Latest News

Sunday, February 19, 2017

တက္ကသိုလ် တွေမှာ အိပ်ဆောင်ဆောက်ဖို့ ကျပ်သန်း ၃၉ ဘီလျံသုံးစွဲမည်

တက္ကသိုလ် တွေမှာ အိပ်ဆောင်ဆောက်ဖို့ ကျပ်သန်း ၃၉ ဘီလျံသုံးစွဲမည်

   
တက္ကသိုလ်တက္ကသိုလ် ၊ ကောလိပ်၊ ဒီဂရီကောလိပ် ၅၁ ခုမှာ ကျောင်းသူကျောင်းသားတွေအတွက် အိပ်ဆောင် ၆၂ ဆောင်ဆောက်လုပ်ပေးဖို့ ကျပ်သန်းပေါင်း ၃၉ ဘီလျံကျော် တောင်းခံထားတယ်လို့ ပညာရေး ဝန်ကြီးက ဆိုပါတယ်။

“ဒီအဆိုပြုတင်ပြချက်ကို ခွင့်ပြုရင်တော့ အတတ်နိုင်ဆုံး ဘတ်ဂျက်တွေကို စနစ်တကျနဲ့ အချိန်မီ နဲ့ အရည်အသွေးပြည့်မီရေးကို တိုင်းဒေသကြီးပြည်နယ်အစိုးရအဖွဲ့တွေရယ်၊ ပြည်သူလူထုတွေရယ်၊ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ပူးပေါင်းပြီးတော့ ဆောင်ရွက်သွားမှာဖြစ်ပါတယ်”လို့ ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက လွှတ်တော်တွင်းမှာ ပြောပါတယ်။

ပညာရေးဝန်ကြီးဌာနအနေနဲ့ ကြားကာလမှာ တက္ကသိုလ်ဒီဂရီ ကောလိပ် ၅၁ ခုမှာ ကျောင်းသူကျောင်းသား အိပ်ဆောင် ၂၂၁ ဆောင်ကို ဆောက်လုပ်ပေးခဲ့ပါတယ်။ သည်လိုဆောက်လုပ်ပေးခဲ့ပေမဲ့ လုံလောက်မှုမရှိပါဘူး။ အထူး သဖြင့် နည်းပညာတက္ကသိုလ်၊ ကွန်ပျူတာတက္ကသိုလ် ၊ GTI, THS တို့မှာ အိပ်ဆောင်တွေ၊ စာသင်ခန်းတွေအများကြီး ဆောင်ရွက်ပေးရဦးမှာပါ။ ဒါကြောင့် ပညာရေးဝန်ကြီးဌာနအနေနဲ့ ၂၀၁၇- ၂၀၁၈ ဘဏ္ဍာရေးနှစ်အတွက် တက္က သိုလ်၊ ဒီဂရီကောလိပ် စုစုပေါင်း ၅၁ ခုမှာ ကျောင်းသူ ကျောင်းသား အိပ်ဆောင် အရေအတွက် စုစုပေါင်း ၆၂ ဆောင်ကို ဆောက်လုပ်ဖို့ ငွေ ကျပ်သန်းပေါင်း ၃၉.၂၃၉ ဘီလျံကို ထည့်သွင်းလျာထားပါတယ်လို့ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီး က ယနေ့ကျင်းပတဲ့ လွှတ်တော်အ စည်းအဝေးမှာ ပြောပါတယ်။

သည်လိုလျာထားပေမဲ့ မလုံလောက်သေးတာကြောင့် လိုအပ်နေတာ အမှန်တကယ်ဖြစ်တာကြောင့် နည်းပညာတက္ကသိုလ်တွေ၊ ကွန်ပျူတာတက္ကသိုလ်တွေ၊ GTI တွေ၊ THS တွေ၊ ပညာရေးကောလိပ်တွေမှာ အိပ်ဆောင်တွေ၊ စာသင်ခန်းတွေနဲ့ဝန်ထမ်းအိမ်ရာတွေဆောက်ဖို့ ၈၅ ဘီလျံကျော်ကိုလည်း ထပ်မံအဆိုပြု ထားပါတယ်။

READ  အဖေ့ဂုဏ်ပြုလက်ဆောင်
ဒါ ကြောင့် ပညာရေးဝန်ကြီး ဌာန ထပ်မံအဆိုပြုတင်ပြထားတာ သည် သာမန်နဲ့ ငွေလုံးငွေရင်းအသုံးစရိတ် ၁့ ၇၇ ဘီလျံထဲကနေ ထပ်မံလိုအပ်သေးတဲ့အတွက် ၈၅ ဘီလျံကို ထပ်မံအဆိုပြုတင်ပြတာ ဖြစ်ပါတယ်။

၂၀၁၇ ခုနှစ်အတွက် ပညာရေးဝန်ကြီးဌာနရဲ့ အသုံးစ ရိတ်တောင်းခံမှုက ပြည်ထောင်စု တစ်ခုလုံးရဲ့ သုံးငွေအချိုးမှာ ၈.၄ ရာခိုင်နှုန်းသာ ရှိပါတယ်။

နိုင်ငံအတွင်းက တက္ကသိုလ် အများစု၊ အထူးသဖြင့် သိပံနှင့်နည်းပညာဆိုင်ရာ တက္ကသိုလ်တွေက မြို့ပြင်တွေမှာရှိခြင်း၊ မြို့ကြီးတိုင်းမှာ သည်တက္ကသိုလ်တွေမရှိခြင်းကြောင့် ကျောင်းသူကျောင်းသားတွေသွားလာရခက်ခဲလျက်ရှိ ကြပါတယ်။ အချိန်ကုန် သက်သာစေပြီး ထိရောက်တဲ့ တက္ကသိုလ်ပညာရေးစနစ်ဖြစ်စေဖို့ ၊တက္ကသိုလ်ရဲ့အနှစ်သာရကို ခံ စားနိုင် စေဖို့ ကျောင်းသူကျောင်းသားချင်းညီကိုမောင်နှမစိတ်နဲ့စည်းလုံးညီညွတ်စွာပူးပေါင်းဆောင်ရွက်တတ်စေဖို့ ကျောင်းတွင်းအိပ်ဆောင်နေခွင့်ရတဲ့ ပညာရေးစနစ်ကို ဖော်ဆောင်နိုင်ဖို့ လိုအပ်ပါတယ်။

ချိုဇင်မာဝင့်

Kumudra

TAGSတက္ကသိုလ်
   

No comments:

Post a Comment