Latest News

Friday, February 17, 2017

သူငယ်အိမ်စောင်းနေတဲ့ ကလေးတွေကို (၈)နှစ်မတိုင်မီ ကုသဖို့လို

သူငယ်အိမ်စောင်းနေတဲ့ ကလေးတွေကို (၈)နှစ်မတိုင်မီ ကုသဖို့လို

ကလေးတွေမှာ သူငယ်အိမ်စောင်းတာကို အသက်(၈) နှစ်မတိုင်မီ အချိန်မီကုသမှသာ မျက်စိစွေခြင်းနဲ့ အမြင်ဆုံးရှုံးခြင်းမဖြစ်ဖို့ ကာကွယ်နိုင်မှာဖြစ်ကြောင်း မျက်စိအထူးကုဆရာဝန်ကြီး ပါမောက္ခဒေါက်တာတင်ဝင်းက ပြောထားပါတယ်။

အသက်(၁၂)နှစ်လောက်နောက်ပိုင်းကျမှ ကုသရင်တော့ မျက်စိစွေတာပြန်တည့်နိုင်ပေမယ့် အမြင်မရနိုင်ဘူးဆိုတာ စောစောသိဖို့လိုတယ်လို့လည်း ဒေါက်တာတင်ဝင်းက ပြောကြားထားပါတယ်။

မျက်စိစွေရာမှာ မွေးရာပါစွေခြင်း၊ မျက်လုံးနှစ်ဖက် အမြင်အာရုံကွာခြားခြင်းကြောင့် မျက်စိစွေခြင်းနဲ့ အာရုံကြောဆိုင်ရာရောဂါတွေကြောင့်ဖြစ်နိုင်ပြီး ကလေးနဲ့လူကြီးတွေမှာ ဖြစ်ရတဲ့ အကြောင်းရင်း ကွာခြားမှုမရှိဘူးလို့ သိရပါတယ်။

မျက်စိစွေတာက သာမန်ကြည့်ရုံနဲ့ စွေတာသိနိုင်တာလည်း ရှိသလို တချို့ကျတော့ စက်ကိရိယာတွေနဲ့ဘယ်လောက်ဒီဂရီစွေလဲဆိုတာ တိုင်းပြီးကုရတာမျိုးလည်းရှိကာ မျက်လုံးနှစ်ဖက်အမြင်အာရုံ မတူတာကြတော့ အမြင်နည်းတဲ့ မျက်လုံးက စွေသွားတာလည်းရှိတယ်လို့ မျက်စိအထူးကုဆရာဝန်ကြီး ဒေါက်တာတင်ဝင်းက ပြောပါတယ်။
အမြင်နည်းတယ်ဆိုရင်လည်း မွေးရာပါအမြင်နည်းတာလား၊ ရောဂါတစ်ခုခုကြောင့်လား၊ အကြောင်းရင်းကဘာလဲ ဆိုတာကိုရှာရပြီး ရောဂါရှာဖို့က အရေးကြီးတယ်လို့လည်း မျက်စိအထူးကုဆရာဝန်ကြီး ဒေါက်တာတင်ဝင်းက ပြောထားပါတယ်။

ထို့ကြောင့် မွေးစမှ အသက် (၈)နှစ်အထိ သူငယ်အိမ်စောင်းခြင်းကို အချိန်မီပြုပြင်နိုင်ရေး ရောဂါဖြစ်မှုအခြေအနေကို စောစီးစွာသိရှိဖို့နဲ့ သိရှိပါကအချိန်မီကုသမှုခံယူဖို့ တိုက်တွန်းအကြံပြုထားပါတယ်။

(သင်စိတ်ဝင်စားနိုင်မယ့် ဆောင်းပါး -ဝက်သက်ရောဂါနဲ့ပတ်သက်ပြီး သင်သိသင့်တဲ့ အချက် (၆) ချက် )

Photos & Source: 7Day Daily : Duwun

No comments:

Post a Comment