Latest News

Saturday, February 25, 2017

လပေါင်းသုံးဆယ်ကျော် အခန်းတွင်းပိတ်လှောင်ခံရသော မသီရိအောင်တင်၏မိခင် ဒေါ်သန်းသန်းဝင်းနှင့်တွေ့ဆုံခြင်း

လပေါင်းသုံးဆယ်ကျော် အခန်းတွင်းပိတ်လှောင်ခံရသော မသီရိအောင်တင်၏မိခင် ဒေါ်သန်းသန်းဝင်းနှင့်တွေ့ဆုံခြင်း

‘‘ကလေးက မတ်တတ်မရပ်နိုင်ဘူး။ ဆေးရုံတန်းသွားရတယ်။ မထိုင်နိုင်ဘူး။ နေရောင်မကြည့်နိုင်ဘူး။ တကယ်ဖြစ်ခဲ့တာ’’

Byဖိုးတုတ်ခင်မို့မို့လွင်On  Sat, 2017-02-25 11:07Issue No.No.1375 Saturday, February 25, 2017

ဘယ်ရဲစခန်းမှာ ဖွင့်တာလဲ။

၂၀၁၄ ဇွန်လ ၅ ရက်မှာ ပျောက်သွားတယ်။ ကျွန်မတို့က စက်မှု(၁)မှာ ထမင်းရောင်းတယ်။ ၅ နာရီထိုးတော့ ဆိုင်သိမ်းလာတယ်။ ပြန်လာတော့ အိမ်မှာမရှိဘူး။ ၇ နာရီ၊ ၈ နာရီအထိ ဖုန်းဆက်တယ်။ မရလည်း မရရော ရဲစခန်းကို သွားပြီးတော့ ကျွန်မသမီးပျောက်နေကြောင်းကို တိုင်ကြားတယ်။ တိုင်လည်းတိုင်ရော သူတို့က မနက်ဖြန်ကျမှ ပြန်လာဦးမလား၊ စောင့်ကြည့်ဦးလို့ ပြောလိုက်တယ်။ မိုးလင်းတော့ ၂၀၁၄ ဇွန်လ ၆ ရက်မှာ ကျွန်မသမီး ဓာတ်ပုံယူတယ်။  သမီးပျောက်aကြာင်းကို သွားတိုင်တယ်။ ဗဟန်းရဲစခန်းမှာ အမှုဖွင့်တာ။

