ထိုင်းဘုန်းကြီးကျောင်းပြဿနာရဲ့ နောက်ကွယ်က အာဏာလွန်ဆွဲမှု
လက်ရှိမှာ ရဲတပ်ဖွဲ့ဝင်တွေ ရင်ဆိုင်နေ ရတဲ့ ပြဿနာက စုပေါင်းရွတ်ဖတ်နေတဲ့ သံဃာတော်တွေကို ဖြတ်ကျော်ပြီး အတင်းအကျပ်ဝင်ရောက်ရင် အပြစ်ဖြစ်သွားမှာကိုပါ။
ထိုင်းနိုင်ငံရဲ့ အကြီးဆုံး ဘုန်းတော်ကြီးကျောင်းက သံဃာတော်တွေနဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေကြားက လိပ်ခဲတည်းလည်းအခြေအနေဟာ ဗုဒ္ဓဘာသာအများစုနေထိုင်ရာ နိုင်ငံအတွင်းမှာဘာသာရေးနဲ့ အာဏာအားပြိုင်လွန်ဆွဲမှုအဖြစ် ပေါ်ထွက်လာပါတယ်။
ပြီးခဲ့တဲ့အပတ်အတွင်းမှာ ရဲနဲ့စစ်သား အင်အား ၄၀ဝ၀ ခန့် ဓမ္မကာယကျောင်းတော်ကို ဝိုင်းခဲ့ပါတယ်။ သည်ကျောင်းတော်ဟာ ဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ်ထရာရဲ့ လှုပ်ရှားမှုတွေနဲ့ ပတ်သက်မှုရှိတယ်လို့ အများကမြင်ကြပေမဲ့ ကျောင်းတော်က တွင်တွင် ငြင်းနေခဲ့ပါ တယ်။ ကျောင်းရဲ့အကျယ်အဝန်းနဲ့ အရွယ် အစားကြောင့်လည်း လွှမ်းမိုးမှုအာဏာ ပိုကြီးလာစေခဲ့ပါတယ်။
ဓမ္မကာယကျောင်းဟာ ကျောင်းထိုင် ဆရာတော်ဟောင်းကို ငွေကြေးခဝါချမှုနဲ့ သက်ဆိုင်ရာလက်အပ်ဖို့ လပေါင်းများစွာ ငြင်းဆန်ခဲ့ပြီး ရဲတွေရဲ့ ဝင်ရောက်ရှာဖွေမှုကို ဟန့်တားခဲ့ရင်းနဲ့ အာဏာပိုင်တွေကို အသိသာအထင်ရှားဆုံး စိန်ခေါ်မှုအခြေအ နေတစ်ခုဆီ တွန်းပို့ခဲ့ပါတယ်။
“မတည်မငြိမ်ဖြစ်အောင် ဖန်တီးပြီး နိုင်ငံတော်ရဲ့အာဏာကို ပြိုပျက်အောင် ဖန်တီးဖို့ ကြိုးစားနေတာ”လို့ ထိုင်းနိုင်ငံရဲ့ ပြဿနာဖြေရှင်းရေးကောင်စီတစ်ခုအတွက် စစ်တပ်က ခန့်အပ်ထားတဲ့ အထက် လွှတ်တော်အမတ်ဟောင်း ပိုင်ဘွန်းနစ်တီတာဝမ်က ပြောပါတယ်။
ဓမ္မကာယကျောင်းတော်ဟာ တခြား ဘုန်းတော်ကြီးကျောင်း ၄၀,ဝ၀ဝ ကျော်နဲ့ အကျယ်အဝန်းချင်း ကွာခြားလှပါတယ်။ ဘန်ကောက်မြို့ပြင်မှာရှိတဲ့ သည်ကျောင်း တော်ဟာ ဗာတီကန်ကျောင်းတော် အရွယ်အစားထက် ၁၀ ဆနီးပါးကျယ်ပြန့်ပြီး ပန်း ကန်ပြားပုံစံအမိုးကြောင့် ပြီးပြည့်စုံအောင် ခမ်းနားပါတယ်။ ၁၉၇၀ ပြည့်နှစ်ကတည်းက သည်ကျောင်းတော်ကို နိုင်ငံပေါင်း ၃၅ ခုမှာ ကျောင်းတော်ခွဲတွေထားရှိ တည် ဆောက်ထားတာ ဖြစ်ပါတယ်။
