ဘင်္ဂါလီအရေးကို နိုင်ငံတကာအရေးပြုလုပ်ခြင်း ကမ္ဘောဒီးယား သဘောမတူ
ပုဂံနှင့်ဆီရမ်ရိ(ပ်)မြို့သို့ တိုက်ရိုက်လေကြောင်းလိုင်း ပြန်လည်ပြေးဆွဲရန်ဆွေးနွေး
==========================
==========================
ဘင်္ဂါလီ(ရိုဟင်ဂျာ) အ ရေးအား နိုင်ငံတကာအရေးပြု လုပ်ခြင်းကို ကမ္ဘောဒီးယားက သ ဘောမတူကြောင်း သမ္မတဦးထင် ကျော်နှင့်ဖေဖော်ဝါရီ ၄ ရက်တွေ့ ဆုံစဉ် ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်ကပြောသည်။
မြန်မာနိုင်ငံရှိ ဘင်္ဂါလီ(ရို ဟင်ဂျာ) အရေးအပေါ် နိုင်ငံတကာက အာရုံစိုက်နေခြင်းကို သ ဘောမတူကြောင်း ကမ္ဘောဒီးယား ၀န်ကြီးချုပ်ဟွန်ဆန်က ပြောပြီး ယင်းသည် မြန်မာနိုင်ငံ၏ ပြည်တွင်းရေးသာဖြစ်သင့်သည်ဟုဆိုသည်။
‘‘ရိုဟင်ဂျာ(မူရင်း အသုံးအ နှုန်း) အရေးကို နိုင်ငံတကာအရေး ပြုလုပ်မှုအပေါ် ကျွန်တော်တို့သ ဘောမတူပါဘူး။ နောက်ပြီး အာ ဆီယံ သဘောတူညီချက်အရ လည်း အာဆီယံအဖွဲ့ဝင်တစ်နိုင်ငံ ရဲ့အချုပ်အခြာအာဏာကို ဘယ် နိုင်ငံမှ ၀င်စွက်ဖက်ခွင့်မရှိပါဘူး’’ ဟုဝန်ကြီးချုပ်ဟွန်ဆန်က သမ္မတ ဦးထင်ကျော်အား ပြောကြောင်း ကမ္ဘောဒီးယား ပြန်ကြားရေးဝန် ကြီး Khieu Kanharthth က ပြောကြားသည်။
မြန်မာနိုင်ငံ၏ပုဂံမြို့နှင့်ကမ္ဘောဒီးယားနိုင်ငံ၏ ဆီရမ်ရိ(ပ်)မြို့သို့ မြန်မာနိုင်ငံမှ ယခင်ပျံသန်းပြေးဆွဲခဲ့သည့် လေကြောင်းလိုင်းကို ပြန်လည်ပျံသန်းပြေးဆွဲရေး၊ ကုန် သွယ်မှုကဏ္ဍ အခွန်နှစ်ထပ်မ ကောက်ခံရေး နှစ်နိုင်ငံသဘောတူ စာချုပ် ချုပ်ဆိုနိုင်ရေးတို့ကို ဆွေး နွေးခဲ့ကြသည်ဟု သမ္မတရုံး၏ထုတ်ပြန်ချက်၌ ပါရှိသည်။
ထို့အပြင် ကမ္ဘောဒီးယား နိုင်ငံ သာသနာပြန့်ပွားရေးအ တွက် မြန်မာနိုင်ငံက လိုအပ်သည့် အကူအညီများ ဆက်လက် ထောက်ပံ့ကူညီရေးနှင့် နှစ်နိုင်ငံပူးတွဲကော်မရှင်အစည်းအဝေးကျင်းပရေးဆိုင်ရာ ကိစ္စရပ်များကိုလည်း ဆွေးနွေးခဲ့သည်။
ကမ္ဘောဒီးယားသို့ချစ်ကြည် ရေးခရီးရောက်ရှိနေသောသမ္မတ ဦးထင်ကျော်သည် ကမ္ဘောဒီးယား ၀န်ကြီးချုပ် ဟွန်ဆန်နှင့် စနေနေ့ နံနက်တွင် ငြိမ်းချမ်းရေးနန်းတော် ၌ တွေ့ဆုံဆွေးနွေးခဲ့သည်။ သမ္မတဦးထင်ကျော်က ၎င်းသည် ပြီးခဲ့သည့်နှစ်ကမှ တာဝန်ထမ်း ဆောင်ခြင်းဖြစ်၍ ကမ္ဘောဒီးယား ဘက်မှ ခေါင်းဆောင်မှု အတွေ့ အကြုံကို လိုအပ်ကြောင်း ပြော ကြားသည်ဟု ကမ္ဘောဒီးယား၏ သတင်းထုတ်ပြန်ချက်တွင် ပါရှိသည်။ ကမ္ဘောဒီးယား၏ စီးပွားရေးတိုးတက်မှုနှင့် ဖွံ့ဖြိုးမှုကို သမ္မတဦးထင်ကျော်က ချီးကျူးဂုဏ်ပြုခဲ့သည်ဟုဆိုသည်။
မြန်မာနိုင်ငံခြားရေးဝန်ကြီး ဌာန၏ထုတ်ပြန်ချက်အရ နှစ်နိုင်ငံအကြား ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု ပိုမိုတိုးမြှင့်ရေး ခရီးသွားလုပ်ငန်းကဏ္ဍ ပူးပေါင်းမြှင့်တင် ရန် နှစ်နိုင်ငံအကြားလေကြောင်းခရီးစဉ်များ ပြန်လည်စတင်ရေး၊ ပညာရေးကဏ္ဍအပိုင်းတွင် ကျောင်းသားများအပြန်အလှန် စေလွှတ်ရေး၊ ဘာသာစကားများ အပြန်အလှန်လေ့လာသင်ကြားနိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်နိုင်သည့် နည်းလမ်းများအပါအ၀င် လက်ရှိပူးပေါင်း ဆောင်ရွက်နေမှုများကို ပိုမိုတိုးမြှင့် ဆောင်ရွက်နိုင်ရေးတို့ကို ခေါင်းဆောင်နှစ်ဦးက ဆွေးနွေးခဲ့သည်။
=============
7Day News Journal
Subscribe to:
Post Comments (Atom)
No comments:
Post a Comment