အီတလီနိုင်ငံသို့ မေလတွင် ဒေါ်နယ်ထရမ့် အလည်အပတ်သွားရောက်မည်
၂၀၁၇ မေလတွင် အီတလီနိုင်ငံ၌ ကျင်းပမည့် G7 ထိပ်သီးညီလာခံသို့ ဒေါ်နယ်ထရမ့် တက်ရောက်မည်ဟု အိမ်ဖြူ တော်မှ ပြီးခဲ့သော စနေနေ့မှာ ပြောခဲ့ပြီး ဥရောပတိုက်သို့ အမေရိကန်ပြည်ထောင်စု၏ သမ္မတအနေဖြင့် ပထမဦးဆုံး လာရောက်လည်ပတ်ခြင်းဖြစ်ကြောင်းသိရသည်။
အီတလီဝန်ကြီးချုပ်ပါအိုလိုဂျန်တီလိုနီနှင့် ဖုန်းဆက်သွယ်ပြောဆိုပြီးနောက်တွင် စစ်စလီကျွန်းရှိ တာအိုမီနာမြို့၌ ကျင်းပမည့် ကမ္ဘာ့ထိပ်သီးစက်မှုနှင့် စီးပွားရေးနိုင်ငံများပါဝင်သည့် အစည်းအဝေးသို့ ဒေါ်နယ်ထရမ့်တက်ရောက် မည်ဖြစ်ကြောင်း အိမ်ဖြူတော်မှ ထုတ်ပြန်ကြေညာခဲ့သည်။
အီတလီဝန်ကြီးချုပ်နှင့် ဖုန်းပြောဆိုနေစဉ် အတောအတွင်း၌ ဒေါ်နယ်ထရမ့်က နေတိုးမဟာမိတ်အဖွဲ့အပေါ်ထား သော အမေရိကန်ပြည်ထောင်စု၏ သဘောထားအား ထပ်လောင်းပြောကြားခဲ့ပြီး နေတိုးမဟာမိတ်အဖွဲ့အားလုံးက ကာကွယ်ရေးအသုံးစရိတ် ၀န်ထုပ်ဝန်ပိုးကြီးအား မျှဝေတာဝန်ယူသွားရန် အရေးကြီးကြောင်း အလေးထားပြော ကြားခဲ့သည်ဟု အိမ်ဖြူတော်မှ ပြောခဲ့သည်။
ယခုလအနှောင်းပိုင်းတွင် ဒုတိယသမ္မတမိုက်ခ်ပန့်စ်သည်လည်း ဥရောပသမဂ္ဂနှင့် နေတိုးအဖွဲ့တို့ရှိရာ မြူးနစ်မြို့ နှင့် ဘရပ်စဲလ်မြို့များသို့ သွားရောက် လည်ပတ်မည်ဖြစ်ကြောင်းလည်း ထုတ်ပြန်ကြေညာခဲ့သည်။
Ref:AFP
=============
Mizzima - News in Burmese
Subscribe to:
Post Comments (Atom)
No comments:
Post a Comment