Latest News

Friday, February 17, 2017

သထုံမြို့နယ်တွင် လိုင်စင်မဲ့မော်တော်ယာဉ် (၂)စီးအား ဖမ်းဆီးရမိ

သထုံမြို့နယ်တွင် လိုင်စင်မဲ့မော်တော်ယာဉ် (၂)စီးအား ဖမ်းဆီးရမိ


မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ဒူးရင်းဆိပ်ကျေးရွာအုပ်စု၊ ကြာပန်းကျေးရွာတိုးဂိတ်တွင် ဖေဖော်ဝါရီ ၁၇ ရက်၊ နံနက်ပိုင်းက လိုင်စင်မဲ့မော်တော်ယာဉ် (၂)စီးအား ဖမ်းဆီးရမိခဲ့ကြောင်း သုဓမ္မဝတီနယ်မြေရဲစခန်းမှ သိရှိရသည်။

“နယ်မြေလုံခြုံရေးဆောင်ရွက်နေတဲ့အတွက် မော်တော်ယာဉ်တွေကို စစ်ဆေးနေတဲ့အခါ ယာဉ်နဲ့ပတ်သက်တဲ့ စာရွက်စာတမ်းအထောက်အထားမပါဘဲ လိုင်စင်မဲ့ယာဉ်တင်သွင်းလာလို့ ဖမ်းဆီးအရေးယူထားတာပါ။”ဟု သုဓမ္မဝတီနယ်မြေရဲစ ခန်းမှ စခန်းမှူးရဲအုပ်နေမျိုးသန့်ကပြောသည်။

သုဓမ္မဝတီနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် တိုးဂိတ်တွင် မော်တော်ယာဉ်များအားစစ်ဆေးနေစဉ် ဘားအံဘက်မှ သထုံ ဘက်သို့ ကရင်ပြည်နယ်၊ မြဝတီမြို့နေသူ ယာဉ်မောင်း မိုးထက်အာကာ(၂၆)နှစ် မောင်းနှင်လာသော ယာဉ်အမှတ်၊ Alpha -rd အဖြူရောင်ယဉ်နှင့် သထုံမြို့နေသူ အောင်ဇော်ထိုက်(၃၀)နှစ် မောင်းနှင်လာသော Toyota Wish ခဲရောင်ယာဉ်တို့အား စစ်ဆေးရာတွင် ယာဉ်နှင့်ပတ်သက်သော  အထောက်အထားတစ်စုံတစ်ရာပြသနိုင်ခြင်းမရှိသဖြင့် ဖမ်းဆီးအရေးယူထားခြင်းဖြစ်ကြောင်း သိရသည်။
ဖြစ်စဉ်နှင့် ပတ်သက်၍ သုဓမ္မဝတီနယ်မြေရဲစခန်းမှ ယာဉ်မောင်းအောင်ဇော်ထိုက်အား (ပ) ၃၁/ ၂၀၁၇ ပို့ကုန်သွင်းကုန် ပုဒ်မ(၈)ဖြင့်လည်းကောင်း၊ မိုးထက်အာကာအား (ပ) ၃၂/ ၂၀၁၇ ပို့ကုန်သွင်းကုန်ပုဒ်မ(၈) ဖြင့် လည်းကောင်း အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

ရတနာပုံ သတင်းစာ

No comments:

Post a Comment