ဘာတွေ ဆက်လုပ်ဖြစ်လဲ။

အမှုဖွင့်တဲ့နေ့မှာ နောက်တစ်နေ့မှာ ပြန်လာဖို့ ပြောတယ် လေ။ နောက်တစ်နေ့ ၂၀၁၄ ဇွန်လ ၈ ရက်မှာ ဆက်သွယ်ရေးက ဖုန်းနံပါတ်တွေ ထုတ်ခဲ့တယ်။ အဲဒီမှာ ကျွန်မသမီးနဲ့ ဖုန်းစိမ်းတစ်လုံး ပြောထားတာ တောက် လျှောက်ဖြစ်နေတယ်။ အမှုကိုင် ဦးတင်လှိုင်က လိပ်စာကို ပေးပါတယ်။ သူမအားတာနဲ့ ပန်းလှိုင်အိမ်ရာကွင်းကို သွားပါတယ်။ အဲဒီအခန်းကို တံခါးခေါက်လိုက်တဲ့အခါကျတော့ အစ်မတို့ကို အထဲကိုပေးမဝင်ဘူး။ အဲဒီနားမှာပဲ ရပ် နေခဲ့ရတယ်။ ရပ်နေရင်းနဲ့ ဘာကိစ္စလဲဆိုတော့ အဲဒါနဲ့ ကျွန်မ ပြောပြတယ်။ ကျွန်မသမီး ဒီအိမ်က ကောင်လေးနဲ့ လိုက်သွားတယ်။ သူ့မိဘတွေက တရုတ်လို ပြောပြီးတော့ ဖုန်းတွေဆက်တယ်။ပြီးတော့ စခန်းကရှင်းမယ်လို့ ကျွန်မကိုပြောပြီး တံခါးကို ဝုန်းခနဲပိတ်လိုက်တော့ ကျွန်မ ပြန်ခဲ့ရတယ်။ ပြန်ခဲ့တဲ့အချိန်မှာ ရဲစခန်းကို လှမ်းပြီးတော့ အကြောင်းကြားတယ်။ ရဲက သူတို့ကို ကျွန်မနဲ့ဆုံ ပြီးတော့ မမေးဘူး။ ကျွန်မက အဲဒီအကြောင်းမေးရင် သူတို့မေးပြီးသွားပြီ။ ကောင်မလေးကို မခေါ်ထားဘူးလို့ ပြောတယ်။ ကျွန်မက ကျွန်မသမီးနဲ့ နှစ်ယောက်တွဲ ဓာတ်ပုံတွေ ချပြတယ်။ နှစ် ယောက်တွဲဓာတ်ပုံတွေ ချပြတဲ့ အချိန်မှာလည်း မေးခြင်းမရှိဘူး။ ကျွန်မတစ်ယောက်တည်းပဲ လိုက်ရှာနေတယ်။ အသိတစ်ယောက်က လှည်းတန်းမှာ တွေ့လိုက်တယ်လို့ပြောတော့ လှည်းတန်းကို လိုက်ရှာတယ်။ လှည်းတန်း ရဲစခန်းကိုတိုင်တော့ လူပျောက်ကြော်ငြာတာ သူတို့မှာ မရှိသေးဘူး။ Report ထားပေးပါဆိုလို့ ဗဟန်းရဲစခန်းကို ပြန်သွားရတယ်။ ဆရာတင်လှိုင်ကပဲ စာရွက်တွေ ဖြန့်ပြီး လိုက်ရှာနေတဲ့ပုံမျိုး ထပ်လုပ်ပြန်ရော။ ဓာတ်ပုံတွေ တစ်ခါ ထပ်ပေးရတယ်။ နောက်တစ်နေ့ကျ အဆောင်တိုင်းကို လိုက်ရှာတဲ့အချိန်မှာ သူတို့က ပြောင်းပြေးသွားပြီ။ မမိလိုက်ဘူး။ ကားတစ်စီးနဲ့ အဆောင်တိုင်းကို လိုက်ရှာတယ်။ ဒါပေမဲ့ ကျွန်မသမီးကို မတွေ့လိုက်ရဘူး။ သတင်းစာထဲ မှာလည်း လူပျောက်ကြော်ငြာကို ထည့်ထားတယ်။

ကျွန်မပြောတယ်။ ဆရာ သူပဲ (ကောင်လေး)ဖြစ်မယ်၊ သူ့ကိုပဲခေါ်ပေးဆိုတော့ ကျွန်မတို့ချင်းက မတွေ့ရဘူး။ အဲဒီတော့ကောင် လေးဖုန်းကိုကျွန်မက ဆက်တယ်။ သမီး​ပျောက်​ပြီး ၁၅ ရက်​​လောက်​ကြာတဲ့အခါမှာ အဲဒီ ကောင်​​လေးကို နင်​မဟုတ်​ဘူးဆိုရင်​ လာ​တွေ့ဆိုပြီး ရန်​ကင်းစင်​တာမှာ ချိန်းလိုက်​တယ်​။ သူက အန်​တီ့သမီးက လာခိုးခိုင်းတယ်​။ ကျွန်တော်​ မခိုးခဲ့ဘူး။ ကျွန်​​တော့်​ကို အန်​တီ့သမီးယူခိုင်းဖို့ အိပ်​မက်​မမက်ပါနဲ့ဆိုပြီး ​ပြောတယ်​။ အန်​တီတို့က သတင်းစာထဲ ​ကြော်ငြာတော့မှာ​နော်​လို့ ​ပြော​တော့  ​ကြော်​ ငြာထည့်​ဖို့ ဆိုပြီး ပိုက်​ဆံနှစ်သောင်းပစ်​​ပေးပြီး လှည့်​ပြန်​သွားတာ ​နောက်​ကလိုက်​လို့​တောင်​ မမီဘူး။

