Thursday, February 23, 2017
တွဲတွန်းရေယာဉ်မောင်းနှင်သူများနှင့် ပိုက်သမားများအကြား ဖြစ်နေရသော ပြဿနာ
ဧရာဝတီတိုင်းဝန်ကြီးချုပ် ဦးမန်းဂျော်နီ
ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း
ပြည်ထဲရေးဝန်ကြီး ဒုဗိုလ်ချုပ်ကြီး ကျော်ဆွေ
လည်/ဆည် ဝန်ကြီး ဦးအောင်သူ တို့သိစေရန်အတွက်ပါ ခင်ဗျာ
ပြထားတဲ့ပုံကတော့ ဧရာဝတီတိုင်း ညောင်တုန်းမြို့နယ် မဲဇလီကျေးရွာအနီးမှ မြင်ကွင်းဖြစ်ပါတယ်
ကျနော် ရေယာဉ်အုပ်တစ်ယောက်ပါ ရန်ကုန်မှအထက်အညာသို့ ကုန်စည်တင်ဆောင်သော တွဲတွန်းရေယာဉ်မောင်းပါတယ် ကျနော်တို့ တွဲတွန်းရေယာဉ်မောင်းနှင်သူများနှင့် ပိုက်သမားများအကြား ဖြစ်နေရသော ပြဿနာကို ဖြေရှင်းပေးပါရန် တင်ပြအပ်ပါတယ်
ပိုက်သမားများသည် ပိုက်ကိုစည်းကမ်းတကျ မချဘဲ အများသွားလာသည့်ရေကြောင်းတွင်ချ၍ ၄င်းတို့ပိုက်ပေါ်မှ ဖြတ်မောင်းသည့်အခါ အလျော်တောင်းပါသည် သင်္ဘောများသွားလာရ ခက်ခဲအောင်ပြုလုပ်၍ ပိုက်ကိုထိမိသည့်အခါ အုပ်စုလိုက်ဖွဲ့၍ လိုက်လာပြီး မတန်တဆ ငွေကြေးတောင်းခံပါသည် ၄င်းတို့ပိုက်ကို ရှောင်၍ သင်္ဘောအချင်းချင်းတိုးမိခြင်း ကမ်းပါးသို့တိုးမိခြင်း ကမ်းကပ်ထားသော လှေများအား တိုးမိခြင်းတို့ ဖြစ်ခဲ့ပါသည် နေ့စဉ်နေ့တိုင်းလိုလို ဖြစ်နေသလောက်ပါ အဆိုးရွားဆုံးနေရာများမှာ
ရန်ကုန်တိုင်းအပိုင် ဝါးတရာရွာ မှော်ဘီအပိုင် ရွှေလှေကြီးရွာ ထန်းတပင်တံတားအနီးဝန်းကျင် ကုက္ကိုဝရွာ ဧရာဝတီတိုင်းအပိုင် မဲဇလီရွာ တို့ဖြစ်ပါသည် အဆိုးရွားဆုံးမှာ မဲဇလီရွာဖြစ်ပါသည် ၄င်းမဲဇလီရွာအနီးမှ ပိုက်သမားများသည် သင်္ဘောများသွားလာရ ခက်ခဲအောင်ပြုလုပ်၍ ၄င်းတို့ပိုက်ကို မထိထိအောင်ပြုလုပ်ကာ အုပ်စုဖွဲ့၍ အဓမ္မငွေတောင်းခံပါသည် (တခါတရံ လက်နက်များဖြင့် ပစ်ခတ်ပါသည်) ညောင်တုန်းအကောက်ခွန်စခန်းသို့လိုက်ရန် ပြောသော်လည်း လက်မခံပါ ရန်ပြုမည့်ပုံစံများ ပြုလုပ်၍ ၄င်းတို့တောင်းသောငွေကြေးကို ပေးခဲ့ရပါသည် မပေးလျှင် ကျနော်တို့မှာ အသက်အန္တရာယ်ရှိပါသည် ၄င်းမဲဇလီရွာမှ ပိုက်သမားများမှာ ငါးမဖမ်းဘဲ သင်္ဘောဖမ်းနေကြခြင်းဖြစ်ပါသည် အုပ်စုဖွဲ့၍ လုပ်စားနေခြင်းဖြစ်ပါသည် ကျနော့်ကိုယ်တွေ့အရ လောက်လေးခွနှင့်လည်း အပစ်ခံဘူးပါသည် အလျော်လည်းပေးခဲ့ရဘူးပါသည် သင်္ဘောချင်းလည်း တိုးဘူးပါသည်
