Latest News

Wednesday, February 1, 2017

မြန်မာဘောလုံးအကယ်ဒမီ(ရန်ကုန်)ဖွင့်ပွဲသို့ ဖီဖာဥက္ကဋ္ဌ တက်ရောက်မ

မြန်မာဘောလုံးအကယ်ဒမီ(ရန်ကုန်)ဖွင့်ပွဲသို့ ဖီဖာဥက္ကဋ္ဌ တက်ရောက်မည်

 မြန်မာအမျိုးသားဘော လုံးအကယ်ဒမီ (ရန်ကုန်)ဖွင့်ပွဲ အ ခမ်းအနားသို့ ကမ္ဘာ့ဘောလုံးအဖွဲ့ ချုပ် (ဖီဖာ)ဥက္ကဋ္ဌ အင်ဖန်တီနို တက်ရောက်ဖွင့်လှစ်မည်ဟု သ တင်းရရှိသည်။

မြန်မာအမျိုးသားဘောလုံး အကယ်ဒမီ (ရန်ကုန်) ဖွင့်ပွဲအ ခမ်းအနားကို ဖေဖော်ဝါရီ ၁၈ ရက်တွင် သင်္ဃန်းကျွန်းမြို့နယ် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်ရုံး အနီးရှိ ယင်းအကယ်ဒမီကျောင်း ၌ ကျင်းပမည်ဖြစ်သည်။

မြန်မာနိုင်ငံဘောလုံးအဖွဲ့ ချုပ်ဥက္ကဋ္ဌ ဦးဇော်ဇော်၏ ဖိတ် ကြားမှုဖြင့် အဆိုပါအခမ်းအနား တက်ရောက်မည့်အကြောင်း ဖီ ဖာဥက္ကဋ္ဌ အင်ဖန်တီနိုက ဇန်န၀ါရီ ၃၁ ရက်တွင် တရားဝင်အကြောင်း ပြန်ခဲ့သည်။

ကန်ဒေါ်လာနှစ်သန်းကျော် ကုန်ကျခံ၍ တည်ဆောက်ထား သည့် မြန်မာဘောလုံးအကယ် ဒမီ (ရန်ကုန်) ကို ၂၀၁၅ ဒီဇင်ဘာ တွင် စတင်ဆောက်လုပ်ခဲ့ကာ ယင်းအကယ်ဒမီနှင့်အတူ လေ့ ကျင့်ရေးမြက်ခင်းတု ဘောလုံး ကွင်းနှစ်ကွင်းလည်း ပါရှိသည်။



7Day News Journal


No comments:

Post a Comment