သမီး​ပျောက်​တာ တစ်​နှစ်​ပြည့်​​တော့လည်း သူ့ကို ရန်​ကင်းစင်​တာမှာပဲ ပြန်​​ခေါ်တွေ့တယ်​။ သမီးကို ​တွေ့ဖို့ ​​ခြေ​ထောက်ဖက်​ ပြီး ​ပြောတယ်​။ သူက​တော့ အရင်​တစ်​ခါ တွေ့တုန်းက ​ပြောတဲ့အတိုင်းပဲ ​ပြောပြီး ထွက်​သွားတယ်​။

အဲဒီထဲကနေ ဆိုင်ခန်းပိတ် ပြီးတော့ ကျွန်မသမီးလေးကို ရှာတာ။ တောက်လျှောက်ပဲ။ ဘယ် နေရာတွေ့တွေ့ ရဲကိုပဲ ကိုယ်က အကြောင်းကြားရတယ်။ ကျွန်မတို့ဆုံပြီးတော့ တရားခံတွေကို စစ်လည်း မစစ်ဘူး။ မေးလည်း မမေးဘူး။ ကျွန်မတို့ သွားခဲ့တဲ့နေရာ တွေက အမှန်တွေချည်းပဲ။

နောက်တော့ သတင်းစာ တွေမှာ ကျွန်မ ဖုန်းနံပါတ်နဲ့ ကြော် ငြာထားတဲ့အတွက်ကြောင့်မို့ လူ တစ်ယောက်က ဒီကောင်မလေး ကို တွေ့တယ်။ ရွှေပြည်သာကို လာရှာဆိုလို့ ကျွန်မတို့ ရွှေပြည် သာမှာ အကုန်ရှာတယ်။ စစ်တပ် ထဲမှာရှိတဲ့အတွက် ကလေးကို မမိဘူး။

အခု သူ့အဒေါ်ကို ၉ ရက်နေ့ မှာ တွေ့တာ ကျွန်မ မသိဘူး။ ညီမက ကျွန်မကို ၁၀ ရက်နေ့မှ ဖုန်းဆက်တယ်။ ကလေးကို လာ တွေ့ဆိုလို့ တွေ့တော့ ကလေးက အဲဒီလိုဖြစ်နေတော့ ကျွန်မ တော် တော်ကို စိတ်မကောင်းဘူး။ အရမ်းကို ပေါက်ကွဲသွားတယ်။ ကလေးပြန်တွေ့တော့ ၁၀ ရက် နေ့ပဲ ဗဟန်းစခန်းပြန်သွားပြီး တော့ ကလေးတွေ့ပြီ။ ကျွန်မတို့ကို အမှုဖွင့်ပေးဆိုတော့ တရားရုံးကို ဦးတိုက်လျှောက်မှပဲရမယ် အန်တီ မနက်ဖြန်မှ လာဆိုပြီး တော့ ကျွန်မတို့ကို ပြောတယ်။

အဲဒါနဲ့ အရင်ကတည်းက ဖန်တီးအိမ်မှာ တိုင်ထားတဲ့ကိစ္စ ရှိတယ်။ ကျွန်မ  ဖန်တီးအိမ်ကို သွားတယ်။ ဖန်တီးအိမ်က မနန်းတို့နဲ့တွေ့တယ်။ ဘယ်နားကလာလဲဆိုတော့ သမိုင်းနားမှာပဲ သမိုင်းလိပ်စာရခဲ့တယ်။ အဲဒါနဲ့ မရမ်းကုန်းစခန်းမှာ အမှုသွားဖွင့်ခဲ့တယ်။ မရမ်းကုန်းရဲစခန်းက တရားခံကိုတော့ ဖမ်းပေးမယ်။ အမှုကိုတော့ ဒီမှာ ဖွင့်လို့မရဘူး။ ဗဟန်းရဲစခန်းမှာပဲ ဖွင့်ပါလို့ ပြောတယ်။ သူတို့က အကုန်ကူညီပေးပါတယ်။ ဗဟန်းရဲစခန်းက အမှုဖွင့်တဲ့အချိန်မှာ ကျွန်မတို့ကို အမှု ဖွင့်ဖို့သိပ်လက်မခံသေးဘူး။ အကြာကြီးစောင့်နေရတယ်။ အဲဒါနဲ့ မနန်းရဲ့ အကူအညီနဲ့ပဲ ကျွန်မတို့ အမှုကို ဖွင့်ခဲ့တယ်။

