Latest News

Sunday, February 5, 2017

ကိုယ်စားလှယ်အဖြစ်မှ ပြန်လည်ရုပ်သိမ်းခြင်းဆိုင်ရာဥပဒေပြဋ္ဌာန်းရန် အစီအစဉ်ရှိ၊ မရှိ ပြည်ခိုင်ဖြိုးအမတ်မေးမြန်းမည်

ကိုယ်စားလှယ်အဖြစ်မှ ပြန်လည်ရုပ်သိမ်းခြင်းဆိုင်ရာဥပဒေပြဋ္ဌာန်းရန်

အစီအစဉ်ရှိ၊ မရှိ ပြည်ခိုင်ဖြိုးအမတ်မေးမြန်းမည်



လွှတ်တော်ကိုယ် စားလှယ်တာဝန်မှ ပြန်လည်ရုပ် သိမ်းခြင်းဆိုင်ရာဥပဒေ ပြဋ္ဌာန်းပေးရန် အစီအစဉ်ရှိ၊ မရှိ ပြည်သူ့လွှတ်တော်တွင် ပြည်ခိုင်ဖြိုးလွှတ်တော်ကိုယ်စားလှယ်က မေးမြန်းမည် ဖြစ်ကြောင်း သတင်းရရှိသည်။

ယင်းမေးခွန်းကို ပျော်ဘွယ်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ် စားလှယ် ဦးသောင်းအေးက ဖေဖော်ဝါရီ ၆ ရက်တွင် ကျင်းပ မည့် ပြည်သူ့လွှတ်တော်အစည်း အဝေး၌ မေးမြန်းမည်ဟု လွှတ် တော်အစီအစဉ် လျာထားချက် တွင် ဖော်ပြထားသည်။

ပြည်ခိုင်ဖြိုးနေရာအများဆုံး ရရှိသည့် ယခင်လွှတ်တော်သက် တမ်းအတွင်းက မပြဋ္ဌာန်းနိုင်ခဲ့ သော အဆိုပါလွှတ်တော်ကိုယ် စားလှယ်တာဝန်မှ ပြန်လည်ရုပ် သိမ်းခြင်းဆိုင်ရာဥပဒေကို လက်ရှိဒီချုပ်ကိုယ်စားလှယ်အများဆုံး နေရာရသော ဒုတိယအကြိမ်လွှတ်တော်သက်တမ်းတွင် ပြဋ္ဌာန်းရန် ရှိ၊ မရှိမေးခွန်းမေးမြန်းမည့်အစီ အစဉ်ရှိလာခြင်း ဖြစ်သည်။

ပြည်ခိုင်ဖြိုးပါတီအနေဖြင့် အထက်ပါမေးခွန်းမမေးမီ ဇန်န၀ါ ရီ ၁၇ ရက်တွင်ပြုလုပ်သော ၎င်း တို့ပါတီ၏ သတင်းစာရှင်းလင်းပွဲ၌ ယင်းဥပဒေကို လွှတ်တော်ကပြဋ္ဌာန်းပေးရန် တင်ပြထားသည်ဟု ပြည်ခိုင်ဖြိုးပါတီပြန်ကြားရေးတာဝန်ခံ ဦးပိုက်ထွေးက ပြောကြားထားသည်။

‘‘ပြီးခဲ့တဲ့ သက်တမ်းက ကြိုး စားခဲ့ပေမယ့် အကြောင်းအမျိုးမျိုးကြောင့် အဆင်မပြေခဲ့ပါဘူး’’ဟု ဦးပိုက်ထွေးက ပြောကြားသည်။

ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်သည် လွှတ်တော်ကိုယ် စားလှယ်တာဝန်မှ ပြန်လည်ရုပ် သိမ်းခြင်းဆိုင်ရာဥပဒေကြမ်းကို ၂၀၁၂ တွင် ပြည်ထောင်စု လွှတ်တော်သို့ တင်သွင်းခဲ့သော်လည်း ပထမအကြိမ်လွှတ်တော်သက်တမ်းကုန်ဆုံးခါနီး ၂၀၁၅ မှသာ ဆွေးနွေးနိုင်ခဲ့ကာ ပြည်ခိုင်ဖြိုးနေရာအများဆုံးရသော လွှတ် တော်က ယင်းဥပဒေကြမ်းကို ဆိုင်းငံ့ထားရန် ဆုံးဖြတ်ခဲ့သည်။

၂၀၁၅ အထွေထွေရွေး ကောက်ပွဲရလဒ်အရ ရခိုင်နှင့် ရှမ်းပြည်နယ်လွှတ်တော်များအပ ကျန်ရှိသော လွှတ်တော်များတွင် ဒီချုပ်က ရာနှုန်းပြည့်နီးပါးလွှတ် တော်ကိုယ်စားလှယ်နေရာရရှိခဲ့ သည်။



7Day News Journal

No comments:

Post a Comment