Latest News

Wednesday, February 1, 2017

ဦးကိုနီအသတ်ခံရတဲ့အမှုမှာ အတည်ပြုချက်ထုတ်ပေးတဲ့သတင်းကိုသာ အတည်ယူတာအကောင်းဆုံးလို့ ရဲချုပ်ပြော

ဦးကိုနီအသတ်ခံရတဲ့အမှုမှာ အတည်ပြုချက်ထုတ်ပေးတဲ့သတင်းကိုသာ အတည်ယူတာအကောင်းဆုံးလို့ ရဲချုပ်ပြော

တရားလွှတ်တော်ရှေ့နေ ဦးကိုနီအသတ်ခံရမှုကို ဖော်ထုတ်တဲ့သတင်းတွေနဲ့ ပတ်သက်လို့ အတည်ပြုချက်နဲ့ထုတ်ပေးတဲ့သတင်းကို အတည်ယူတာ အကောင်းဆုံးပဲလို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ဇော်ဝင်းက ပြောပါတယ်။

ဖေဖော်ဝါရီလ (၁)ရက်က လွှတ်တော်ဝင်းအတွင်းမှာ ပြုလုပ်တဲ့ ဒုတိယအကြိမ်လွှတ်တော်သက်တမ်း တစ်နှစ်ပြည့်အခမ်းအနားမှာ သတင်းထောက်တွေရဲ့ မေးမြန်းချက်ကို အခုလိုပြောကြားသွားခဲ့ တာဖြစ်ပါတယ်။

ရဲချုပ် ဇော်ဝင်းက တချို့ကိစ္စတွေဟာ မပေါက်သင့်ဘဲ ပေါက်ကြားကုန်တဲ့ကိစ္စတွေဖြစ်ပြီး အဲဒါတွေကို အတည်မယူဖို့ ပြောကြားခဲ့ပါတယ်။

တကယ်အတည်ပြုတဲ့သတင်းတွေကို ရဲတပ်ဖွဲ့က ထုတ်ပြန်ပေး မယ်လို့လည်း သူက ဆိုခဲ့ပါတယ်။

တရားလွှတ်တော် ရှေ့နေ ဦးကိုနီကို လုပ်ကြံသတ်ဖြတ်သူ ကြည်လင်းရဲ့ ထွက်ဆိုချက်လို့ ယူဆရတဲ့ စာရွက်စာတမ်းတွေ လူမှုကွန်ရက်စာမျက်နှာမှာ ပျံ့နှံ့နေခဲ့တာဖြစ်ပါတယ်။

အဲဒီစာရွက်တွေထဲမှာ သူ့အနေနဲ့ မြင့်ဆွေဆိုသူက ကားတစ်စီးပေးမယ်လို့ ဆိုကာ စေခိုင်းတဲ့အတွက် ပြစ်မှုကျူးလွန်ခြင်းဖြစ်ကြောင်း ကြည်လင်းရဲ့ ထွက်ဆိုချက်တွေကို ဖော်ပြထားပါတယ်။

ဒီစာရွက်စာတမ်းတွေဟာ သေနက်သမားရဲ့ ဖြေဆိုချက်အစစ်အမှန်တွေဖြစ်တယ်လို့ နိုင်ငံတော်သမ္မတရုံးပြောခွင့်ရသူက ဗွီအိုအေသတင်းဌာနကို ပြောကြားထားပါတယ်။

5plus

No comments:

Post a Comment