Latest News

Monday, February 27, 2017

ကားဈေးမြင့်တတ်နိုင်

ကားဈေးမြင့်တတ်နိုင်

ကားဈေးတွေ မြင့်တက်လာနိုင်တယ်လို့ တွက်ချက်မှုတွေအရ လိုအပ်တဲ့သူတွေ အဝယ်ရှိလာပါတယ်။

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၅ - ၂၀၁၇ ခုနှစ် ပြည် ထောင်စုရဲ့ အခွန်အကောက်ဥပဒေကြမ်းကို ပြည်ထောင်စုလွှတ်တော်က ဖေဖော်ဝါ ရီ ၂၄ ရက် မနေ့က အတည်ပြုလိုက်ပါတယ်။ အဲဒါကြောင့် တင်သွင်းတဲ့ ကားတွေကို အထူးကုန်စည်ခွန်ကောက်ခံဖို့ သေချာသွားပါပြီ။  လာမယ့်ဘဏ္ဍာနှစ်စ ဧပြီ ၁ ရက်ကစပြီး  စလစ်ကပ်ကားတွေကို ဝင်ငွေခွန်ကောက်ခံတော့မှာဖြစ်သလို အထူးကုန်စည်ခွန်လည်း တိုးမြှင့်ကောက်ခံတော့မှာဖြစ်လို့ ကားဈေးနှုန်းတွေကအတွက်ဘက်ကိုသာ ဦးတည်နေပါတယ်။ ဒါကြောင့် အခွန်တွေ ပြောင်းလဲကောက်ခံ မယ့် လာမယ့်ဘဏ္ဍာနှစ်မရောက်ခင် ကားဝယ်ယူမှုတွေရှိလာပါတယ်။

“အေထူးသဖြင့် ဒီရက်ပိုင်းမှာ စလစ် ကပ်ကားတွေ အရောင်းအဝယ်ဖြစ်ပါ တယ်၊ အဲဒါက အားလုံးသိတဲ့အတိုင်း လာမယ့် ဧပြီ ၁  ရက်ကျော်ရင် အခွန်ပြောင်းလဲ ကောက်ခံတာတွေကြောင့် ကားဈေးတွေ မြင့်တက်လာနိုင်တယ်လို့ တွက်ချက်မှုတွေအရ တကယ်လိုအပ်တဲ့သူတွေ အဝယ်ရှိလာတာပါ၊ လာမယ့်ဘဏ္ဍာနှစ် အကူးအပြောင်းကာလနီးလေ ပိုရောင်းရလေဖြစ် လာနိုင်ပါတယ်” လို့ သီရိမင်္ဂလာကားရောင်းဝယ်ရေးစခန်းက ဝါရင့်ဝယ်ရောင်း ကိုမျိုးကိုကိုက ပြောပါတယ်။

စလစ်ကပ်ကား အရောင်းအဝယ်ဖြစ်

ယာဉ်အိုယာဉ်ဟောင်း အပ်နှံပြီး အစားထိုး ယာဉ်စလစ်နဲ့ တင်သွင်းတဲ့ စလစ် ကပ်ကားတွေကို ကြိုတင်ဝင်ငွေခွန်ကောက်ခံမယ်လို့ တရားဝင်ကြေညာပြီး တဲ့နောက်ပိုင်း စလစ်ကပ်ကားတွေ အရောင်းအဝယ်ဖြစ်လာပါတယ်။ အဲဒါက လာမယ့်ဘဏ္ဍာနှစ်မှာ သေချာပေါက် ဈေးနှုန်းမြင့်တက်မှာဖြစ်လို့ ကြိုတင်ဝယ်ယူ တာတွေ များလာတာပါ။  ၂၀ဝ၃ ကနေ ၂၀ဝ၆ မော်ဒယ်ဝန်းကျင် စလစ်ကပ်ကား တွေ ကျပ်သိန်း ၂၀ဝ ကနေ ၃၀ဝ ကြား ဝယ်နိုင်တဲ့သူရှိနေပါသေးတယ်။ ၂၀၁၁ မော်ဒယ်ကို ကျပ်သိန်း ၈၀ဝ နဲ့ ၉၀ဝ ကြား ဝယ်ယူနိုင်ဖို့က ခဲယဉ်းလာမှာဖြစ်တယ်။ ဒါကြောင့် ဈေးသိပ်မတက်ခင် ဝယ်ယူတာများလာပါတယ်။ ၂၀ဝ၆ မော် ဒယ် စလစ်ကပ်ကား ကျပ်သိန်း ၃၅၀ နဲ့ ကျပ်သိန်း ၅၀ဝ ဝန်းကျင်ကြား အဝယ် များပါတယ်။ တိုယိုတာဝှစ်၊ ကလူဂါ၊ အာရာဖတ်နဲ့ တိုယိုတာကရောင်းလို ကားမျိုးတွေ အရောင်းအဝယ်ရှိပါတယ်။

စလစ်ဈေးတက်

စလစ်ကပ်ကားတွေ အရောင်းအဝယ် ဖြစ်နေတဲ့ အတွက် စလစ်အပ်ကားတွေ ဝယ်ယူတာများလာပြီး စလစ်ဈေးလည်း မြင့်တက်လာပါတယ်။ စလစ်ကပ်ကားတွေကို စလစ်ဝယ်ယူကပ်ပြီး အမည် ဖောက် နံပါတ်ယူတာတွေ များလာပါ တယ်။ အဓိကကတော့ ဧပြီလမတိုင်မီ အခွန်ရှောင်နိုင်ဖို့ ဖြစ်ပါတယ်။ ငွေရင်းနှီးမြှုပ် နှံနိုင်သူ အချို့ကတော့ လက်ရှိပေါက်ဈေး နဲ့ မရောင်းချနိုင်သေးဘဲ စလစ်ကပ်နံပါတ် ယူထားကြတာများပါတယ်။ လက်ရှိမှာနံပါတ်ကြုနြု စီးရီးကို စတင်ရောက်ရှိနေပြီ ဖြစ်တယ်။ ကားတင်သွင်းတာ နည်းပါးလာတဲ့အတွက်ြုနြု စီးရီး မှာ ကြာရှည် နိုင်တယ်လို့လည်း ခန့်မှန်းထားကြပါ တယ်။ အဲဒါကြောင့် လက်ရှိမှာ နံပါတ် ယူထားလည်း ဧပြီလနောက်ပိုင်းမှာ ပြန် ရောင်းလည်း နံပါတ်က သိပ်မဟောင်းနိုင်ဘူးလို့ တွက်ချက်ကြပါတယ်။ နံပါတ် ဟောင်းသွားတာက ကျပ်သိန်း ၃၀ ဝန်း ကျင်လောက် ဈေးလျော့နိုင်ပေမဲ့ အခွန်ဆောင်ရရင် ကျပ်သိန်းရာနဲ့ချီ နစ်နာနိုင်ပါတယ်။ ဒါကြောင့် ဧပြီမတိုင်မီ နံပါတ် ကြိုယူနိုင်ဖို့ စလစ်ဝယ်သူ များလာပါတယ်။

နောက်တစ်ချက်ကတော့ ၂၀၁၅ ကွန်ဆိုင်းမန့်နဲ့ တင်သွင်းထားတဲ့ ကားတွေ သက်တမ်းခြောက်လတိုးပေးထားတာက တဖြည်းဖြည်းနီးကပ်လာတဲ့အတွက် စလစ်ကပ်လာကြတာလည်းရှိပါတယ်။  လက်ရှိမှာစလစ်လိုအပ်ချက်မြင့်တက်နေ ပြီး သက်တမ်း နှစ် ၂၀ စလစ်အပ်ကား ရှားပါးလာတာဖြစ်တယ်။ ၁၉၉၅ အောက် ဘတ်စ်ကားတွေကို စလစ်အပ်ခွင့်ပြုထားပေမဲ့ လက်ရှိမှာ ပြေးဆွဲနေကြဆဲဖြစ်တဲ့ အတွက် ယာဉ်အိုယာဉ်ဟောင်း ဘတ်စ်စလစ်ကလည်း ဈေးကွက်ထဲရောက်ရှိတာ နည်းပါးနေပါတယ်။ အဲဒါကြောင့် အမည် ပေါက် စလစ်တစ်စောင်ရဲ့ ဈေးနှုန်းက ကျပ်သိန်း ၁၂၀ ဝန်းကျင်အထိ မြင့်တက် နေပါတယ်။ သက်တမ်းနှစ် ၂၀ စလစ်အပ်ကားရဲ့ ဈေးနှုန်းက ၁၁၂ သိန်းဝန်းကျင်နဲ့ အရောင်းအဝယ်ရှိပါတယ်။ စလစ်ဈေးမြင့် တက်လာတာကို ထိန်းချုပ်တာမျိုးမရှိရင် တော့ ဧပြီနားနီးလေ စလစ်ဈေး ပိုမိုမြင့် တက်လေဖြစ်လာနိုင်တယ်လို့ ကားတင် သွင်းရောင်းချသူတွေက သုံးသပ်ပါတယ်။

အောင်ထွန်းဦး

Kumudra


No comments:

Post a Comment