Latest News

Friday, February 3, 2017

အုပ်စုဖွဲ့ ခိုက်ရန်ဖြစ်ပွားမှုကြောင့် ၁ ဦးသေ၊ ၇ ဦး ဒဏ်ရာပြင်းထန်ရ

အုပ်စုဖွဲ့ ခိုက်ရန်ဖြစ်ပွားမှုကြောင့် ၁ ဦးသေ၊ ၇ ဦး ဒဏ်ရာပြင်းထန်ရ

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့ ရုံးတက်လမ်း မီးသတ်ဦးစီးဌာနအနီး တောပ့်စားသောက်ဆိုင် ရှေ့မှာ ခိုက်ရန်ဖြစ်ပွားတဲ့အတွက် တဦးသေဆုံးပြီး ၇ ဦး ဒဏ်ရာပြင်းထန် ရရှိသွားပါတယ်။

ဖေဖော်ဝါရီ ၂ ရက်နေ့ ည ၈ နာရီအချိန်ခန့်က ရွှေမြန်မာ ထီဖြန့်ချိရောင်းဝယ်ရေးအဖွဲ့တွေ စီးနင်းလာတဲ့ကားနဲ့ ဒေသခံလူငယ်တဦး မောင်းနှင်လာတဲ့ ဆိုင်ကယ်ကို ဝင်ရောက်တိုက်မိခဲ့ရာမှာ တဖက်နဲ့တဖက် ခိုက်ရန်ဖြစ်ပွားခဲ့တာလို့ ကျောက်ဖြူရဲစခန်းက ပြောပါတယ်။

“မနေ့ ၈ နာရီလောက် ဖြစ်ကြတာပါ။ ထီလာရောင်းတဲ့အဖွဲ့က ၁၁ ဦး ပါတယ်။ သူတို့ကားက ဒေသခံလူငယ်တဦး ဆိုင်ကယ်စီးလာတာကို မတော်တဆတိုက်မိတယ်။ အဲဒီမှာ တဖက်နဲ့တဖက် ခိုက်ရန်ဖြစ်ပွားပြီးတော့ ၇ ဦး ဒဏ်ရာပြင်းပြင်းထန်ထန် ရရှိသွားပါတယ်။ တဦးကတော့ ထိုးချက် ဒဏ်ရာကြောင့် သေဆုံးသွားပါတယ်” လို့ ကျောက်ဖြူမြို့မရဲစခန်း တာဝန်ကျရဲတဦးက ပြောပါတယ်။

“အခုလို တဖက်နဲ့တဖက်ခိုက်ရန်ဖြစ်ပွားမှုတွေကြောင့် ရွှေမြန်မာထီရောင်းလာတဲ့အဖွဲ့က ၅ ဦးနဲ့ ဒေသခံလူငယ် ၂ ဦး ပြင်းထန်ဒဏ်ရရှိသွားပြီး ကျောက်ဖြူပြည်သူ့ဆေးရုံမှာ အတွင်းလူနာအဖြစ် ဆေးကုသမှုခံယူနေတယ်” လို့ ရဲစခန်းက ပြောပါတယ်။

ခိုက်ရန်ဖြစ်ပွားမှုကြောင့် ရွှေမြန်မာထီရောင်းအဖွဲ့မှာ မောင်ချစ်ထွန်း (အသက် ၁၆-နှစ်)မှာ လည်ပင်းထိုးသွင်း ဒဏ်ရာတချက်နဲ့ သေဆုံးခဲ့ပြီး အဲဒီအမှုနဲ့ပတ်သက်လို့ ကျောက်ဖြူမြို့မရဲစခန်းက (ပ)၁၅၈/၁၇၊ ရာဇသတ်ကြီး ပုဒ်မ ၂၀၂/၃၂၆/၃၂၅/၁၄၄အရ အမှုဖွင့်ဆောင်ရွက်လျက် ရှိတယ်လို့ သိရပါတယ်။

သတင်း - ဝဏ္ဏခွာညို၊ ဓာတ်ပုံ - စိုးမိုးကျော် (DVB)

No comments:

Post a Comment