ပုဒ်မ ၃၇၆ အား သေဒဏ်အဖြစ် တိုးမြှင့်ချမှတ်ရန် လွှတ်တော်တွင် ဆွေးနွေးရန်မရှိ
၃၇၆ အရ ပြစ်ဒဏ်ချမှတ်မှု သေဒဏ်အထိ တိုးမြင့်ချထားနိုင်မယ့်ဥပဒေ လွှတ်တော်မှာ ဆွေးနွေးဖို့မရှိဘူးလို့ ပြည်သူ့လွှတ်တော်က ကြေညာလိုက်ပါတယ်။
ရသေ့တောင်မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စောဝေ တင်သွင်းတဲ့ အဆိုဖြစ်တဲ့ ၁၈၆၁ ခုနှစ်က ပြဋ္ဌာန်းခဲ့တဲ့ ရာဇသတ်ကြီးဥပဒေပါ ပုဒ်မ ၃၇၆ အရ ပြစ်ဒဏ်ချမှတ်နိုင်မှုကို သေဒဏ်အထိ တိုးမြင့်ချထားနိုင်ဖို့ ပြင်ဆင်တဲ့ ဥပဒေပြဋ္ဌာန်းနိုင်ဖို့ အဆိုနဲ့ပတ်သတ်ပြီး ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ကြေညာခဲ့တာဖြစ်ပါတယ်။
“မုဒိမ်းမှုကျူးလွန်သူတွေကို သာမန်ပြစ်ဓာဏ်ပေးရုံနဲ့ လုံလောက်မှုမရှိပါဘူး။ အဲဒီအတွက် ကျူးလွန်သူတွေကြောက်ရွံ့ သွားအောင်နဲ့ စံနမူနာယူနိုင်အောင် ပြင်းထန်တဲ့ သေဒဏ်အပြစ်ပေးနိုင်ဖို့ ဥပဒေကို ပြင်ဆင် သင့်ပါတယ်။ မြန်မာနိုင်ငံဟာ သေဒဏ်ချမှတ်နိုင်တဲ့ ဥပဒေတွေဖျက်သိမ်းထားတဲ့ နိုင်ငံမဟုတ်ပါဘူး။ သေဒဏ်ပဲ ချမှတ်ရမယ့် ဥပဒေတွေလည်း ရှိတဲ့အတွက် ပုဒ်မ ၃၇၆ ကျူးလွန်သူတွေကို သေဒဏ်ပေးဖို့ ပြင်ဆင်သင့်ပါတယ်”လို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စောဝေက တင်ပြခဲ့ပါတယ်။
ဒေါ်ခင်စောဝေရဲ့ အဆိုနဲ့ပတ်သတ်ပြီး ဖြေရှင်းဖို့မရှိပေမယ့် ရာဇသတ်ကြီး ဥပဒေဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၅၀ လောက်က အင်္ဂလိပ်လို ရေးဆွဲထားတဲ့ ဥပဒေဖြစ်သလို လက်ရှိအချိန်ထိလည်း အင်္ဂလိပ်လိုပဲ အတည်ပြုထားတဲ့အတွက် အင်္ဂလိပ်လိုအရင် ပြင်ဆင်ပီးမှ လွှတ်တော်မှာ ဆွေးနွေးသင့်တယ်လို့ ပြည်ထောင်စု တရားသူကြီးချုပ်က ပြန်လည်ဆွေးနွေးခဲ့ပါတယ်။
တရားသူကြီးချုပ်ရဲ့ ဆွေးနွေးမှုအရ ပြင်ပမှာ အရင်ပြင်ဆင်ပြီးမှ လွှတ်တော်မှာ ဆွေးနွေးသင့်တယ်လို ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌဦးဝင်းမြင့်ရဲ့ သုံးသတ်ချက်ကို ကန့် ကွက်သူမရှိခဲ့ပါဘူး။
အဲဒီအတွက် လွှတ်တော်မှာ ဆွေးနွေးဖိုမရှိဘူးလို့ ဖေဖော်ဝါရီ ၂ ရက်နေ့ ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် စတုတ္ထပုံမှန်အစည်းဝေး ဒုတိယနေ့မှာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ကြေညာခဲ့ပါတယ်။
Sources : DVB
Subscribe to:
Post Comments (Atom)
No comments:
Post a Comment