သူငယ်ချင်း ကောင်
း
တစ်ခါကကောင်မလေးတစ်ယောက်ဟာ သူငယ်ချင်း တွေနဲ့ကျောင်းသွားကြပါတယ်။ သူငယ်ချင်းတစ်ယောက်က ကောင်မလေးရဲ့ ခြေထောက်ကို ကြည့်ပြီးပြောတယ်။
“ဟေ့…နင့်ဖိနပ်မှားစီးလာတယ့့်ကျွဲတစ်ဖက် နွားတစ်ဖက်ကြီး ဟား ..ဟား ..” သူငယ်ချင်းတွေအားလုံးကြည့်ပြီး ရယ်ကြတယ်။
ကောင်မလေးမျက်နှာနီမြန်းပြီး အရမ်းရှက်သွားပါတယ်။ အိမ်ပြန်လဲဖို့လ ည်းအချိန်မမီတော့ဘူး။ သူငယ်ချင်းတွေကလည်း ဝိုင်းရယ်နေကြတော့ ရှက်လွန်းလို့မျ က်ရည်တွေဝိုင်းလာပါတော့တယ် ။
အဲဒီအချိန်မှာပဲ သူငယ်ချင်းတွေရဲ့ ထူးခြားတဲ့အပြုအမူကို သတိထားလိုက်မိတယ်။ ကောင်မလေးမျက်ရည်တွေ အဝိုင်းသားနဲ့ပဲ ကြည့်နေမိတယ် ။ တခြားသူငယ်ချင်းတွေက တစ်ယောက်နဲ့တစ်ယောက်ဖိနပ်တစ်ဖက်စီ လဲစီးလိုက်ကြပါတယ် ။ ပြီးတော့ ရှက်နေတဲ့ကောင်မလေးကိုပြောလိုက်တယ်။
“ကဲဘာမှဝမ်းနည်းမနေနဲ့ငါတို့အားလုံးအ တူတူဖြစ်သွားပြီ” တဲ့ ။
(စမ်းချောင်းက၁ဝတန်းကလေးတွေရဲ့ တစ်ကယ့်အဖြစ်အပျက်ပါ ။ )
Credit To>>ဦးသုည
Sunday, February 26, 2017
သူငယ်ချင်း ကောင်း
Reviewed by Ar Ti
on
10:06 AM
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment