Latest News

Monday, February 13, 2017

ဗိုလ်ချုပ်အောင်ဆန်း မွေးနေ့အထိမ်းအမှတ်အဖြစ် ကင်းထောက်များက အာဟာရကျွေးမွေးကာ ဆေးရုံသန့်ရှင်းရေးပြုလုပ်

ဗိုလ်ချုပ်အောင်ဆန်း မွေးနေ့အထိမ်းအမှတ်အဖြစ်
ကင်းထောက်များက အာဟာရကျွေးမွေးကာ ဆေးရုံသန့်ရှင်းရေးပြုလုပ်

ရန်ကုန် ဖေဖော်ဝါရီ ၁၃
ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့နှင့် မြန်မာ နိုင်ငံ ကလေးများနေ့အထိမ်းအမှတ် အဖြစ် ယနေ့နံနက်ပိုင်းနှင့် မွန်းလွဲပိုင်းက ရန်ကင်း ကလေးဆေး ရုံကြီး(ခုတင်-၅၅ဝ) နှင့် ရန်ကုန်ကလေးဆေးရုံကြီး (ခုတင်- ၅ဝဝ)တို့ရှိ ကလေး လူနာများအား မြန်မာ နိုင်ငံ ကင်းထောက်အဖွဲ့မှ ကင်းထောက် များက စုပေါင်း ထည့်ဝင် လှူဒါန်းငွေများ ဖြင့် အာဟာရဖြစ်စေမည့် နံနက်စာ၊ နေ့လယ်စာ၊ ညစာတို့ဖြင့် တစ်နေ့တာ အာဟာရကျွေးမွေးခြင်း၊ အမှတ်တရ လက်ဆောင် များပေးခြင်းနှင့် ဆေးရုံ သန့်ရှင်းရေးအတွက် ဝန်ထမ်းများနှင့် အတူ ကူညီဆောင် ရွက်ပေးကြသည်။
ရန်ကင်းကလေးဆေးရုံကြီး (ခုတင်- ၅၅ဝ)တွင် မြန်မာနိုင်ငံ ကင်းထောက်အဖွဲ့ မှ တွဲဖက်အတွင်းရေးမှူး ဦးအေးကြိုင်နှင့် အမျိုးသား ကင်းထောက်ကြီး များ၊ မြန်မာ နိုင်ငံ အမျိုးသမီးကင်းထောက်အဖွဲ့မှ ဒုတိယကင်းထောက် ချုပ် ဒေါ်ခင်စော ဥင်္မာနှင့် အမျိုးသမီးကင်းထောက်ကြီးများ ဦးဆောင်မှုဖြင့် တက္ကသိုလ် ကင်းထောက် များသည် ဆေးရုံအတွင်း ဝန်ထမ်းများ နှင့်အတူ သန့်ရှင်းရေးကူညီဆောင် ရွက်ပေးကြပြီး ကလေးလူနာများအား တွေ့ဆုံကာ ဗိုလ်ချုပ်အောင်ဆန်းနှင့် ပတ်သက်၍ သိကောင်းစရာများ ဟောပြောခြင်း၊ နံနက်စာ၊ နေ့လယ်စာ၊ အာဟာရကျွေးမွေးခြင်း၊ အမှတ်တရ လက်ဆောင် ပစ္စည်းများ ပေးအပ်ကြ သည်။
ထို့နောက် ရန်ကင်းကလေးဆေးရုံ ကြီး (ခုတင်-၅၅ဝ) ဆေးရုံ အုပ်ကြီး ဒေါက်တာ ဒေါ်မြင့်မြင့်ခိုင်နှင့် ဒုတိယ ဆေးရုံ အုပ်ကြီး ဒေါက်တာဒေါ်မိမိခင်တို့ အား အမျိုးသား၊ အမျိုးသမီးကင်းထောက် ကြီး များ မှ လှူဒါန်းငွေများနှင့် အခြေခံ ပညာကျောင်းများမှ ကင်းထောက်များနှင့် တက္ကသိုလ်ကင်းထောက်များစုပေါင်း ထည့်ဝင်လှူဒါန်းငွေကျပ် သုံးသိန်း ကို ပေးအပ်လှူဒါန်းကြသည်။
မွန်းလွဲပိုင်းတွင် ရန်ကုန်ကလေး ဆေးရုံကြီး(ခုတင်-၅ဝဝ)အစည်းအဝေး ခန်းမ၌ အမျိုးသား၊ အမျိုးသမီး ကင်းထောက်ကြီးများမှ လှူဒါန်းငွေ များနှင့် အခြေခံပညာကျောင်းများမှ ကင်းထောက်များနှင့် တက္ကသိုလ် ကင်းထောက်များ စုပေါင်းထည့်ဝင် လှူဒါန်းငွေ$ကျပ်နှစ်သိန်းကို နံနက်စာ၊ နေ့လယ်စာ၊ ညစာတို့ဖြင့် တစ်နေ့တာ ကျွေးမွေးခြင်း အတွက် ပေးအပ်လှူဒါန်း ရာ ဆေးရုံ အုပ်ကြီး ဒေါက်တာစုစုဒွေးက လက်ခံသည်။ ထို့နောက် ကင်းထောက် များက ကလေးဆေးရုံကြီးလူနာဆောင် အသီးသီးတွင် ကလေးလူနာများအား အမှတ်တရအရုပ်များကို လက်ဆောင် ပေးအပ်ကြသည်။
ထို့အပြင် တက္ကသိုလ်ကင်းထောက် မောင်မယ်များက ရန်ကုန်ကလေးဆေးရုံ ကြီးနှင့် ရန်ကင်းကလေးဆေးရုံကြီး ပတ်ဝန်းကျင်နှင့် ဆေးရုံအတွင်းအပြင် တို့တွင် ဝန်ထမ်းများနှင့်အတူ သန့်ရှင်း ရေး ကူညီစုပေါင်းဆောင်ရွက်ခြင်း၊ ကလေးလူနာများအား တွေ့ဆုံကာ ဗိုလ်ချုပ်အောင်ဆန်းနှင့် ပတ်သက်၍ သိကောင်းစရာများ ဟောပြောခြင်း၊ စိတ်ဓာတ်ပျော်ရွှင်စေမည့် ကင်းထောက် တေး သီချင်းများသီဆိုခြင်း၊ ကစားနည်း များဖြင့် သရုပ်ဖော်ပြသခြင်း များပြုလုပ် ကြသည်။ ကိုလတ်(သတင်းစဉ်)
MOI Webportal Myanmar

No comments:

Post a Comment