Latest News

Friday, February 3, 2017

ဘီလ်ဂိတ် ကမ္ဘာ့ပထမဆုံးထရီလီယံနာဖြစ်လာဖွယ်ရှိ

ဘီလ်ဂိတ် ကမ္ဘာ့ပထမဆုံးထရီလီယံနာဖြစ်လာဖွယ်ရှိ

လာမည့် ၂၅ နှစ်အတွင်းဒေါ်လာဘီလီယံ ၁၀၀၀ ချမ်းသာကြွယ်ဝသည့် ကမ္ဘာ့ပထမဆုံးထရီလီယံနာပေါ်ထွက်လာမည်ဖြစ်ဟု Oxfam ၏ သတင်းထုတ်ပြန်ချက်ကဆိုသည်။ အသက် ၆၁ နှစ်အရွယ် မိုက်ကရိုဆော့ဖ်သူဌေးကြီးဘီလ်ဂိတ်သည် နောင် ၂၅ နှစ်ဆိုလျှင် အသက် ၈၆ နှစ်ရှိမည်ဖြစ်သည်။ ၎င်းပိုင် ပရဟိတဖောင်ဒေးရှင်းများမှတဆင့် လှူဒါန်းပေးကမ်းနေလင့်ကစား ၎င်း၏ကြွယ်ဝမှုသည် ပြီးခဲ့သည့် ဆယ်စုနှစ်အတွင်း ၂၅ ဘီလီယံဒေါ်လာတိုးပွားလာပြီး၂၀၁၆ တွင် စုစုပေါင်းချမ်းသာမှုပမာဏ ၇၅ ဘီလီယံခန့်ရှိကြောင်းသိရသည်။

နောင်လာမည့်နှစ်အနည်းငယ်အတွင်း ဘီလ်ဂိတ်၏ကြွယ်ဝမှုပမာဏကိုခန့်မှန်းရန် ၂၀၀၉ မှ လက်ရှိအချိန်ထိ ကမ္ဘာ့သူဌေးကြီးအများစုရရှိနေသည့် တိုးပွားမှုနှုန်း ၁၁ ရာခိုင်နှုန်းဖြင့် မြှောက်လိုက်မည်ဆို ဘီလ်ဂိတ်၏ လက်ရှိချမ်းသာမှုသည် ၈၄ ဘီလီယံခန့်ရှိမည်ဖြစ်သည်။ ယင်းနှုန်းအတိုင်း ဆက်လက်တွက်ချက်မည်ဆိုပါကနောင် ၂၅ နှစ်တွင် ဘီလ်ဂီတ်သည် ပထမဆုံးထရီလီယံနာဖြစ်လာခြေရှိသည်။

Oxfam ၏အစီရင်ခံစာအရကမ္ဘာပေါ်တွင် ဆင်းရဲချမ်းသာကွာဟမှု တစတစကြီးမားလာပြီး ယင်းမှာကောင်မွန်သည့်အခြေအနေမဟုတ်ကြောင်း၊ လက်ရှိအချိန်တွင် ဘီလီယံနာရှစ်ဦး၏ ပိုင်ဆိုင်မှုပမာဏသည့် ကမ္ဘာ့လူဦးရေ ၃ ဒသမ ၆ ဘီလီယံ၏ချမ်းသာမှုနှင့် ညီမျှကြောင်း သိရသည်။

စီးပွားရေးတိုးတက်လာသည်နှင့်အမျှ ချမ်းသာကြွယ်ဝသူများက အကျိုးပိုမိုခံစားခွင့်ရနေပြီး ဆင်းရဲနွမ်းပါသူများကပိုမိုဆင်းရဲလျက်ရှိကြောင်း၊ စီးပွားရေးစနစ်တည်ဆောက်ပုံဒီဇိုင်းနှင့် စီးပွားရေးနိယာမများသည် လက်ရှိအခြေအနေကိုအစွန်းတဘက်သို့ တွန်းပို့ရောက်ရှိနေပြီး ရေရှည်ထိန်းသိမ်းထားရန် မဖြစ်နိုင်သည့်အခြေအနေပင်ဖြစ်ကြောင်း ယင်းအစီရင်ခံစာက သတိပေးထားသည်။

အော်စကာ
Ref;Metro
News Watch

No comments:

Post a Comment