ယခုတင်ထားသောပုံကိုကြည့်ပါ လက်ဝဲဘက်မှလမ်းသည် သင်္ဘောသွားရန်ဖြစ်၍ လက်ယာဘက်မှ လမ်းသည်ပိုက်ချရန်နေရာဖြစ်ပါသည် စက်ရှိန်လျှော့၍ မောင်းသည် သတိပေးမှုတ်သံရှည်ဆွဲသည် လမ်းဖယ်မပေးပါ ၄င်းတို့ဖယ်ပေးသည့် အချိန်ကို စောင့်ရပါသည် တိုးလျှင်တော့ လျော်ပါ ဒါပဲရှိသည် တရားဥပဒေ စိုးမိုးမှုမရှိသော အရပ်ဒေသဖြစ်ပါသည် အလျော်တောင်းလျှင် သိန်းချီ၍ တောင်းပါသည် သူတို့တောင်းသည့်ငွေ မရပါက ရေစမ်းစက်လှေ ( သို့မဟုတ် ) လူ တစ်ခုခုထားခဲ့၍ ပြန်ရွေးရပါသည် ရေစမ်းစက်လှေ တစ်စီးတန်ဘိုးသည် ၂၅သိန်းမှ၃၅သိန်းအတွင်း ရှိပါသည် ငါးဖမ်း၍ မြိုးမြိုးမျက်မျက် မရပါ
သင်္ဘောမိပါက မြိုးမြိုးမျက်မျက် ရပါသည်
ယခု post အတွက် ကျနော်တာဝန်ယူပါသည် ကျနော့်လိုတာဝန်ယူမည့် ရေယာဉ်အုပ်များ ရေယာဉ်ပိုင်ရှင်များလည်း ရှိပါလိမ့်မည် ဓါးပြဆန်ဆန် လုပ်ကိုင်စားသောက်နေသော ရန်ကုန်••ညောင်တုန်း ရေလမ်းကြောင်းမှ ပိုက်သမားများအတွက် ပြည်ထဲရေးဝန်ကြီး တာဝန်ယူမည်လား မွေး/ရေ ဝန်ကြီး တာဝန်ယူမည်လား ရန်ကုန်တိုင်းဝန်ကြီးနှင့်ဧရာဝတီတိုင်းဝန်ကြီးတို့ တာဝန်ယူမည်လား ၄င်းနေရာများသို့ ရောက်သည့်အခါ ကျနော်တို့မှာ စိုးထိတ်နေရပါသည် ကျနော်တို့ရေယာဉ်များအတွက် ဝန်ကြီးများ မည်သို့လုပ်ပေးပါမည်နည်း ( တကယ်အလုပ်လုပ်စေချင်ပါသည် )
ယခု post အတွက် ကျနော် အပြည့်အဝ တာဝန်ယူပါသည် ညောင်တုန်းရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေး အကောက်ခွန်စခန်း၌ ကျနော့်ကို ဆက်သွယ်နိုင်မည့် ဖုန်းနံပါတ်ရှိပါသည် ကျနော်တို့အတွက် အကာအကွယ်ပေးစေချင်ပါသည် ယခု post ကို share ပေးခြင်းဖြင့် တာဝန်ရှိသူများ သိရှိအောင် ကူညီပေးပါရန် တောင်းဆိုပါသည်
Depar Zaya
တွဲတွန်းရေယာဉ်မောင်းနှင်သူများနှင့် ပိုက်သမားများအကြား ဖြစ်နေရသော ပြဿနာ
Reviewed by timeayeyar
on
2:14 PM
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment