Latest News

Saturday, February 25, 2017

ကင်ဂျုံနမ်သတ်မှုတွင် ဒေါ်လာ ၉၀ ပေးပြီး ခိုင်းစေခံရဟု အင်ဒိုအမျိုးသမီး ပြော

ကင်ဂျုံနမ်သတ်မှုတွင် ဒေါ်လာ ၉၀ ပေးပြီး ခိုင်းစေခံရဟု အင်ဒိုအမျိုးသမီး ပြော
 
မြောက်ကိုရီးယားခေါင်းဆောင်ရဲ့ အဖေတူအမေကွဲအကို ကင်ဂျုံနမ်သတ်ခံရမှုမှာ သံသယနဲ့ ဖမ်းဆီးခံထားရတဲ့ အင်ဒိုနီးရှား အမျိုးသမီး စီတီအိုက်ရှာက သူမကို ဒေါ်လာ ၉၀ ပေးပြီး ခိုင်းစေခဲ့တာ ဖြစ်ကြောင်း အင်ဒိုနီးရှားသံရုံး တာဝန်ရှိသူတွေကို ပြောကြားလိုက်ပါတယ်။

အင်ဒိုနီးရှားသံရုံးမှ အာဏာပိုင်တွေက မလေးရှားမြို့တော်မှာ စီတီအိုက်ရှာကို ဖေဖေါ်ဝါရီလ ၂၅ ရက်နေ့က တွေ့ခဲ့ကြောင်း၊ သာမာန်လူတွေနဲ့ ရိုက်ကူးတဲ့ ဟာသတီဗွီပရိုဂရမ် (Reality Show) တစ်စိတ်တစ်ပိုင်းအတွက် ကင်ဂျုံနမ်ရဲ့မျက်နှာကို “ကလေးအသားအလှဆီ” နဲ့ သုတ်လိမ်းဖို့ ငွေသားပေးခဲ့တယ်လို့ စီတီအိုက်ရှာက ပြောကြောင်း ဖေဖော်ဝါရီ ၂၅ ရက်နေ့ ဘီဘီသတင်းမှာ ဖော်ပြပါတယ်။

စီတီအိုက်ရှာက ကင်ဂျုံနမ်လုပ်ကြံမှုဖြစ်စဉ်မှာ ဟာသကားဆိုပြီး ငွေပေးကာ သရုပ်ဆောင်ခိုင်းခဲ့တာသာဖြစ်ကြောင်း ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း မလေးရှားရဲတွေကို ပြောကြားထားပါတယ်။

ကင်ဂျုံနမ်ကို လုပ်ကြံခဲ့တဲ့ အရည်ဟာ (VX Nerve Agent) ဓာတုအဆိပ်နဲ့ လုပ်ကြံသွားတာလို့ မလေးရှားရဲက ဆိုပါတယ်။

ဒီအဆိပ်ဟာ လူတွေအကို အစုလိုက်အပြုံလိုက် အကြီးအကျယ် ပျက်ဆီးထိခိုက်စေတဲ့ လက်နက်တမျိုးလို့ ကမ္ဘာ့ကုလသမဂ္ဂကလည်း သတ်မှတ်ထားပါတယ်။

ကင်ဂျုံနမ်ဟာ ပြီးခဲ့တဲ့အပတ်က မလေးရှားနိုင်ငံ ကွာလမ်လမ်ပူလေဆိပ်မှာ လူဝင်မှုကြီးကြပ်ရေး စစ်ဆေးခံဖို့ စောင့်ဆိုင်းစဉ် အမျိုးသမီး ၂ ဦးရဲ့ လုပ်ကြံသတ်ဖြတ် ခံခဲ့ရတာ ဖြစ်ပါတယ်။

DVB

No comments:

Post a Comment