Latest News

Saturday, February 11, 2017

ပင်လုံက ပြည်ထောင်စုနေ့အခမ်းအနားအတွက် လုံခြုံရေးအင်အား ၄၀၀ ချထား

ပင်လုံက ပြည်ထောင်စုနေ့အခမ်းအနားအတွက် လုံခြုံရေးအင်အား ၄၀၀ ချထား

ရှမ်းပြည်နယ်တောင်ပိုင်း လွိုင်လင်ခရိုင် ပင်လုံမြို့က ပင်လုံကျောက်တိုင်ကွင်းမှာ မနက်ဖြန် ကျင်းပမယ့် နှစ် (၇၀) ပြည့် ပြည်ထောင်စုနေ့ အခမ်းအနားအတွက် ရဲတပ်ဖွဲ့ဝင်အင်အား ၄၀၀ နဲ့ လုံခြုံရေးဆောင်ရွက်သွားမယ်လို့ လွိုင်လင်ခရိုင် ယာယီရဲတပ်ဖွဲ့မှူး ရဲမှူးခင်အောင် က ပြောပါတယ်။

စစ်တပ်၊ နယ်မြေခံရဲတပ်ဖွဲ့၊ အထူးတပ်ဖွဲ့နဲ့ အုပ်ချုပ်ရေးပိုင်းဆိုင်ရာတပ်ဖွဲ့တွေ ပူးပေါင်းပါဝင်ထားတယ်လို့ လွိုင်လင်ခရိုင် ယာယီရဲတပ်ဖွဲ့မှူး ရဲမှူးခင်အောင် က ပြောပါတယ်။

မနက်ဖြန် ကျင်းပမယ့် ပြည်ထောင်စုနေ့အခမ်းအနားကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မိန့်ခွန်းပြောကြားမှာ ဖြစ်သလို တိုင်းရင်းသားတွေနဲ့ ငြိမ်းချမ်းရေးစကားဝိုင်းဆွေးနွေးမှု အစီအစဉ်လည်း ပါဝင်မှာဖြစ်ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ အစိုးရတာဝန်လွှဲပြောင်းရယူပြီးနောက် ပထမဆုံးကျင်းပတဲ့ ပင်လုံမြို့က ပြည်ထောင်စုနေ့ အခမ်းအနားကို လူမျိုးစုအသီးသီးက တိုင်းရင်းသားခေါင်းဆောင်တွေကို ဖိတ်ကြားထားတယ်လို့ သိရပါတယ်။

ဒါ့အပြင် အာဇာနည်ခေါင်းဆောင်ကြီးတွေရဲ့ မိသားစုဝင်တွေလည်း တက်ရောက်မှာဖြစ်ပြီး အခမ်းအနားကိုလည်း အရင်နှစ်တွေနဲ့မတူဘဲ ပြင်ဆင်ထားတာဖြစ်ပါတယ်။

အခမ်းအနားကို အရှေ့ အလယ်ပိုင်း တိုင်းစစ်ဌာနချုပ် ဗိုလ်ချုပ် သန်းလှိုင် တက်ရောက်မယ်လို့လည်း သိရပါတယ်။

Sources & Photo: Nay Thwae , Htet Arkar/RFA

No comments:

Post a Comment