Latest News

Monday, February 20, 2017

စစ်တွေမြို့နယ် အုန်းတောကြီးရွာရှိ လူနေအိမ်၌ ကျပ်သန်း ငါးရာကျော် တန်ဖိုးရှိ စိတ်ကြွဆေးများ ဖမ်းမိ

စစ်တွေမြို့နယ် အုန်းတောကြီးရွာရှိ လူနေအိမ်၌ ကျပ်သန်း

ငါးရာကျော် တန်ဖိုးရှိ စိတ်ကြွဆေးများ ဖမ်းမိ


စစ်တွေမြို့နယ် အုန်းတောကြီးကျေးရွာရှိ ဘင်္ဂါလီ လူမျိုး၏ နေအိမ်တစ်အိမ်ကိုသတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များ သွားရောက်စစ်ဆေးရာ ပီနန်အိတ်ဖြင့် ထုပ်ထားသည့် ငွေကျပ်သန်း ၅၉၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁၉၆,၀၀၀ ကျော်ကို ဖမ်းဆီးရမိကြောင်း သတင်းရရှိသည်။

အဆိုပါစိတ်ကြွရူးသွပ်ဆေး ပြားများကို ဖေဖော်ဝါရီ ၁၆ ရက်က ဖမ်းဆီးရမိခဲ့ပြီး အုန်းတော ကြီးကျေးရွာနေ ဟာရူလာမီနှင့် ရှောင်ချီဒါဘေခေါင်တို့၏ နေအိမ်သို့ တစ်ရွာတည်းနေ ဇာရီတူ ဆောင်းက လာရောက်ပို့ဆောင် ထားကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန် ရေး ကော်မတီက ဖေဖော်ဝါရီ၁၈ ရက်၌ သတင်းထုတ်ပြန်သည်။

စိတ်ကြွရူးသွပ်ဆေးပြားများ ကို သက်ဆိုင်ရာက ဖမ်းဆီးရမိ သော်လည်း မူးယစ်ဆေးဝါး ရောင်းဝယ်သူများသည် ထွက် ပြေးလွတ်မြောက်နေပြီး ဖမ်းဆီးရ မိရန် ဆောင်ရွက်နေကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။

      မောင်တောနယ်စပ်ဒေသ အပါအ၀င် ရခိုင်ပြည်နယ်တွင် မေယုအမည်ဖြင့် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးစီမံချက်ကို ဖေဖော်ဝါရီ ၁ ရက်က စတင်ဆောင်ရွက်လျက်ရှိသည်။ ဖေဖော်ဝါရီ ၁၂ ရက်က မောင်တောနယ်စပ်နတ်မြစ်အ တွင်း လှေတစ်စီးပေါ်တွင် ငွေ ကျပ်သန်း ၁၉၀ တန်ဖိုးရှိ စိတ်ကြွ ရူးသွပ်ဆေးပြား ၉၇,၅၀၀ ကို လုံ ခြုံရေးတပ်ဖွဲ့ဝင်များက ဖမ်းဆီးရ မိခဲ့သည်။

 
7Day News Journal

No comments:

Post a Comment