မွေးချင်း ဘယ်နှယောက်ရှိလဲ။

မွေးချင်း လေးယောက်မှာ ဒီသမီးလေးက တစ်ယောက်တည်း ရှိပါတယ်။ ကျွန်မ ပြောချင်တာက ကျွန်မနဂိုကတည်းက တစ်နှစ် ပြည့်ကတည်းက သူ့ကို ပြောပါတယ်။ ငါ့သမီးလေးကို နင်ပြန်ပို့ တော့ဆိုတာ့ အန်တီလာနောက် မနေနဲ့ဆိုပြီးတော့ ဖုန်းကို ချသွားတယ်။ အခုချိန်မှာ အမှုဖြစ်ပြီး တော့ ဖမ်းမိတဲ့အခါကျတော့ ကျွန်မကို သူ့အဒေါ်တွေ၊ အဒေါ် မဟုတ်ဘဲနဲ့ ကလေးကို ဖုန်းဆက် ပြီးတော့ ကြိမ်းမောင်းခြိမ်းခြောက် တာတွေရှိနေတယ်။ အဲဒါကြောင့် သားသမီးတွေအနေနဲ့ မိဘစကား ကို နားထောင်၊ မိဘဆိုတာတော့ ဘယ်တော့မှ မပစ်ဘူး။ အဲဒီလို ဖြစ်စေချင်တယ်။ ကျွန်မ သမီး လေးကို အညွန့်ချိုးသလိုဖြစ်သွားတယ်။ တကယ်လို့ မယူတာ တောင်မှ ကောင်းကောင်းလေး ပြန်ပို့သင့်တယ်။ သူတို့ အသိုင်းအဝိုင်းလည်း ချမ်းသာပါတယ်။ ဒါပေမဲ့ အချုပ်သမားလိုထားတာ လေ။ အခု သူတို့ကလေး အချုပ်ခံရတော့ မိဘတွေ ကိုယ်တိုင်က လာတောင်းပန်ခြင်း မရှိဘဲနဲ့ ကလေးကို ဒီလို ညှိနေတာတော့ အဆင်မပြေဘူးထင်တယ်။ ကျွန်မသမီးလေးက သုံးနှစ်တာအချုပ်ခံရတာလေ။ သူတို့ကလေးက အခုမှ ဘယ်နှပတ်မှ မရှိသေးတာကိုး။

ကျွန်မ ပြောချင်တာက ပိုက်ဆံမရှိတဲ့သူတိုင်း အမှုကြီးဖြစ်နေ တာတောင်မှ မဖမ်းကြတာတို့ အဲဒီလိုမျိုးတွေ။ တကယ်လို့ ကျွန်မသမီးသေသွားရင်တောင်မှ ကျွန်မတို့ သေသွားရင်တောင်မှ၊ ပြန်ဆုံ ခြင်းမရှိဘူးပေါ့။ ဒါဘုရားတွေကယ်လို့ပဲ အောက်မေ့ပါတယ်။ ကူညီတဲ့သူတွေကို ကျေးဇူးတင်ပါတယ်။ ဒါပဲ ပြောချင်တယ်။

အဲဒီကောင်လေးကိုတွေ့တော့ ဘယ်လိုပုံစံရှိလဲ။

တရားခံအနေနဲ့ မဟုတ်ဘူး။  စခန်းမှာ တစ်ခါမှ စကားမပြောဖူးဘူး။ အပြင်မှာ စကားပြောတာ တော့ မာဆတ် မာဆတ်နဲ့ ပြော တာ။ အဲဒါကြီး ကျွန်မစိတ်ထဲမှာ နာကြည်းတာ။ ကျွန်မ ရူးတောင် ရူးသွားတယ်။ ကျွန်မတို့ အရင် တုန်းကဆိုရင် စက်မှု (၁) အထည်ဆိုင်နားမှာ ထမင်းဆိုင်ရှိတယ် လေ။ အဲဒီနားမှာ အနုပညာသည် တွေလည်း ရှိတယ်။ ကလေးကို လူတိုင်းချစ်ကြတယ်။ တက်သစ်စအရွယ် ကျွန်မသမီးလေးကို.. ။ ဆိုင်တွေလည်း ဆုံး။ ကျွန်မတို့ ဘဝပျက်ပါတယ်။

