Thursday, February 16, 2017
အမြွာပူးကိုအောင်မြင့်စွာ မွေးနိုင်ခဲ့တဲ့ အသက် ၆၄ နှစ်အရွယ်အမျိုးသမီး
အသက် ၆၀ ကျော်အရွယ်မှာ ကလေး မွေးဖို့ဆိုတာ အသက် အန္တာရယ် လွန်စွာ ကြီးပြီး မဖြစ်နိုင်ဘူးလို့ ထင်ကြပေမယ်လည်း စပိန်နိုင်ငံမြောက်ပိုင်းမှာတော့အသက် ၆၄ နှစ် အရွယ်ရှိအမျိုးသမီးကြီး တစ်ဦးဟာ အမြွာပူးကလေးကို အောင်မြင့်စွာမွေးဖွားနိုင်ခဲ့ပါတယ်။
စပိန်နိုင်ငံမြောက်ပိုင်းက ဘာဂေါ့စ်မြို့မှာ ဗိုက်ခွဲမွေးခဲ့တာ ဖြစ်ပြီး ကလေးနှစ်ဦးစလုံးလည်း ကျန်းမာတယ်လို့ သိရပါတယ်။
ကလေးတွေ ဟာ ယောက်ျားလေးနဲ့ မိန်းကလေး အမြွှာလေးတွေဖြစ်ပြီး ယောက်ျားလေးက ၅ ပေါင်ခွဲနီးပါးနဲ့ မိန်းကလေး ငါးပေါင်နီးပါး အလေးချိန် ရှိပါတယ်
အဲဒီအမျိုးသမီးဟာ အရင်က အမေရိကန်နိုင်ငံမှာ မျိုးဆက်ပွားကျန်းမာရေးနဲ့ပတ်သက်ပြီး ဆေးကုသမှု ခံယူခဲ့ဖူးတယ်လို့လည်း သတင်းတွေက ဆိုပါတယ်။
ဒါ့အပြင် သူဟာ ၂၀၁၂ ခုနှစ်တုန်းကလည်း သမီးလေးတစ်ဦး မွေးဖွားခဲ့ဖူးသူ ဖြစ်ပါတယ်။ ကလေးမွေးခဲ့တဲ့အမျိုးသမီးကြီး ရဲ့အမည်ကို ထုတ်ဖော်ပြောဆိုတာမရှိဘူးလို့ သတင်းတွေမှာဖော်ပြပါတယ်။
ref bbc
ဇက်အမ်အို(တိုင်းဧရာ) ဘာသာပြန်သည်
အမြွာပူးကိုအောင်မြင့်စွာ မွေးနိုင်ခဲ့တဲ့ အသက် ၆၄ နှစ်အရွယ်အမျိုးသမီး
Reviewed by timeayeyar
on
8:09 PM
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment