Latest News

Tuesday, February 21, 2017

အနီးကပ်လုပ်ကြံမှုတွေအတွက် အချောအလှစစ်သမီးများကို လေ့ကျင့်ပေးနေတဲ့ြေေမြောက်ကိုရီးယား

အနီးကပ်လုပ်ကြံမှုတွေအတွက် အချောအလှစစ်သမီးများကို

လေ့ကျင့်ပေးနေတဲ့ မြောက်ကိုရီးယား


မြောက်ကိုရီးယားနိုင်ငံမှာ အလှအပနဲ့ ဉာဏ်ရည်သာလွန်တဲ့ စစ်သမီးတွေကို သီးသန့်သင်တန်းတွေပေးပြီး နိုင်ငံ့ခေါင်းဆောင်ကြီးရဲ့ ရန်သူတော်တွေကို လုပ်ကြံဖို့အတွက် စေခိုင်းနေကြောင်း ထောက်လှမ်းရရှိခဲ့တယ်လို့ သိရပါတယ်။ အဆိုပါ သင်တန်းဟာ ရှစ်နှစ်ကြာမြင့်တဲ့ သင်တန်းဖြစ်ပြီး၊ လုပ်ကြံလိုသူကို သံသယမဖြစ်စေအောင် ဖြားယောင်းသိမ်းသွင်းနည်းတွေလည်း ပါဝင်ကြောင်း သိရပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်ရဲ့ ဖအေတူမအေကွဲ ညီအစ်ကို ကင်ဂျုံနမ်ဟာ မလေးရှားနိုင်ငံ ကွာလာလမ်ပူလေဆိပ်မှာ လုပ်ကြံခံခဲ့ရပြီး၊ လုပ်ကြံသူတွေနဲ့ ပူပေါင်းပါဝင်သူတွေဟာ မြောက်ကိုရီးယားရဲ့ အထူးသင်တန်း ဆင်းထားကြသူတွေ ဖြစ်တယ်လို့ မလေးရဲတပ်ဖွဲ့က ယုံကြည်နေပါတယ်။

လုပ်ကြံမှု နှစ်ရက်မတိုင်ခင်မှာ အမျိုးသမီးနှစ်ယောက်ဟာ လေဆိပ်မှာ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ခဲ့သေးကြောင်း သိရပြီး၊ နောက် နှစ်ရက်အကြာမှာတော့ ဗီယက်နမ်နိုင်ငံသူ Doan Thi Huong (28)နှစ်က ဦးဆောင်ကာ ပစ်မှတ် ကင်ဂျုံနမ်ကို အဆိပ်လူးထားတဲ့ ပုဝါနဲ့ မျက်နှာကို အုပ်ကာ လုပ်ကြံခဲ့တာ ဖြစ်ပါတယ်။

လုံခြုံရေးကောင်စီရဲ့ ပြောကြားချက်အရ ဒီလုပ်ကြံမှုဟာ ပုဂ္ဂိုလ်ရေးအညှိုးအတေးကြောင်း မဖြစ်နိုင်ဘဲ၊ ကင်ဂျုံအမ်က မိမိသြဇာအာဏာကို ရေရှည်ဆက်လက်တည်တံ့နိုင်ဖို့၊ ရန်သူဖြစ်လာဖို့ရှိတဲ့ ဂျုံနမ်ကို အင်အားတောင့်တင်းခြင်း မပြုခင်မှာ အပြတ်ရှင်းပစ်လိုက်တာ ဖြစ်လိမ့်မယ်လို့ ဆိုပါတယ်။ ယခင်ကလည်း ကင်ဂျုံအန် စေလွှတ်ထားတဲ့ လုပ်ကြံသူအဖွဲ့ဟာ ဂျုံနမ်ကို လုပ်ကြံဖို့ ကြိုးစားခဲ့သေးတယ်လို့ တောင်ကိုရီးယားက ထုတ်ဖော်ခဲ့ပါတယ်။

လုပ်ကြံမှုမှာ ပါဝင်ခဲ့တဲ့ အမျိုးသမီးတွေဟာ တစ်ဦးကိုတစ်ဦး သိရှိခြင်း မရှိသေးဘဲ၊ တရုတ်နိုင်ငံမှာ ဂျုံနမ်ရဲ့သတင်းကို ထောက်လှမ်းဖို့ ပြည့်တန်ဆာအဖြစ် လုပ်ကိုင်ကာ သုံးလခန့် နေထိုင်ခဲ့ကြပါတယ်၊ နိုင်ငံကူးခြင်းစတဲ့ ကိစ္စရပ်တွေမှာလည်း စာရွက်စာတမ်း အတုတွေကိုသာ အသုံးပြုခဲ့ပါတယ်။

အဲဒီနောက် သူတို့တစ်တွေ လှုပ်ရှားရမယ့် စစ်ဆင်ရေးဟာ မလေးရှားလေဆိပ်မှာ စုံခဲ့ကြပြီး၊ ၎င်းတို့ဆီကနေ အဆိပ်နဲ့ အထူးပြုလုပ်ထားတဲ့ ထိုးသွင်းအပ်များ၊ နှုတ်ခမ်းနီဗူးများ၊ အလှဆီများကိုလည်း စစ်ဆေးတွေ့ရှိခဲ့ပါတယ်။ 1987 ခုနှစ်မှာ မြောက်ကိုရီယား အမျိုးသမီးတစ်ဦးကို တောင်ကိုးရီယားက ဖမ်းဆီးနိုင်ခဲ့ပါတယ်။

သူမဟာ လက်ရှိအချိန်မှာ အသက် 55 နှစ်အရွယ် ရှိပြီဖြစ်ပြီး၊ ခေါင်းဆောင် Kim Hyon-hui က လူ 115 ယောက် စီးနင်းလိုက်ပါသွားတဲ့ ကိုရီးယားလေကြောင်းလိုင်းကို ဖောက်ခွဲဖို့ စေလွှတ်ခဲ့သူတွေထဲက တစ်ဦးဖြစ်ပါတယ်။ ဘဂ္ဂဒက်ကို ထွက်ခွာခဲ့တဲ့ အဆိုပါလေယာဉ်ကို သူမက ဗုံးထောင်ဖောက်ခွဲဖို့ ကြိုးစားစဉ် ဖမ်းဆီးရမိခဲ့တာ ဖြစ်ပါတယ်။

ထိုစဉ်က သူမဟာ အဖမ်းခံရခြင်းမှ လွတ်မြောက်ဖို့ ဂျုံနမ်အားလုပ်ကြံမှုမှာ အသုံးပြုခဲ့သည့် ဆိုဒ်နိက်အဆိပ်ကိုပင် သုံးစွဲကာ မိမိကိုယ်ကို စီရင်ဖို့ ကြိုးစားခဲ့ပေမယ့် တောင်ကိုရီးယားစစ်ဘက်က တားစီးနိုင်ခဲ့ပါတယ်။ အခုအချိန်ထိ ယင်း မြောက်ကိုရီယား အမျိုးသမီးကို အထူးအချုပ်မှာ ဖမ်းဆီးထားပြီး၊ ဖြောင့်ချက်လည်း မပေးသေးဘူးလို့ သိရပါတယ်။

လင်းဇော်ကို (Shwemom)

source : mirror.co.uk

Shwemom

No comments:

Post a Comment