Latest News

Tuesday, February 7, 2017

ဒေါ်အောင်ဆန်းစုကြည်ကို ဆက်ခံသူဖြစ်နိုင်တဲ့ ရန်ကုန်နိုင်ငံရေးသမား

ဒေါ်အောင်ဆန်းစုကြည်ကို ဆက်ခံသူဖြစ်နိုင်တဲ့ ရန်ကုန်နိုင်ငံရေးသမား


ဂျပန်နိုင်ငံထုတ် Nikki Asian Review မှာရေးသားထားတဲ့ ဆောင်းပါးကို ဆောင်းပါးရှင်အာဘော်မပျက်  VOA သတင်းဌာန၏ ဘာသာပြန်ထုတ်လွှင့်မှုကို ပြန်လည်ရေးသားဖော်ပြခြင်းဖြစ်ပါတယ်။


ဒေါ်အောင်ဆန်းစုကြည်ကိုဆက်ခံသူဖြစ်နိုင်တဲ့ ရန်ကုန်နိုင်ငံရေးသမားဆိုတဲ့ခေါင်းစဉ်နဲ့ Nikki  Asian Review မှာ Motokasu Matsui ကရေးသားထားတာကိုတင်ပြလိုပါတယ်။

ရန်ကုန်တိုင်းဝန်ကြီးချုပ်ဖြိုးမင်းသိန်းဟာ ရန်ကုန်မြို့ရဲ့ပြဿနာတွေကို ကိုင်တွယ်တဲ့အတွက်
နာမည်ကောင်းထွက်လာပြီး ဒေါ်အောင်ဆန်းစုကြည်ကို ဆက်ခံနိုင်ခွင့်ရှိတဲ့သူအဖြစ်ရှိနေပါတယ်။

ရန်ကုန်မှာကားကြပ်တဲ့ကိစ္စအပါအဝင် တခြားပြဿနာတွေကို အားကျိုးမာန်တက် ဖြေရှင်းခဲ့တဲ့အတွက် သူ့လက်ထက်မှာပြည်ပစီးပွားရေးလုပ်ငန်းတွေဝင်ရောက်လုပ်ကိုင်ဖို့အခြေအနေကောင်းဖြစ်စေခဲ့ပါတယ်။

သူဟာယာဉ်အသွားအလာအပြင် ဦးသိမ်းစိန်လက်ထက်က ခွင့်ပြုခဲ့တဲ့ အဆင့်မြင့်အဆောက်အဦးတည်ဆောက်ရေး ကိစ္စတွေကို တရားဥပဒေနဲ့အညီစိစစ်တယ်။

လမ်းဘေးဈေးသည်လို ကိစ္စမျိုးတွေကိုလည်း သူဖြေရှင်းပေးခဲ့ပါတယ်။

(၈၈)အရေးခင်းတုန်းက တက္ကသိုလ်ကျောင်းသားတစ်ဦးအနေနဲ့ နိုင်ငံရေးထဲပါဝင်လာတဲ့ ဖြိုးမင်းသိန်းဟာ ၂၀၁၂ ရွေးကောက်ပွဲမှာ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အဖြစ်ရွေးကောက်ခံရပြီး အခုရာထူးကို ခန့်အပ်ခြင်းခံခဲ့ရတာပါ။

သူ့ကိုဒီလိုရွေးချယ်ရတာဟာ သူ့ရဲ့ အကျဉ်းကျ ကာလ (၁၅)နှစ်အတွင်းစိတ်ဓာတ်ခိုင်မာစွာ ဒီမိုကရေစီအတွက်ရင်းနှီးမြုပ်နှံမှု

ထက်မြတ်ပြီးသူ့ရဲ့သဘောထားကို အများနဲ့မတူဒေါ်အောင်ဆန်းစုကြည်ကိုတင်ပြရဲမှုတို့ကြောင့် ဖြစ်တယ်လို့ သူနဲ့နီးစပ်တဲ့ NLD အဖွဲ့ဝင်တစ်ဦးကဆိုပါတယ်။

ဖြိုးမင်းသိန်းဟာ ရန်ကုန်အခြေခံ အဆောက်အဦတည်ဆောက်မှုတစ်ရပ်ကို ဂျာကာအကူအညီနဲ့ ၂၀၄၀ ပြည့်နှစ်ထိ ချမှတ်ထားပါတယ်။ဒီ့အတွက် ဝန်ကြီးချုပ် ဖြိုးမင်းသိန်းရဲ့ တောင်းဆိုချက်တွေဟာ ကျယ်ကျယ်ပြန့်ပြန့်နဲ့အသေးစိတ်ရှိတယ်။ထူးခြားတယ်လို့ဂျပန်သံတမန်တွေက မှတ်ချက်ချပါတယ်။

ဒါပေမဲ့ ဖြိုးမင်းသိန်းဟာမီဒီယာနဲ့တော့ နည်းနည်းပြဿနာရှိပါတယ်။

Eleven media ရဲ့စွပ်စွဲရေးသားမှုတစ်ခုကို အဲ့ဒီဘက်ကပြန်လည်ရုတ်သိမ်းသွားခဲ့ပေမယ့် သူတို့အပေါ်တရားစွဲဆိုမှုကို ဝန်ကြီးချုပ်ဖြိုးမင်းသိန်းကပြန်လည်ရုတ်သိမ်းမှုမရှိခဲ့ပါဘူး။

ပြီးခဲ့တဲ့ အောက်တိုဘာလမှာတော့ ဖြိုးမင်းသိန်းဟာ NLD ပါတီရဲ့ ဗဟိုအလုပ်အမှုဆောင် ကော်မတီ CEC အဖြစ်အရွေးခံခဲ့ရပါတယ်။

CEC (၁၂) ဦးအနက်သူဟာအသက်အငယ်ဆုံးဖြစ်ပါတယ်။ရန်ကုန်ဒေသတွင်းသူ့ရဲ့ လုပ်ဆောင်ချက်တွေကြောင့် ဒေါ်အောင်ဆန်းစုကြည်က ဒီရာထူးကိုတိုးမြင့်ပေးလိုက်တာဖြစ်တယ်လို့ အများကသုံးသပ်နေကြပါတယ်။

သူဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ညွှန်ကြားချက်အရ ဂျပန် တရုတ် စင်င်္ကာပူ စတဲ့ နိုင်ငံတွေကိုလည်း ခရီးထွက်ခဲ့ပြီး နိုင်ငံတကာကလည်း သူ့ကိုဒေါ်အောင်ဆန်းစုကြည်ဆက်ခံသူအနေဖြင့် စတင်ယူဆနေကြပြီ ဖြစ်တယ်လို့ရေးသားထားပါတယ်။

Saw Phoe Khwar

No comments:

Post a Comment