Latest News

Thursday, February 16, 2017

ပုသိမ်ဟိုတယ်အား သိန်းနှစ်ရာဖြင့် ငှားရမ်းကြောင်း စည်ပင်သာယာရေးဝန်ကြီးပြော

ပုသိမ်ဟိုတယ်အား သိန်းနှစ်ရာဖြင့် ငှားရမ်းကြောင်း စည်ပင်သာယာရေးဝန်ကြီးပြော



ပုသိမ်မြို့၊ ကန်သုံးဆင့်အား တစ်နှစ်၆၅သိန်း၊ ပုသိမ်ဟိုတယ်အား သိန်းနှစ်ရာဖြင့် ငှားရမ်းကြောင်း စည်ပင်သာယာရေးဝန်ကြီးပြောသည်။

"လွှတ်တော်တွေပေါ်လာတဲ့အခါမှာ လွှတ်တော်ကိုယ်စားလှယ်တွေ တည်းခိုနေထိုင်စရာ အဆောက်အဦ မရှိတဲ့အတွက် ပြည်နယ်တိုင်းဒေသကြီးတွေမှာ ဟိုတယ်တွေကို လွှတ်တော်ကိုယ်စားလှယ်တွေ တည်းခိုနေထိုင်နိုင်အောင် စီမံခန့်ခွဲဖို့လိုအပ်လာတဲ့အတွက် တိုင်းဒေသကြီးတစ်ခုကို ဟိုတယ်တစ်ခု၊ ပြည်နယ်တစ်ခု ဟိုတယ်တစ်ခု ထွေအုပ်ကို စီမံခန့်ခွဲဖို့၊ ငှားရမ်းဖို့ လွှဲပြောင်းပေးထားတာရှိပါတယ်”ဟု စည်ပင်သာယာရေးဝန်ကြီးဦကျော်မြင့်က မဇ္ဈိမသို့ ပြောသည်။

ပုသိမ်ဟိုတယ်ကို ဟိုတယ်ခရီးဝန်ကြီးဌာနက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကို လွှဲပြောင်းပေးထားကြောင်း၊  အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ  တစ်နှစ်ကို သိန်းနှစ်ရာနဲ့ ငှားရမ်းထားကြောင်း ၀န်ကြီးက ပြောသည်။

"Royal Lake ကို နှစ်ရှည်စာချုပ်တော့ချုပ်ထားတဲ့ ငှားရမ်းခဈေးနှုန်းတွေကို တစ်နှစ်တစ်ကြိမ် သင့်တော်တဲ့ ဈေးနှုန်းနဲ့ ပြောင်းလဲသတ်မှတ်ဖို့ဆိုတဲ့ သတ်မှတ်ချက်ရှိတယ်” ဟု စည်ပင်သာယာရေးဝန်ကြီး ဦးကျော်မြင့်က မဇ္ဈိမသို့ ပြောသည်။

အစိုးရပိုင်မြေနဲ့ အဆောက်အဦ ငှားရမ်းခတွေ၊ စည်ပင်ပိုင်မြေ အဆောက်အဦ ငှားရမ်းခများအား ခေတ်ကာလနှင့် လျော်ညီသော နှုန်းထားများဖြစ်အောင် စိစစ်ရန် တိုင်းဒေသကြီးအဆင့် အဖွဲ့ ဖွဲ့ ဆောင်ရွက်ရန် ပြည်ထောင်စုမှ နှိုးဆော်စာ ရောက်နေကြောင်း  ဝန်ကြီးက ပြောသည်။

Royal Lake ဟိုတယ်အား ၂၀၁၅-၁၆ဘဏ္ဍာနှစ်တွင် သိန်း ၆၀၊ တစ်နှစ်၂၀၁၆-၁၇ ခုနှစ်တွင် ၆၅ သိန်းဖြင့် စည်ပင်သာယာရေးက ငှားရမ်းထားသည်။

ဧရာဝတီတိုင်းဒေသကြီး၊ဟိုတယ်နှင့်ခရီးသွားညွန်ကြားမှုဦးစီးဌာနပိုင် အဆောက်အဦ ၃၉လုံးရှိကြောင်း၊ ၂၀၁၆-၁၇ ဘဏ္ဍာနှစ်တွင် ငှားရမ်းခ ၅၀၀သိန်းကျော် ရရှိခဲ့ကြောင်း စည်ပင်သာယာရေးဝန်ကြီးဦးကျော်မြင့်က တိုင်းဒေသကြီးလွှတ်တော်တွင် ပြောသည်။

ဟိုတယ်နှင့်ခရီးသွားညွန်ကြားမှုဦးစီးဌာနပိုင် အဆောက်အဦ ၆၉ လုံးရှိပြီး၊ပုဂ္ဂိုလ်က လုပ်ငန်းရှင်က တစ်နှစ် ငှားရမ်းလုပ်ကိုင်တဲ့ အဆောက်အဦ ၃၉လုံးကို တစ်နှစ်စာချုပ်နဲ့ ငှားရမ်းလုပ်ပိုင်ခွင့်ပြုခဲ့ကြောင်း ဝန်ကြီးက လွှတ်တော်တွင်ဆက်လက်ဆွေးနွေးသည်။

၂၀၁၄-၁၅ ဘဏ္ဍာနှစ်မှာ ကျပ်၃၈၉သိန်းကျော်၊၂၀၁၅-၁၆ဘဏ္ဍာနှစ်မှာအဆောက်အဦ ငှားရမ်းခ ၄၇၇သိန်း၊ ကုန်သွယ်ခွန် ၂၂သိန်းကျော်၊ ၂၀၁၆-၁၇တွင် အဆောက်အဦ ငှားရမ်းခ သိန်း ၅၀၀ကျော်၊ ကုန်သွယ်ခွန်၂၄ သိန်းကျော် ရရှိခဲ့သည်။


Mizzima

No comments:

Post a Comment