Latest News

Saturday, February 4, 2017

ဒေါ်အောင်ဆန်းစုကြည်၏ ပုံရိပ်သည် ကမ္ဘာလှည့်ခရီးသွားများကို ဖိတ်ခေါ်ရာတွင် အောင်မြင်ဆုံးဆွဲဆောင်မှုဖြစ်ဟု ဆို

ဒေါ်အောင်ဆန်းစုကြည်၏ ပုံရိပ်သည် ကမ္ဘာလှည့်ခရီးသွားများကို ဖိတ်ခေါ်ရာတွင် အောင်မြင်ဆုံးဆွဲဆောင်မှုဖြစ်ဟု ဆို



 နိုင်ငံတကာခရီးသွားပြ ပွဲများတွင် နိုင်ငံတော်၏ အတိုင် ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစု ကြည်၏ ပုံရိပ်ကို အသုံးပြု၍ ကမ္ဘာလှည့်ခရီးသွားဖိတ်ခေါ်ခြင်း က ယခုနှစ်အတွင်း အအောင်မြင် ဆုံးဆွဲဆောင်မှုဖြစ်ကြောင်း မြန် မာနိုင်ငံ  ခရီးသွားလုပ်ငန်းအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးသက်လွင်တိုးကပြောသည်။

‘‘အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ ပုံကို တိုင်းပြည်ရဲ့ Image (ပုံရိပ်)တစ်ခုအနေနဲ့ အသုံးပြုလာတာ ထိ ရောက်မှုရှိပါတယ်။ မြန်မာသိ၊ အာဆီယံသိတင်မကဘဲ ကမ္ဘာသိဆိုတော့ တကယ်ကို ခရီးသွားလုပ် ငန်းမှာ အောင်မြင်မှုရပါတယ်’’ဟု ဦးသက်လွင်တိုးက ပြောသည်။

ခရီးသွားမြှင့်တင်ရေးတွင် ဒေါ်အောင်ဆန်းစုကြည်ပုံကို အ သုံးပြုသော်လည်း လာရောက် သည့် နိုင်ငံခြားသားခရီးသွားများ အတွက် အရေးကြီးသော ၀န် ဆောင်မှုများပေးရန် လိုအပ်သေးကြောင်း ၎င်းက ဆက်လက်ပြောသည်။

 ခရီးသွားမြှင့်တင်ရေးပြပွဲ များတွင် မြန်မာနိုင်ငံအနေဖြင့် သုံးစွဲရသည့်ငွေကြေးသည် နည်းပါးပြီး မြန်မာနိုင်ငံ၏ တစ်နှစ်အသုံးစရိတ်သည် ထိုင်းနိုင်ငံ၏ တစ်ပတ်စာခန့်သာရှိသည်ဟု ၎င်းက ဆက်လက်ပြောသည်။

မြန်မာနိုင်ငံတွင် ခရီးသွားလုပ်ငန်းတိုးမြှင့်ရန် မြန်မာနှင့်ထိုင်းနိုင်ငံကြား နားလည်မှုစာချွန်လွှာကို ဖေဖော်ဝါရီ ၂ ရက်က ရေးထိုးခဲ့ပြီး ထိုင်းဒုဝန်ကြီးချုပ်က ထိုင်းနိုင်ငံသို့ လာရောက်သည့်ခရီးသွားများကို မြန်မာနိုင်ငံသို့ ဆက်လက်လာရောက်နိုင်ရန် ကူညီဆောင်ရွက်ပေးမည်ဟု ဆိုသည်။

မြန်မာနိုင်ငံတွင် ယခင်နှစ် ထက် ခရီးသွားဝင်ရောက်မှုကျ ဆင်းပြီး စရိတ်စကများကြီးမြင့် ခြင်းနှင့် မြန်မာနိုင်ငံအမှတ်တံဆိပ် ကို နိုင်ငံတကာတွင် ဈေးကွက်မြှင့်တင်မှုလုပ်ဆောင်ရေးအားနည်းချက်တို့ကြောင့်ဖြစ်သည်ဟု ခရီးသွားလုပ်ငန်းနှင့် သက်ဆိုင်သည့် အဖွဲ့အစည်းများမှ တာဝန်ရှိသူအချို့နှင့် ခရီးသွားလုပ်ငန်းရှင်အချို့က ပြောသည်။

ရွှေတိဂုံစေတီတော်၏ ပုံရိပ် ကို ခရီးသွားကုမ္ပဏီများသုံးစွဲပါက ခွင့်ပြုချက်ယူရမည်ဟု ဂေါပကအဖွဲ့က ထုတ်ပြန်ခဲ့သည်။

မြန်မာနိုင်ငံသို့ နိုင်ငံခြားခရီး သွားဝင်ရောက်မှုသည် ၂၀၁၄ တွင် သုံးသန်း၊ ၂၀၁၅ တွင် ၄ဒသမ၆၈ သန်း၊ ၂၀၁၆ စက်တင်ဘာလဆန်းအထိ၂ဒသမ၄၅သန်းရှိ ပြီဖြစ်သည်။

 ‘‘နိုင်ငံတကာ အဆင့်နှစ်ပွဲလုံးသုံးပါတယ်။ တစ်ကမ္ဘာလုံးသိတဲ့ လေးစားရတဲ့ ပုဂ္ဂိုလ်လည်းဖြစ်တော့လူစိတ်ဝင်စားမှုအများဆုံးခံရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ပုံချည်းပဲသုံးတာမဟုတ်ဘဲ ဒေါ်အောင်ဆန်းစုကြည်နိုင်ငံဆီသို့ ခရီးသွားမယ်လို့ သတင်းပုံစံလုပ်ပြီးဖိတ်ခေါ်တာပါ’’ဟု ခရီးသွားလုပ်ငန်းမြှင့်တင်ရေး ဥက္ကဋ္ဌဒေါ်မေမြတ်မွန်ဝင်းက  ပြောသည်။



7Day News Journal

No comments:

Post a Comment