Latest News

Tuesday, February 21, 2017

ဆိပ်ကမ်းတွင် စုပုံနေသော ပြည်ပမှ တင်သွင်းလာသည့် ကားများကို အပိုဝန်ဆောင်ခ ကောက်ခံမည်

ဆိပ်ကမ်းတွင် စုပုံနေသော ပြည်ပမှ တင်သွင်းလာသည့် ကားများကို အပိုဝန်ဆောင်ခ ကောက်ခံမည်


ဆိပ်ကမ်းတွင် သိုလှောင် ထားသော ကားများအနေဖြင့် ၀န် ဆောင်ခအခွန်အမျိုးအစားသစ် ကို ယခုပထမပတ်က စတင် ကောက်ခံနေပြီဖြစ်ကြောင်း မြန် မာ့ဆိပ်ကမ်းအာဏာပိုင်မှ သ တင်းရရှိသည်။

ပြည်ပမှ တင်သွင်းလာသော ကားများ  ဆိပ်ကမ်းတွင်စုပုံနေ သောကြောင့် ၀န်ဆောင်ခအနေ ဖြင့် ထပ်ဆောင်းကောက်ခံနေခြင်းဖြစ်သည်။

အဆိုပါကောက်ခံခြင်းကို မူလက ဧပြီမှသာစတင်ရန် ရည်ရွယ်ထားသော်လည်း ဖေဖော်ဝါရီ ၂ရက်က စတင်ကောက်ခံနေခြင်းဖြစ်သည်။ ဆိပ်ကမ်းတွင် ကားများတင်သွင်းလာသူများက လာရောက် ထုတ်ယူသူနည်းပါးလာပြီး ကား အရေအတွက် များပြားနေခြင်း ကြောင့် ယခုကဲ့သို့ ကောက်ခံရန် စီစဉ်ရခြင်းဖြစ်သည်။

သွင်းကုန်ကြေး၊ တံတားအ သုံးပြုခ၊ ကုန်သိုလှောင်ခ၊ ယန္တရား အသုံးပြုခကို ထည့်ပေါင်းပြီး ကုန် သွယ်လုပ်ငန်းခွန်တွင် ကောက်ခံ မည်ဖြစ်ကြောင်းသိရသည်။

ဆိပ်ကမ်းအသုံးပြုသူများကို ကုန်သွယ်လုပ်ငန်းခွန်အဖြစ်ထည့် ပေါင်းကောက်ခံခွန် ၅ရာခိုင်နှုန်း ကောက်ခံနေသည်။

ဆိပ်ကမ်း  အသုံးပြုသူ ကုန်ပိုင်ရှင်များကို အဓိကထား ကောက်ခံနေခြင်းကြောင့် ကုန်ကျ စရိတ်ပိုင်းတွင် ပိုမိုလာနိုင်ကြောင်း မော်တော်ယာဉ်တင် သွင်းရောင်းချသူများကဆိုသည်။ အဆိုပါအခွန်ကို လက်ရှိတွင် ၂၀၁၆ နှစ်ကုန်က မူဝါဒအ ဟောင်းဖြင့် မော်တော်ယာဉ်တင်သွင်းလာသူများက  ပေးဆောင်နေရသည်။

ဆိပ်ကမ်းတွင် လစဉ် အရေအတွက်အမြောက်အမြားတင်သွင်းလာသည့် မော်တော်ယာဉ်များမှာ ပမာဏအလွန်များပြားလာသောကြောင့် ၀န်ဆောင်မှုအပိုင်းတွင် အချိန်မီမကိုင်တွယ်နိုင်သည့် ပြဿနာများကြုံတွေ့နေရသည်။

ထို့ကြောင့် တင်သွင်းလာ သည့် ကုန်စည်များကိုအမြန်ဆုံး လာရောက်ထုတ်ယူရန် ရက်လွန် ဒဏ်ကြေးများတိုးမြှင့်ကာ အခွန် များတိုးကောက်ရန် မြန်မာ့ဆိပ် ကမ်းအာဏာပိုင်က ရည်ရွယ် ထားသည်။

မြန်မာ့ဆိပ်ကမ်းအာဏာပိုင် က ၂၀၁၆တွင် တင်သွင်းလာပြီးတစ်နှစ်ကျော်သည်အထိ လာရောက်ထုတ်ယူခြင်းမရှိသည့် ကားအစီးရေ ၄၀၀ကျော်ကို လေလံ တင်ရန် စီစဉ်နေသည်။



7Day News Journal


No comments:

Post a Comment