ရန်ကုန်တိုင်းတွင် အကြမ်းဖက်မှုများကို ဘယ်တော့မှခွင့်ပြုမည်မဟုတ်ဟု ဦးဖြိုးမင်းသိန်းပြော
ရန်ကုန်တိုင်းတွင် အ ကြမ်းဖက်မှုများကို ဘယ်တော့မှ ခွင့်ပြုမည်မဟုတ်ကြောင်းရန်ကုန် တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း က ပြည်သူများအား ကတိပြုပြော ကြားသည်။
ဖေဖော်ဝါရီ ၂၇ ရက် ညနေက ရန်ကုန်လေဆိပ်တွင် ပြု လုပ်သည့် ဦးကိုနီနှင့် ဦးနေဝင်းတို့ အတွက် တစ်လပြည့်အောက်မေ့ ဖွယ်နှင့် အကြမ်းဖက်မှုဆန့်ကျင် ရေးအခမ်းအနား၌ ဦးဖြိုးမင်းသိန်းက ထိုသို့ ပြောကြားခြင်းဖြစ်သည်။ ‘‘ကမ္ဘာကြီးဟာ အကြမ်းဖက်မှုကို ခွင့်ပြုမထားပါဘူး။ ဒီလိုပဲ မြန်မာ နိုင်ငံကလည်း အကြမ်းဖက်မှုတွေ ကို ခွင့်ပြုထားမှာ မဟုတ်ပါဘူး။ ဒီလိုပဲ ကျွန်တော်တို့ ရန်ကုန်တိုင်းကလည်း ရန်ကုန်မြို့တော်ကြီးမှာ အကြမ်းဖက်မှုတွေကို ဘယ်တော့မှ ခွင့်ပြုမှာ မဟုတ်ဘူးလို့ ဒီနေရာက ကျွန်တော် ကတိပြုပါတယ်’’ဟု ဦးဖြိုးမင်းသိန်းက ပြောကြားခဲ့ သည်။
ထို့အပြင် လက်ရှိကာလ သည် တရားဥပဒေစိုးမိုးမှုကို ရှေ့ တန်းတင်ထားသည့် ကာလဖြစ်ပြီးရန်ကုန်မြို့တော်သည် တရားဥပ ဒေစိုးမိုးမှုကင်းမဲ့နေသော မြို့တစ် မြို့မဟုတ်ကြောင်း ဦးဖြိုးမင်းသိန်းက ပြောသည်။
‘‘လက်နက်ကိုင်ဆောင်ခွင့် မရှိတဲ့ လေဆိပ်လို နေရာမျိုးမှာ သေနတ်နဲ့ ဦးခေါင်းကို ချိန်ပစ်နိုင် လောက်အောင် ကျွန်တော်တို့နိုင် ငံဟာ ဥပဒေမဲ့နေပြီလားလို့ မေး ခွန်းထုတ်ရမယ့် အခြေအနေမျိုး မဖြစ်ဖို့ ကျွန်တော်တို့ပြည်သူလူထု တစ်ရပ်လုံးဟာ အကြမ်းဖက်မှုကို ဆန့်ကျင်သွားမှာဖြစ်ပါတယ်’’ဟု ၎င်းက ဆိုသည်။
ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း သည် အခမ်းအနားပြီးနောက် ယမန်နေ့ ည ၈ နာရီတွင် လှိုင်သာ ယာမြို့နယ်သို့ သွားရောက်ခဲ့ပြီး တရားဥပဒေစိုးမိုးရေး၊ တည်ငြိမ် အေးချမ်းရေးနှင့် မှုခင်းကျဆင်း ရေးတို့အတွက် လုံခြုံရေးတာဝန် ဆောင်ရွက်နေသော သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် အဖွဲ့ဝင်များကို တွေ့ဆုံခဲ့သည်။ ထို့နောက် သက်ဆိုင်ရာ နယ်မြေ များ၏လိုအပ်ချက်များကိုလည်း ဆွေးနွေးခဲ့ကြောင်း သတင်းရရှိ သည်။
ဇန်နဝါရီ ၂၇ ရက်သည် တရားလွှတ်တော်ရှေ့နေ ဦးကိုနီ နှင့် ဦးနေဝင်းသေဆုံးမှု တစ်လ ပြည့်ဖြစ်ပြီး လက်ရှိတွင် ဦးကိုနီကို လုပ်ကြံသည့် အမှုနှင့်ပတ်သက်၍ တရားခံသုံးဦးကို ဖမ်းဆီးထားသည်။
ရန်ကုန်တိုင်းတွင် ၂၀၁၅ အတွင်း အမှုကြီးပေါင်း ၃၉၇ မှု ဖြစ်ပွားခဲ့ပြီး ၂၀၁၆ တွင် ၄၆၉ မှု ဖြစ်ပွားခဲ့သည်။ ထို့ပြင် ယမန်နှစ် က ခိုးမှုနှင့် မုဒိမ်းမှုများ စံချိန်တင် ဖြစ်ပွားခဲ့ပြီး တိုင်းဒေသကြီးရဲတပ် ဖွဲ့မှတ်တမ်းများအရ ရန်ကုန်တိုင်း ၌ အကြမ်းဖက်မှုများစွာဖြစ်ပွား ခဲ့သော နှစ်လည်းဖြစ်သည်။
၂၀၁၆ တွင် လေးလောင်းပြိုင်လူသတ်မှု၊ ကြည့်မြင်တိုင်မြို့နယ်တွင် နေ့ခင်းကြောင်တောင် အနုကြမ်းစီးမှု၊ စမ်းချောင်းမြို့နယ်တွင် နေ့ခင်းကြောင်တောင် သေနတ်ဖြင့် ဓားပြတိုက်မှုများဖြစ် ပွားပြီး တရားခံမမိသေးပေ။
ဒီချုပ်အစိုးရသက်တမ်း ငါး နှစ်အတွင်း ရန်ကုန်မြို့ ရပ်ကွက် အချို့ရှိ အုပ်စုဖွဲ့လူမိုက်ဂိုဏ်းများ ကို ကင်းစင်ပပျောက်သည်အထိ လုပ်ဆောင်မည်ဟု ဦးဖြိုးမင်းသိန်း သည် ပြီးခဲ့သည့်နှစ်က ပြောကြား ခဲ့သည်။
7Day News Journal
Monday, February 27, 2017
ရန်ကုန်တိုင်းတွင် အကြမ်းဖက်မှုများကို ဘယ်တော့မှခွင့်ပြုမည်မဟုတ်ဟု ဦးဖြိုးမင်းသိန်းပြော
ရန်ကုန်တိုင်းတွင် အကြမ်းဖက်မှုများကို ဘယ်တော့မှခွင့်ပြုမည်မဟုတ်ဟု ဦးဖြိုးမင်းသိန်းပြော
Reviewed by Ar Ti
on
9:16 PM
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment