ကားပါကင် ထောက်ခံချက်နဲ့ တင်သွင်းရမယ့်နေရာမှာ အစားထိုးသွားမှာပါ။
တစ်ဦးချင်းမော်တော် ယာဉ်တင်သွင်းခွင့် ဖရီးပါမစ်နေရာမှာ အစားထိုးမယ့် မော်တော်ယာဉ်တင်သွင်းခွင့်ပုံစံသစ် COE စနစ်ကို အများပိုင်ဘတ်စ်ကား လိုင်းနဲ့ တက္ကစီယာဉ်တွေ စနစ်တကျပြေးဆွဲနိုင်မှပဲ စတင်သွားမယ်လို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ဒုတိယ ညွှန်ကြားရေးမှူးတစ်ဦးက ပြောပါတယ်။
နိုင်ငံတကာမှာကျင့်သုံးနေတဲ့ စနစ်ဖြစ်တဲ့ အစိုးရအဖွဲ့ကရောင်းချတဲ့ လေလံစာရွက်ကိုဝယ်ယူပြီး ကားတင်သွင်းရတဲ့ COE (Certificate of Entitlement) စနစ်ကို ကားပါ ကင် ထောက်ခံချက်ပြပြီး တင်သွင်းရမယ့်နေရာမှာ အစားထိုးမယ်မှာ ဖြစ်ပေမယ့် ချက်ချင်းစတင်ဦးမှာ မဟုတ်သေးဘူးလို့ ဆိုပါတယ်။
‘‘COE က ပုံအမျိုးမျိုးရှိတယ်။ ဘယ်ပုံစံနဲ့ ခွင့်ပြုမယ်ဆိုတာကိုတော့ အခုထက်ထိ လေ့လာနေတုန်းပဲ’’ဟု အဆိုပါဒုတိယညွှန် ကြားရေးမှူးက ပြောခဲ့ပြီး ရန်ကုန်အတွက် ဖရီးပါမစ် တင်သွင်းခွင့် မရှိသေးလို့ ရန်ကုန်လိုင်စင်နဲ့ ထုတ်ပေးမယ့် မော်တော်ယာဉ်အရေအတွက် လျော့နည်းနေဦးမယ်လို့ ဆိုပါတယ်။
COE စနစ် စတင်မယ်ဆိုရင် အရည်အသွေးမီ ကားသစ်တွေကိုပဲ အဓိကတင်သွင်းခွင့်ပေးသွားမှာဖြစ်ကာ ပြည်တွင်းမှာ တပ်ဆင်ထုတ်လုပ်တာကို အဓိကဦးစားပေးသွားမယ်လို့ သိရပါတယ်။
COE စနစ်သည် လေလံဆွဲပြီး ကားပါမစ်ဝယ်ယူရတဲ့ စနစ်ဖြစ်လို့ ပြင်ပမှာ လေလံပါမစ်ဈေးကွက် ဖြစ်ပေါ်လာနိုင်ကြောင်း မော်တော်ယာဉ်တင်သွင်းရောင်းချသူတွေက ခန့်မှန်း သုံးသပ်နေကြပြီး COE စနစ်နဲ့ တင်သွင်းခွင့်ပေးမယ့် လေလံစာချုပ်က တိုင်းဒေသကြီး အစိုးရအဖွဲ့တွေက ကိုင်တွယ်ကြတာဖြစ်လို့ အဆိုပါစနစ်စတင်မယ်ဆိုရင် ပြည်တွင်းမှာ ကားတင်သွင်းမှုအရေအတွက် လျော့နည်းလာနိုင်ဖွယ်ရှိတယ်လို့ ကားတင်သွင်းရောင်းချသူတွေက ပြောပါတယ်။
Source : 7DayDaily : Duwun
No comments:
Post a Comment