Latest News

Tuesday, February 7, 2017

တရုတ်ပြည် ရဲ့ ကိုယ်အင်္ဂါ မှောင်ခိုလုပ်ငန်း

တရုတ်ပြည် ရဲ့ ကိုယ်အင်္ဂါ မှောင်ခိုလုပ်ငန်း

Photo - အင်တာနက်
တရုတ်ပြည်မှာ သေဒဏ်ကျ အကျဉ်းသားတွေထံက လူ့အင်္ဂါ အစိတ်အပိုင်းတွေ ရယူသုံးစွဲနေတာတွေကို တိုက်ဖျက်နေရာမှာ၊ တိုးတက်မှုရှိလာနေပေမဲ့၊ ကျူးလွန်မှုတွေ ရှိနေဆဲဖြစ်ပြီး၊ အဲဒီကျူးလွန်သူတွေကို ကြီးလေးတဲ့ ပြစ်ဒဏ်တွေ ချမှတ်ခဲ့တယ်လို့ တာဝန်ရှိသူတဦးကပြောပါတယ်။

တရုတ်ပြည်မှာ ပြည်သူတဦးက သူ့ဆန္ဒအရ ကိုယ်အင်္ဂါလှူဒါန်းတာနဲ့၊ အကျဉ်းသားတွေဆီက ရယူတဲ့ကိစ္စကို တစ်တန်းတည်းမသတ်မှတ်ကြောင်း၊ ကိုယ်အင်္ဂါမှောင်ခိုကိစ္စကို လုံးဝ သည်းမခံကြောင်း၊ လူဦးရေ သန်းတစ်ထောင် ကျော်ရှိတဲ့ တရုတ်ပြည်မှာ ဥပဒေချိုးဖေါက်မှုတွေ ရှိနေပေမဲ့၊ ဥပဒေအရ ပြင်ပြင်းထန်ထန်အရေးယူမှာ ဖြစ်ကြောင်း ကိုယ်အင်္ဂါဆိုင်ရာ ညွှန်ကြားရေးမှူး ဒေါက်တာ ဟောင်ကျိဖု က ဗာတီကန်မှာ ကျင်းပတဲ့ ညီလာခံ တစ်ခုမှာပြောဆိုခဲ့ပါတယ်။

အခုလတ်တလော ကိုယ်အင်္ဂါ မှောင်ခိုလုပ်ငန်းနဲ့ပတ်သက်သူ ဆရာဝန် တရာကျော်၊ တရားရေးအရာရှိတွေ အပါအ၀င် ကျူးလွန်သူတွေကို ကြီးလေးတဲ့ထောင်ဒဏ်တွေချမှတ်ခဲ့ပြီးပြီလို့လဲ ပြောသွားပါတယ်။

ဒါပေမဲ့ အသေးစိတ်တော့ ထုတ်ဖေါ်မပြောခဲ့ပါဘူး။
RFA

No comments:

Post a Comment