သမီးကို ပြန်တွေ့တော့ ပျောက် သွားတုန်းက အခြေအနေနဲ့ ပြန် တွေ့ရတဲ့ အခြေအနေ ဘယ်လို ကွာခြားလဲ။

သုံးပုံတစ်ပုံလောက်တော့ ကွာတာပေါ့နော်။ နောက်တစ်ခုက ကလေးက မတ်တတ်မရပ်နိုင်ဘူး။ ဆေးရုံတန်းသွားရတယ်။ မထိုင်နိုင်ဘူး။ နေရောင်မကြည့် နိုင်ဘူး။ တကယ်ဖြစ်ခဲ့တာ။ ကျွန်မညီမတွေက ကျွန်မ ဒေါသကြီးမှန်း သိလို့ ၉ ရက်နေ့မှာ မိရဲ့သားနဲ့ ၁၀ ရက်နေ့မှ ပြောတယ်။ အသား အရေက အခုမှ ပိုပြီးတော့ ဖြူလာ သလို ဖြစ်သွားတာပေါ့။ အရင် တုန်းကတော့ ဒီလောက်ကြီးမဖြူ ဘူး။ နည်းနည်းလေးလည်း ကြည့် ပျော်ရှုပျော်ရှိသေးတယ်။ နဂိုက တည်းက နည်းနည်းလေး ဝသေး တယ်။

သူက City Mart ထဲမှာ အ လုပ်လုပ်တယ်ဆိုရင် ၉ နာရီဆို ၉ နာရီသွားကြိုတယ်။ အဲဒီလိုမျိုး ကြိုခဲ့တယ်။ ကျွန်မတို့ ထမင်း ရောင်းတော့ ပြေလည်တော့လေ သင်တန်းတွေ ဘာတွေ သွားရင် လည်း အကုန်လုံးလိုက်ပြီးတော့ အစအဆုံး မြေတောင်မြှောက်ပေး ခဲ့တာလေ။ သူက ငယ်ငယ်က တည်းက စကားဆိုယုံတယ်။ အ ရမ်းကြောက်တတ်တယ်။ သူ့ကို ခြောက်ထားပြုထားရင် ကြောက် တယ်။

သူနဲ့ဆိုတာ ရည်းစားဖြစ်တာ မသိသေးဘူး။ ရည်းစားထားတာသိတော့ နည်းနည်းလေး တင်းကျပ်တယ်ဆိုတာ ရှိတယ်။ အဲဒီ အချိန်မှာ ဟိုကပြောပြီး ပါသွားတာလည်း ဖြစ်ချင်ဖြစ်မှာပေါ့။ အိမ်မှာ နည်းနည်းဆူလိုက်တယ်။ ရည်းစားထားတယ်မလား။ ဗေဒင် တွက်ထားတယ် မသွားနဲ့။ ခါတိုင်းဆိုလို့ရှိရင် ကျွန်မတို့ ဆိုင်သွားဖွင့် တယ်လေ။ သူက ၁၂ နာရီလောက်ဆိုရင် လိုက်လာတယ်။ ၃ နာရီခွဲ လောက်ဆိုရင် သူ့မောင်ကို သွား ကြိုတယ်။ အဲဒီတော့ တစ်ခါ တည်းပဲခေါ် အဲဒီလိုမျိုးလုပ်ထားတယ်။ မွေးနေ့သွားမယ် ဘာညာဆိုလည်း ပေးမသွားတော့ဘူး။

ရည်းစားမထားရဘူးလို့ အိမ်မှာ ကြပ်မတ်ထားတာပေါ့။
ရည်းစားမထားရဘူးတော့ မဟုတ်ပါဘူး။ ဗေဒင်တွက်ထား တော့ အဲဒီလို ဖြစ်သွားမှာစိုးလို့ တင်းကျပ်တာ။ ဒီကောင်လေးနဲ့ က သင်္ကြန်မှာ တွေ့ခဲ့တာလေ။ အရင်တုန်းကဆိုရင် အဲဒီလိုမျိုး မဟုတ်ဘူး။ သင်္ကြန်မှာတွေ့ပြီး တော့မှ ကျွန်မတို့က မအားဘူး။ မအားတဲ့အချိန်မှာ သူက ဟိုသွားမယ်၊ ဒီသွားမယ်။ အဲဒီလိုမျိုးတွေ ခဏခဏကြုံလာတော့ တားခဲ့ပါတယ်။ အရင်တုန်းက အလုပ်လုပ်တုန်းကဆိုရင်လည်း အဲဒီကုမ္ပဏီကလည်း သူတို့အလုပ်လုပ်ရင် အိမ်တိုင်ရာရောက်လာပို့တယ်။ လာကြိုတယ်။

