ငါးဖယ်လုံးကင်းမွန်ညွန့်ဟင်းချို
ဒီတစ်ခါတော့ ကင်းမွန်ညွန့်လေးနဲ့ ဟင်းချိုဟင်းလေး ချက်စားရအောင် ဖော်ပြလိုက်ပါတယ်။
ပြုလုပ်ပုံအဆင့်ဆင့်
၁။ပထမဦးစွာ ငါးဖယ်ခြစ်ကို အရသာမှုန့်၊ ဆားအနည်းငယ်နှင့် စေးနေအောင်နယ်၍ အရွယ်တော်အလုံးလေးများလုံးထားပါ။
၂။ ကင်းမွန်ညွန့်လေးများကို အရင်းများဖယ်ထုတ်၍ အနုလေးများကို ရေဆေးကာ စစ်ထားပါ။
၃။ ဒန်အိုးတစ်လုံးထဲတွင် ရေတစ်လီတာခန့်ထည့်၍ ပွက်ပွက်ဆူအောင် တည်ပါ။
၎။ရေဆူလာလျှင် ကြက်သွန်ဖြူဥလေးများနှင့် ငါးငံပြာရည်ထည့်၍ ၃ မိနစ်ခန့် တည်ပေးပါ။
၅။ထို့နောက် ငါးဖယ်လုံးများထည့်၍ မွှေပြီး အဖုံးအုပ်တည်ပါ။
၆။ငါးဖယ်လုံးလေးများ ကျက်လာလျှင် အရသာမြည်း၍ ကင်းမွန်ညွန့် ခတ်ကာ မွှေပြီး မီးပိတ်သုံးဆောင်နိုင်ပါပြီ။
ပါဝင်ပစ္စည်းများ
ငါးဖယ်ခြစ်(၁၅)ကျပ်သား
ကင်းမွန်ညွန့်(၃)စည်း
ကြက်သွန်ဖြူ(၅)မြွှာ
ငါးငံပြာရည်စားပွဲတင်ဇွန်း (၁)ဇွန်း
Ei's Cooking Diary မှ ပံ့ပိုးကူညီပါသည်။
7Day News Journal
Subscribe to:
Post Comments (Atom)
No comments:
Post a Comment