သည်ကျောင်းတော်က ရုပ်သံဌာနတွေ၊ အပျံစားဝက်ဘ်ဆိုက်တွေနဲ့ လူမှုမီဒီ ယာအကောင့်တွေ အများအပြား ဖွင့်လှစ်ထားတာဖြစ်ပြီး လူထောင်ပေါင်းများစွာနဲ့ ကကွက်ဖန်တီးတဲ့ ပွဲတော်တွေ ကျင်းပလေ့ ရှိပါတယ်။
ဒါပေမဲ့ ဓမ္မကာယကျောင်းရဲ့ သာဝက သန်းပေါင်းများစွာဟာ ဗုဒ္ဓဘာသာ အများစုရှိတဲ့ ထိုင်းနိုင်ငံမှာ လူနည်းစုသာ ဖြစ်နေပါသေးတယ်။
READ ထရမ့်အနေဖြင့် ကုန်သွယ်ရေးစစ်ပွဲ စတင်ပါက iPhone ရောင်းချမှုကို ရပ်တန့်သွားမည်ဟု တရုတ် သတိပေး
ကျောင်းရဲ့ ရန်ပုံငွေ ပေါများမှုကြောင့် လည်း ဓမ္မကာယဟာ တခြားကျောင်းတွေထက် အတော်လေးပိုကြွယ်ဝသလို ၄င်းက ပစ္စည်းဥစ္စာပိုင်ဆိုင်မှုတွေကို ပယ်စွန့်ရမယ် ဆိုတဲ့ ထေရဝါဒဗုဒ္ဓတရားတော်ကို လျစ် လျူရှုထားတယ်လို့ ဝေဖန်သူတွေက ဆိုပါ တယ်။
သက်တော် ၇၂ နှစ်အရွယ် ဘုန်းတော်ကြီးဟာ အရမ်းကို နာမကျန်းဖြစ်ပြီး သူ့ကို မတွေ့တာ လအတော်ကြာပြီလို့ ကျောင်း တော်က တာဝန်ရှိသူတွေက ပြောပါတယ်။ သံဃာတော်တွေကလည်း ရှာဖွေမှုမှာ အ ပြည့်အဝ ပူးပေါင်းဆောင်ရွက်ခဲ့ပြီးပြီလို့ ပြောပါတယ်။
“ကိုယ်တော်တို့က ဘယ်နိုင်ငံရေးကိစ္စ မှာမှ တစ်ခါမှ ပါဝင်ပတ်သက်တာ မရှိခဲ့ပါ ဘူး၊ ကိုယ်တော်တို့လုပ်ခဲ့သမျှ ပရောဂျက်တိုင်းက ပွင့်လင်းမြင်သာပါတယ်၊ တစ်စုံတစ်ယောက်က အန္တရာယ်ကို ကြောက်ရွံ့နေမယ်ဆိုရင် အဲဒီလူဟာ အာဏာကို မမှန် ကန်တဲ့ နည်းလမ်းနဲ့ ရယူခဲ့တဲ့လူပဲ ဖြစ်လိမ့် မယ်၊ ကိုယ်တော်တို့လုပ်ခဲ့တာကတော့ သံ ဃာတွေကို စာသင်ပေးတယ်၊ ဝိနည်းတွေနဲ့အညီ ကျင့်ကြံဖို့နဲ့ တရားထိုင်ဖို့ သင်ပေးတယ်၊ အဲဒါ မှားနေသလား˘ လို့ ဘုန်းတော် ကြီး ပါဆူရာဒန်တာမာနိုက မိန့်ပါတယ်။
ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ထရာ ဒါမှမဟုတ် သူ့ရဲ့ရှပ်နီအဖွဲ့တွေနဲ့ ပတ်သက်မှုရှိနေတယ်ဆိုတဲ့ အချက်ကို ကျောင်းတော်က ငြင်းဆိုထားပြီး ရှပ်နီခေါင်းဆောင် ဝမ်းတိုဂျီရာကန်းကလည်း ကျောင်းတော်နဲ့ ပတ်သက်မှုမရှိကြောင်း ရိုက်တာသတင်းဌာနကို ပြောခဲ့ပါတယ်။
