ်ခံရတဲ့အမျိုးသမီး မုဒိမ်းကျင့်ခံရတဲ့ လက္ခဏာမတွေ့ ရဘူးလို့ ဆို

ဓားဒဏ်ရာ ၁၉ချက်နဲ့  အသတ်ခံရတဲ့အမျိုးသမီး မုဒိမ်းကျင့်ခံရတဲ့

လက္ခဏာမတွေ့ ရဘူးလို့ဆို

မြစ်​ကြီးနားမြို့ကြက်​​ပေါင်​ခြံရပ်​ကွက်​မှာ​နေထိုင်​တဲ့သူနာပြုတက္ကသိုလ်ဆင်းအမျိုးသမီးဟာ ​နေအိမ်​မှာဓားဒဏ်​ရာ၁၉ချက်​နဲ့အသတ်​ခံထားရတယ်​လို့မြစ်​ကြီးနားမြို့မရဲစခန်းကသိရပါတယ်​။

အဆိုပါဖြစ်ရပ်ဟာ ဖေဖော်ဝါရီ ၉ရက်​​နေ့ညနေ၅နာရီ အချိန်​က​ဖြစ်​ပွားခဲ့တာဖြစ်​ပြီး​ဆေးရုံမှာ​ဆေးစစ်​ချက်​ယူရာမှာအဓမ္မကျင့်​ခံထားရတဲ့လက္ခဏာ မ​တွေ့ရဘူးလို့မြစ်ကြီးနားမြို့ အမှတ်​၂ရဲစခန်းကဒုရဲအုပ်​က​ပြောပါတယ်​။

သူကိုဓားနဲ့ခုတ်​တဲ့ဒဏ်​ရာမဟုတ်​ဘူးထိုးသွင်းတဲ့ဒဏ်​ရာ​တွေပါ။နို့အုံ​နေရာနဲ့​နေရာအနှံ့ထိုးသွင်းဒဏ်​ရာ​တွေ​တွေ့ရတယ်​အုပ်​စုဖွဲ့မုဒိမ်းကျင့်​တာလုံးဝမဟုတ်​ပါဘူး။လို့​သူကပြောပါတယ်​။
သေဆုံးသူဟာ အသက်၂၄နှစ်အရွယ်အမျိုးသမီးဖြစ်ပြီးဗန်းမော်မြို့ ဇာတိဖြစ်တယ်လို့ သိရပါတယ်။

လော​လောဆယ်​လူသတ်​မှုပုဒ်မ​၃၀၂နဲ့အမှုဖွင့်​ထားပြီး ကျုးလွန်​သူ​ကိုဖမ်းမိဖို့စစ်​​ဆေး​နေတယ်​လို့ဆိုပါတယ်။

အေးအေးအောင် ( ကုမုဒြာ )


No comments:

Post a Comment