Latest News

Friday, February 10, 2017

အသည်းကို သန့်စင်ပေးနိုင်တဲ့ မန်ကျည်းသီးဖျော်ရည်ပြုလုပ်နည်း

အသည်းကို သန့်စင်ပေးနိုင်တဲ့ မန်ကျည်းသီးဖျော်ရည်ပြုလုပ်နည်း

မန်ကျည်းသီးကို စားဖြစ်ပေမဲ့ သူ့ရဲ့ အကျိုးကျေးဇူးဘယ်လိုရှိလဲဆိုတာ သိချင်မှသိပါလိမ့်မယ်။

တခါတလေ အဖိုးတန်တဲ့ ဆေးဝါးတွေထက်တောင် ကျွန်မတို့ စားသုံးနေတဲ့အစားအစာတွေနဲ့ မလှဲလိုက်နိုင်ပါဘူး။

အသည်းကို သန့်စင်ပေးနိုင်တယ်

မန်ကျည်းသီးမှာပါဝင်တဲ့ အက်ဆစ်ဓါတ်တွေက အသည်းကို ကာကွယ်ပေးနိုင်ပါတယ်။ ဒါ့အပြင် မန်ကျည်းသီးဟာ အသည်းအဆီဖုံးတာတွေကို ဖယ်ရှားပေးနိုင်ပါတယ်။ အသည်းဟာ ကျွန်မတို့ ခန္တာကိုယ်ရဲ့ အဓိကအရေးကြီးတဲ့ အင်္ဂါအစိတ်အပိုင်းတစ်ခုပါ။ မန်ကျည်းသီးမှည့်ကို ဒီအတိုင်းစားပေးတာပဲဖြစ်ဖြစ် ဖျော်ရည်လုပ်ပြီးသောက်ပေးတာပဲဖြစ်ဖြစ် အရမ်းကိုကောင်းမွန်ပါတယ်။

အစာချေစနစ်

မန်ကျည်းသီးမှာ အမျှင်ဓါတ်တွေအများအပြားပါဝင်ပြီး အစာချေစနစ်ကိုကောင်းမွန်စေလို့ ၀မ်းချုပ်မှာ စိတ်ပူစရာမလိုတော့ပါဘူး။

အသည်းအဆီဖုံးတာကို ကုသပေးဖို့ မန်ကျည်းသီးဖျော်ရည်ပြုလုပ်နည်း

မန်ကျည်းသီး အခွံခွာပြီးသား လက်နှစ်ဆုတ်စာ

ရေ ၁ လီတာ

ပျားရည်

ပြင်ဆင်ခြင်း

မန်ကျည်းသီးကို အစေ့ထုတ်လိုက်ပါ။ ပြီးရင်ဖျော်စက်ထဲထည့်ပါ။ ရေ ၁ လီတာကို ထည့်လိုက်ပြီး ပျားရည် စားပွဲတင်ဇွန်း ၁ ဇွန်းထည့်ပါ။ ပြီးရင် ဖျော်စက်ကိုလှည့်ပြီးမွှေလိုက်ပါ။

ဒီဖျော်ရည်ကို နေ့တိုင်းသောက်ပါ။ ၇ ရက်နဲ့ ၁၀ ရက်ကြာရင် အသည်းမှာအဆီဖုံးတာကို ဖယ်ရှားပေးသွားပါလိမ့်မယ်။

တစ်လကိုတစ်ခါ အဲလိုလုပ်ပြီးသောက်ပေးပါ။ ၃ ရက်တစ်ခါသောက်ပေးလည်းရပါတယ်။

တကယ်ကိုနည်းနည်းချည်နေတယ်ဆိုရင် ပျားရည်ကို ထပ်ထည့်နိုင်ပါတယ်။

Sources : MyFood Myanmar

No comments:

Post a Comment