အခုလက်ရှိ သူနဲ့ပတ်သက်တဲ့ ကောင်လေးကို ဘာပုဒ်မနဲ့ ဖမ်းတာလဲ။

၃၆၆ လို့ ပြောတယ်။

ဆက်ပြီး တရားရင်ဆိုင်သွားမှာ လား။

ဘယ်သူတစ်ဦးတစ်ယောက်ကိုမှ အဲဒီလိုတော့ မရည်ရွယ်ပါဘူး။ ဒါပေမဲ့ ကိုယ်ခံစားရသလို တော့ ခံစေချင်တာ။ ကျွန်မတို့ ဘဝပျက်တဲ့အထိ၊ ကျွန်မ ဆေးရုံ ရောက်ပြီးတော့ သေလုမြောပါး တောင် ဖြစ်ပါတယ်။ ကျွန်မဆိုင် လေးကိုတောင် သူငယ်ချင်းတစ် ယောက်ကို ပေးရောင်းခိုင်းပြီး တော့ နောက်ထပ် နည်းနည်းယူ ပြီးတော့ ကားတစ်စီးနဲ့ ကျွန်မ သမီးကို နေ့ရှိသရွေ့ ရှာတယ်။ တစ်နှစ်ပြည့်တုန်းကလည်း ချော့ ပြီးတော့ သူ့ကို ပြောပါတယ်။ ခြေ ထောက်ကို ကိုင်ပြီးတော့ကို ပြောတာ။ အတည်ပေါက်ကြီးအနေနဲ့ လုပ်သွားတာလေ။

ကျွန်မပြောတာ မယူလို့ ပြန်ပို့ရင်တောင် ကလေးဘယ်နှ ယောက်ရှိပါစေ၊ ဒီကလေးလေး နည်းနည်းပါးပါး သန့်သန့်ပြန့်ပြန့် လေးလာပို့ရင် ကောင်းတာပေါ့။ လာလည်းလာရော၊ ကားပေါ်က ဆင်းလည်းဆင်းရော အဒေါ်တွေက ပစ်လဲသွားတာပဲ။ ကလေးက မထိုင်နိုင်ဘူး။ အခုကျမှ ဆေးတွေ ထိုးပြီးတော့... ။ သူ့ပုံက နဂိုကတည်းက အနေအေးတာ။ ဒီစကားပြောပြီးသွားလို့ရှိရင် အဲဒီစကားအတိုင်းပဲနေတယ်။ မအေမှာလည်း ဒီတိုင်းပဲ။ သူငယ်ချင်းမှာလည်း အဲဒီအတိုင်းပဲ။ ငယ်ငယ်ကတည်းက နေမကောင်းတာတွေရှိတယ်။ တအားဆူလိုက်လို့ရှိရင် တစ်ယောက်တည်းကျိတ်ပြီး ထောင့်လေးနားမှာ နေတတ်တယ်။ အနုပညာဆိုတာလည်း ဆိုင်ကိုလာတဲ့ အနုပညာရှင်တွေ၊ ရန်ကင်းစင်တာထဲမှာလည်း ကြော်ငြာရှိတာနဲ့ လုပ်ဖြစ်တာ။ ကြော်ငြာတွေ ဘာတွေရိုက်ဖို့ လာကမ်းလှမ်းတဲ့အချိန် ကလေးက အဲဒီလိုပါသွားတာ။ ကိုယ့်ကလေးကို စိတ်နဲ့သတ်တာ။ မယူချင်ရင်လည်း ပြန်ပို့လိုက်။ အဲဒီလို ဖြစ် စေချင်တယ်။

7 Day Daily
ဓာတ်ပုံ−ကျော်ဇင်သန်း

No comments:

Post a Comment