Latest News

Saturday, February 18, 2017

ဟစ်တလာ အသုံးပြုခဲ့သည့်ဖုန်းကို လေလံတင်ရန် စီစဉ်

ဟစ်တလာ အသုံးပြုခဲ့သည့်ဖုန်းကို လေလံတင်ရန် စီစဉ်



ဒုတိယ ကမ္ဘာစစ်ကာလအတွင်း နာဇီဂျာမနီခေါင်းဆောင် အဒေါ့ဖ်ဟစ်တလာ အသုံးပြုခဲ့သည့် တယ်လီဖုန်းဟောင်း တစ်လုံးကို အမေရိကန်တွင် လေလံတင် ရောင်းချသွားမည်ဟု သိရသည်။

ယခုသီတင်းပတ်အတွင်း လေလံတင်မည့် အနီရောင် ဖုန်းအဟောင်းတွင် ဟစ်တလာ၏ အမည်ကို ရေးထွင်းထားပြီး ၁၉၄၅ ခုနှစ်က ဘာလင်ရှိ ဗုံးခို ဘန်ကာထဲတွင် ရှာတွေ့ခဲ့ခြင်း ဖြစ်သည်။ ထိုဖုန်းမှတဆင့် ဟစ်တလာသည် စစ်ရေးနှင့် မူဝါဒရေးရာ စီမံကွပ်ကဲမှု အများအပြားကို ပြုလုပ်နိုင်ခဲ့သည်။

ဒုတိယ ကမ္ဘာစစ်တွင် ဂျာမနီ လက်နက်ချပြီး မကြာမီတွင်ပင် ဆိုဗီယက် စစ်သားများက ဗြိတိန် ဗိုလ်မှူးချုပ် ဆာရပ်ဖ်ရေနာကို ယခုဖုန်းအား အောင်ပွဲ အမှတ်တရ လက်ဆောင်အဖြစ် ပေးအပ်ခဲ့သည်။

Alexander သမိုင်းဝင်ပစ္စည်း လေလံဌာနက မေရီလန်းတွင် ပြုလုပ်မည့် လေလံပွဲ၌ အဆိုပါ ဖုန်းကို ကြမ်းခင်းဈေး ဒေါ်လာ တစ်သိန်းဖြင့် ဈေးဖွင့်မည်ဟု ကြေညာသည်။ လေလံဌာန တာဝန်ခံ ဘီလ် ပါနာဂိုပူးလော့စ်က ယင်းဖုန်းသည် ဖျက်အားပြင်း လက်နက်တစ်ခုသဖွယ် သက်ရောက်မှု ကြီးမားခဲ့သည့် ပစ္စည်းတစ်ခုဟု ညွှန်းဆိုထားသည်။

ယင်းဖုန်းကို ရေနာ၏ သားဖြစ်သူက Alexander လေလံဌာနသို့ ရောင်းချခဲ့ခြင်း ဖြစ်သည်။ လေလံပွဲတွင် ဟစ်တလာ၏ဖုန်းကို အမြင့်ဆုံးဈေး ဒေါ်လာ သုံးသိန်းမျှထိ ရရှိမည်ဟု ခန့်မှန်းထားကြောင်းလည်း သိရသည်။

Ref: Toronto Sun



7Day News Journal


No comments:

Post a Comment