Latest News

Tuesday, February 14, 2017

ခွေးကောင်ရေ တစ်ထောင်ခန့် ထိန်းသိမ်းစောင့်ရှောက်မည့်ဂေဟာ လှိုင်သာယာတွင် တည်ဆောက်ရန်စီစဉ်

ခွေးကောင်ရေ တစ်ထောင်ခန့် ထိန်းသိမ်းစောင့်ရှောက်မည့်ဂေဟာ လှိုင်သာယာတွင် တည်ဆောက်ရန်စီစဉ်



လှိုင်သာယာမြို့နယ် တွင် ခွေးအကောင်ရေ တစ် ထောင်ခန့် ထိန်းသိမ်းစောင့် ရှောက်နိုင်သော ခွေးဂေဟာကို ယခုနှစ်အတွင်း အပြီးတည် ဆောက်မည်ဖြစ်ကြောင်း ရန်ကုန် မြို့တော် စည်ပင်သာယာရေး ကော်မတီမှ သတင်းရရှိသည်။

ယင်း(Dog Shelter)ဂေဟာ ကို ရန်ကုန်မြို့တော်စည်ပင်သာ ယာရေးကော်မတီ၏ရန်ပုံငွေဖြင့် သိန်းပေါင်း နှစ်ထောင်ကျော်အ ကုန်အကျခံ ဆောက်လုပ်ခြင်း ဖြစ်ပြီး ယခုနှစ် ဧပြီအကုန်တွင် ပြီးစီးနိုင်ရန် ခန့်မှန်းထားကြောင်း သိရသည်။

‘‘၂၀၁၆ နှစ်ကုန်ပိုင်းလောက် ကတည်းက စပြီးဆောင်ရွက်နေ တာ။ တိုင်းဒေသကြီးအစိုးရကနေ တင်ဒါခေါ်တယ်။ တင်ဒါအောင် တဲ့ ကုမ္ပဏီကနေစပြီးဆောင်ရွက် နေတာ ဖောင်ဒေးရှင်းအပိုင်းတွေ စနေပြီ။ ခြံစည်းရိုးတွေလည်း ကာ နေပြီ။ သူတို့က ဘတ်ဂျက်အစ ဧပြီအပြီး ဆောက်မယ်လို့တော့ မှန်းထားတာပေါ့။ ခွေးအကောင် ရေတစ်ထောင်လောက်ထားလို့ရ မယ်။ လက်ရှိကတော့ ခွေးလေ ခွေးလွင့်တွေကို သဘာဝတရား ရိပ်သာကိုပဲ ပို့ရတာပေါ့’’ဟု ရန် ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီ၊ တိရစ္ဆာန်ဆေးကုနှင့် သားသတ်ရုံများဌာန လက် ထောက်ဌာနမှူး ဒေါက်တာလှမေ ဦးက ပြောသည်။

ယင်းဂေဟာကို လှိုင်သာ ယာမြို့နယ်ရှိ ထိန်ပင်သုသာန် အနီးတွင် ဆောက်လုပ်လျက်ရှိ သည်။ အဆိုပါဂေဟာ၌ ခွေးများ နေမကောင်းဖြစ်ပါက ပြုစုကုသ နိုင်ရန် ဆေးကုသခန်းပါ ထားရှိ မည်ဖြစ်ပြီး ချက်ပြုတ်ခန်း၊ စတိုခန်းများနှင့် ဝန်ထမ်းနားနေဆောင် များပါထားရှိမည်ဖြစ်သည်။ ယင်းဂေဟာဆောက်လုပ်ပြီးစီးပါက စည်ပင်ဌာနက ရှာဖွေသောခွေး များ သာမက ပြင်ပမှ ခွေးများကိုပါ လက်ခံနိုင်ရန်      စီစဉ်မည်ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ခွေးလေခွေး လွင့်များကို ပုဂ္ဂလိကလူမှုအဖွဲ့ အစည်းများက တစ်နိုင်တစ်ပိုင်ခွေးဂေဟာများဆောက်လုပ်ပြီး ပြုစုစောင့်ရှောက်မှုများပေးလျက် ရှိသည်။ လက်ရှိတွင် ခွေးစောင့် ရှောက်ပေးနိုင်မှု ပမာဏသည် နည်းပါးလွန်းသဖြင့် ယခုကဲ့သို့ အစိုးရက ဂေဟာဖွင့်လှစ်၍ တာ ဝန်ယူစောင့်ရှောက်ပေးမည် ဆို ပါက ကောင်းမွန်လာနိုင်ကြောင်း တိရစ္ဆာန်ချစ်သူများက ပြော သည်။

‘‘လေလွင့်ခွေးတွေအတွက် ခွေးဂေဟာတွေက မြို့နယ်တချို့ မှာရှိတယ်။ အဲဒါကလည်း ပြင်ပ ပုဂ္ဂလိကတွေက သူတို့ချစ်တဲ့ စိတ် အပေါ်မှာ လုပ်နေကြတာ။ တစ်နိုင်တစ်ပိုင်လုပ်တယ်။ သူတို့ရဲ့ ခြံ တွေထဲမှာ အကောင်တစ်ရာ လောက်ဆံ့တဲ့နေရာမှာ အကောင် ၃၀၀ လောက်ဖြစ်နေတယ်။ ဒါကို လည်း ကျွေးမွေးရတာနဲ့ အခက် အခဲတွေ ရှိတာပေါ့။ အားလုံးက ကိုယ့်ဟာကိုယ်ပဲ လှည့်လည်နေ ရတာ။ အခုလို အစိုးရအနေနဲ့ ဦးစားပေးခဲ့မယ်ဆိုရင် အများကြီး ကောင်းတာပေါ့’’ဟု တိရစ္ဆာန်ချစ် သူများအဖွဲ့အစည်းတစ်ခုမှ မသူ ဇာက ပြောသည်။

ရန်ကုန်တိုင်းဒေသကြီး၌ လက်ရှိ ခွေးလေခွေးလွင့်အရေအ တွက်သည် တစ်သိန်းရှစ်သောင်းကျော်ရှိကာ တစ်နှစ်လျှင် ခွေးမျိုးပွားနိုင်မှုငါးသောင်းခန့်ရှိကြောင်းရန်ကုန်မြို့တော်စည်ပင်သာယာ ရေးကော်မတီစာရင်းဇယားများ တွင် ဖော်ပြထားသည်။


7Day News Journal

No comments:

Post a Comment