Latest News

Tuesday, February 7, 2017

ဆရာ၊ ဆရာမများအား ငါးနှစ်တစ်ကြိမ် ကျောင်းပြောင်းရွှေ့မည်ဖြစ်ပြီး ရာထူးတိုး အပြောင်းအရွှေ့ကို သင်ကြားမှု စွမ်းဆောင်ရည်အပေါ် မူတည်ကာ ဆုံးဖြတ်မည်ဟု ပညာရေးဝန်ကြီး ပြောကြား

ဆရာ၊ ဆရာမများအား ငါးနှစ်တစ်ကြိမ် ကျောင်းပြောင်းရွှေ့မည်ဖြစ်ပြီး ရာထူးတိုး အပြောင်းအရွှေ့ကို သင်ကြားမှု စွမ်းဆောင်ရည်အပေါ် မူတည်ကာ ဆုံးဖြတ်မည်ဟု ပညာရေးဝန်ကြီး ပြောကြား

ဆရာ၊ ဆရာမများအား ငါးနှစ်တစ်ကြိမ် ကျောင်းပြောင်းရွှေ့မည်ဖြစ်ပြီး ရာထူးတိုး အပြောင်းအရွှေ့ကို သင်ကြားမှု စွမ်းဆောင်ရည်အပေါ် မူတည်ကာ နေရာအရွှေ့အပြောင်း ဆုံးဖြတ်မည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ပြောကြားသည်။

စာမေးပွဲရလဒ်သည် ကျောင်းသား ကျောင်းသူများ၏ စွမ်းဆောင်ရည်ကို တိုင်းတာခြင်း မဟုတ်ဘဲ ဆရာ၊ ဆရာမများက ကျောင်းသား၊ ကျောင်းသူများကို မည်မျှတတ်မြောက်အောင် သင်ပေးနိုင်သည်ဆိုသည့် စွမ်းဆောင်ရည်ကို တိုင်းတာခြင်းသာဖြစ်ကြောင်း၊ ကျောင်းသားများကို စာမေးပွဲချရန် မလိုကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။


“စာမေးပွဲရလဒ်သည် ကျောင်းသားရဲ့ စွမ်းဆောင်ရည်ကို ပြောတာမဟုတ်ဘူး။ ဆရာ၊ ဆရာမက ကျောင်းသားကျောင်းသူကို ဘယ်လောက်တတ်အောင် သင်ပေးနိုင်သလဲဆိုတဲ့ စွမ်းဆောင်ရည်ကို တိုင်းတာတာဖြစ်ပါတယ်။ ကျောင်းသား၊ ကျောင်းသူကို စာမေးပွဲချဖို့ မဟုတ်ပါဘူး။ ဒါကိုကျွန်တော်တို့သွားမှာ ဖြစ်ပါတယ်။ နောက် ၂၀၁၈ ခုနှစ်မှာ ရာထူးတိုးပြောင်းပြီဆိုရင် အဲဒီစွမ်းဆောင်ရည်တွေပေါ်မှာ မူတည်ပြီး ဆရာ ဆရာမ အားလုံးကို ငါးနှစ်ပြည့်ပြီဆိုတာနဲ့ အဲဒီစွမ်းဆောင်ရည်ပေါ်မှာ မူတည်ပြီး စွမ်းဆောင်ရည်ကောင်းရင် ဒီဘက်ကျောင်းကနေ ဟိုဘက်ကျောင်းကိုပြောင်း၊ မကောင်းရင် နည်းနည်းဝေးတဲ့နေရာသွား။ စွမ်းဆောင်ရည်လည်း မကောင်းဘူး၊ စေတနာလည်း မရှိဘူး။ ကျောင်းသား၊ ကျောင်းသူကို သင်ယူတတ်မြောက်အောင် လုပ်ပေးဖို့အတွက် သတ္တိလည်းမရှိဘူး။ အနစ်နာလည်း မရှိဘူးဆိုရင် ဝေးဝေးသွားတော့။ ဒါတော့ သူ့ထိုက်နဲ့ သူ့ကံပဲ” ဟု ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ပြောကြားသည်။

ထို့ပြင် ကျောင်းတစ်ကျောင်းတွင် တာဝန်ယူ စာသင်ကြားမှု ငါးနှစ်ပြည့်တိုင်း ကျောင်းပြောင်းရွှေ့ သင်ကြားရမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။

“ငါးနှစ်ပြည့်သော ဆရာ၊ ဆရာမတိုင်းကိုလည်း ပြောင်းပေးမှရမယ်။ မဟုတ်ရင် ဒီကျောင်းတွေမှာ သူတို့ရှိမှဖြစ်မယ်။ သူတို့ မရှိရင်မဖြစ်ဘူး။ ဒီလိုတွေ ဖြစ်နေတယ်” ဟု  ပြည်ထောင်စုဝန်ကြီးက ဆက်လက်ပြောကြားသည်။

မိမိကိုယ်တိုင် လက်ဆောင်ပစ္စည်း လက်ခံခြင်း မပြုသကဲ့သို့ မည်သည့်အကြောင်းပြချက်နှင့်မျှ ငွေကြေးကောက်ခံခြင်း၊ လက်ဆောင်ပစ္စည်း လက်ခံခြင်းမပြုရန် တားမြစ်ထားကြောင်းလည်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။
Writer:
ကျော်မျိုး
Eleven Media Group Co., Ltd

No comments:

Post a Comment