Latest News

Thursday, February 2, 2017

ကြားဖြတ်ရွေးကောက်ပွဲတွင် အန်အယ်လ်ဒီပါတီပဲ သေချာပေါက် အနိုင်ရမည်ဟု ဦးဝင်းထိန်ပြော

ကြားဖြတ်ရွေးကောက်ပွဲတွင် အန်အယ်လ်ဒီပါတီပဲ သေချာပေါက် အနိုင်ရမည်ဟု ဦးဝင်းထိန်ပြော

ဦးကိုနီသေဆုံးမှုနဲ့ပတ်သက်လို့ ရဲတပ်ဖွဲ့ရဲ့ စစ်ဆေးနေတဲ့ အခြေနေနဲ့ပတ်သက်ပြီး မသိရှိသေးပေမယ့် ဒီဖြစ်စဉ်ကြောင့် ၂၀၁၇ ကြားဖြတ်ရွးကောက်ပွဲမှာလည်း အန်အယ်လ်ဒီပါတီပဲ သေချာပေါက် အနိုင်ရမယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ)ပါတီ အတွင်းရေးမှူး အဖွဲ့ဝင် ဦးဝင်းထိန်က ပြောပါတယ်။

“ရဲတပ်ဖွဲ့အစီရင်ခံစာက နိုင်ငံတော်အတိုင်ပင်ခံကိုတော့ တင်ပြထားမှာပေါ့။ ကိုယ်တော့ မသိဘူး။ သိလည်းမပြောနိုင်ဘူး။ သေချာတာ တခုတော့ ရှိတယ်။ ဒီဖြစ်စဉ်ကြောင့် ကြားဖြတ် ရွေးကောက်ပွဲမှာ အန်အယ်လ်ဒီ သေချာပေါက်နိုင်မယ်”လို့ အန်အယ်လ်ဒီပါတီ အတွင်းရေးမှူးအဖွဲ့ဝင် ဦးဝင်းထိန်က ပြောပါတယ်။

ဒါ့ပြင် လုပ်ကြံခံရတဲ့ အန်အယ်လ်ဒီပါတီရဲ့ ဥပဒေအထောက်ကူပြုအဖွဲ့ဝင် တရားလွှတ်တော် ရှေ့နေ ဦးကိုနီရဲ့ မိသားစုကိုတော့ အန်အယ်လ်ဒီပါတီအနေနဲ့ လစဉ်ထောက်ပံ့ကြေးပေးသွားဖို့ စီစဉ်နေတယ်လို့လည်း ပြောပါတယ်။


DVB

No comments:

Post a Comment