ပေးလှူခြင်းက ကုသိုလ်ရတယ်လို့ ဓမ္မကာယက လက်ကိုင်ထားပါတယ်။ ကုသိုလ်က အသီးအပွင့်တွေ ဖြစ်လာတဲ့အခါ ဗုဒ္ဓဘာသာထွန်းကားရေးအတွက် အထောက် အကူဖြစ်တဲ့အထိ ပိုကြွယ်ဝလာစေလိမ့် မယ် (ပိုလှူဖြစ်လိမ့်မယ်) လို့ ဆိုပါတယ်။
READ ဘိုလီးဗီးယား ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌကို ဖမ်းဆီး
ဒါ တွေကြောင့်လည်း ဓမ္မကာယကျောင်းရဲ့ ဩဇာအာဏာပိုကြီးမားလာစေ ခဲ့တာပါ။ ခက်ခဲကျပ်တည်းနေတဲ့ ဘုန်းကြီး ကျောင်းတွေကို ကူညီပေးခြင်းအားဖြင့် ကျောင်းတော်ရဲ့ နယ်ပယ်ထဲ ဝင်ရောက်လာအောင် စည်းရုံးနိုင်ခဲ့ပါတယ်။ တစ်နည်းအားဖြင့် သံဃနာယကအဖွဲ့မှာ ၄င်းရဲ့ ထောက်ခံသူအင်အား တိုးလာစေခဲ့တာပါ။
ထိန်းချုပ်ခွင့် အာဏာလုတဲ့အချိန် စတင်ခဲ့တာက ဇိမ်ခံကားတစ်စီးရဲ့ အခွန်ငွေနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးခံနေရသူ ဖြစ်ပြီး ဓမ္မကာယကျောင်းနဲ့ပတ်သက်မှုရှိ တဲ့ သံဃာတော်တစ်ပါးကို မနှစ်က ဒီဇင်ဘာမှာ ဂိုဏ်းချုပ်ဆရာတော်အဖြစ် သံဃ နာယကအဖွဲ့က ထောက်ခံအဆိုပြုခဲ့ချိန်ပဲ ဖြစ်ပါတယ်။
အစိုးရက သည်ဆရာတော်ကို ပယ်ချ ခဲ့ပြီး ဘုရင်သစ်က ဂိုဏ်းချုပ်ဆရာတော်ကို ရွေးချယ်တင်မြှောက်ခဲ့ပါတယ်။
ထိုင်း ဗုဒ္ဓဘာသာ အတွင်းမှာ ဝိနည်း စည်းကမ်းကြီးလွန်းတဲ့ သံဃာအသိုက်အဝန်းကနေ ဂိုဏ်းချုပ်ဆရာ ရွေးချယ်ခဲ့တာ ဖြစ်ပြီး အခုလို တင်မြှောက်လို့ လေးရက် အကြာမှာပဲ ဓမ္မကာယကျောင်းတော်ကို စီးနင်းဖို့ အထူးအမိန့်ကို အစိုးရက အရေးပေါ် ကြေညာခဲ့ပါတယ်။
လက်ရှိမှာ ရဲတပ်ဖွဲ့ဝင်တွေ ရင်ဆိုင်နေရတဲ့ ပြဿနာက စုပေါင်းရွတ်ဖတ်နေတဲ့ သံဃာတော်တွေကို ဖြတ်ကျော်ပြီး အတင်းအကျပ်ဝင်ရောက်ရင် အပြစ်ဖြစ်သွားမှာကိုပါ။ ရဲတွေက တပ်ဖွဲ့အင်အားကို တိုးခဲ့ပြီး သံဆူးကြိုးတွေ ပိတ်ဆို့ကာ ကျောင်းတော်မှာ ခေါင်းဆောင်သူတွေကို ထပ်ဖမ်းမယ်လို့ ခြိမ်းခြောက်နေရင်းနဲ့ ဖိအားပေးလျက် ရှိပါတယ်။
YSD
[ref:Reuters. Feb 24, 2017.]
Kumudra
Monday, February 27, 2017
ထိုင်းဘုန်းကြီးကျောင်းပြဿနာရဲ့ နောက်ကွယ်က အာဏာလွန်ဆွဲမှု
ထိုင်းဘုန်းကြီးကျောင်းပြဿနာရဲ့ နောက်ကွယ်က အာဏာလွန်ဆွဲမှု
Reviewed by Ar Ti
on
9:58 AM
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment