Latest News

Thursday, February 9, 2017

ကုလ အစီရင်ခံစာအပေါ် ဒေါ်အောင်ဆန်းစုကြည် စိတ်ပူပန်နေဟု ဆို

ကုလ အစီရင်ခံစာအပေါ် ဒေါ်အောင်ဆန်းစုကြည် စိတ်ပူပန်နေဟု ဆို


သောကြာနေ့က ထုတ်ပြန်ထားသည့် စာမျက်နှာ ၄၃ မျက်နှာရှိသည့် ကုလဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး၏ အစီရင်ခံနှင့် ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် များစွာ စိတ်ပူပန်မှုဖြစ်နေကြောင်း ကုလသမဂ္ဂ လူအခွင့်အရေးဆိုင်ရာ မဟာမင်းကြီး Zeid Ra'ad al-Hussein က ပြောကြားလိုက်သည်။

ရခိုင်ပြည်နယ်အတွင်း ပဋိပက္ခဖြစ်ပွားနေစဉ် ၄ လတာကာလအတွင်း ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် လုံခြုံရေး တပ်ဖွဲ့ကို ထိန်းချုပ်နိုင်ခြင်းမရှိဘဲ သူမအနေဖြင့် နိုင်ငံခြားရေးဝန်ကြီး ဌာနနှင့် ပြန်ကြားရေးဝန်ကြီးဌာနကိုသာ ထိန်းချုပ်နိုင်ခြင်း ရှိသည်ဟုလည်း နိုင်ငံတကာမှ ဝေဖန်မှုများ ရှိနေသည်။

သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက“ဒီကိစ္စ ကြီးမားတဲ့ စွဲချက်တွေ ဖြစ်တယ်။ ကျွန်ုပ်တို့အနေဖြင့် ဒီအပေါ် စိုးရိမ်မှု ရှိပါတယ်။ ကျွန်ုပ်တို့အနေနဲ့ဒီစွပ်စွဲချက်တွေနဲ့ ပတ်သက်ပြီး ဒုတိယသမ္မတ ဦးဆောင်တဲ့ စုံစမ်းစစ်ဆေးရေး ကော်မတီနဲ့ စုံစမ်းစစ်ဆေးမှုတွေ လုပ်နေပါတယ်”ဟု ပြောသည်။

နိုင်ငံခြားရေး ၀န်ကြီးဌာန ဒုတိယ ညွှန်ကြားရေးမှူး ဒေါ်အေးအေးစိုးက ကုလသမဂ္ဂအနေဖြင့် သေချာစုံစမ်း စစ်ဆေးမှုတွေ လုပ်ဆောင်သင့်ကြောင်း တနင်္လာနေ့က ရိုက်တာကို ပြောသည်။

မြန်မာနိုင်ငံအနေဖြင့် “သတင်းအမှားတွေ၊ သတင်းအချက်အလက် မခိုင်လုံတာတွေနဲ့ သတင်းအတုတွေနဲ့လည်း တိုက်ခိုက်ခံရမှုတွေ ရှိနေပါတယ်” ဟု သူမက ဖြည့်စွက် ပြောကြားခဲ့သည်။

“နိုင်ငံတကာ အသိုင်းအ၀ိုင်းအနေနဲ့ သေချာစဉ်းစားပြီးမှ လုပ်ဖို့လိုတယ်၊ ဒီစွပ်စွဲချက်တွေက အစစ်အမှန် ဟုတ်မဟုတ် ကျွန်မတို့ မသိနိုင်ဘူး။ တကယ်လို့ ဒီစွပ်စွဲချက်တွေက အမှန်တကယ်ဆိုရင် ကျွန်မတို့ ချက်ချင်း အရေးယူ ဆောင်ရွက်တာတွေ လုပ်ပါတယ်” ဟု ဒေါ်အေးအေးစိုးက ပြောသည်။

အဆိုပါ စွပ်စွဲချက်များနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံအနေဖြင့် ဒုတိယသမ္မတ ဦးမြင့်ဆွေ ဦးဆောင်သည့် ကော်မရှင်ဖွဲ့ကာ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်လျက်ရှိကြောင်း ပြောသည်။

အဆိုပါကော်မရှင် အတွင်းရေးမှူး ဦးဇော်မြင့်ဖေက ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသနှင့် ပတ်သက်ပြီး ဒီဇင်ဘာလတွင် စတင် လုပ်ဆောင်ချိန်မှစပြီး မုဒိမ်းကျင့်မှု စွပ်စွဲချက်နှင့် ပတ်သက်ပြီး မည်သည့် အချက်အလက်မှ မတွေ့ရှိကြောင်း ပြောသည်။

နယ်မြေလုံခြုံရေးဆောင်ရွက်သည့် လုံခြုံရေးအဖွဲ့ဝင်များအနေဖြင့် ဘင်္ဂါလီကျေးရွာများ၏ လိမ်ကောက်နေသည့် လမ်းများကြားတွင် ခြောက်ခြားအကြောက်လွန်ပြီး လက်လွန်တုန့်ပြန်မှု အချို့လည်း ရှိကောင်းရှိနိုင်သည်ဟု ဆိုသည်။

SH
The Ladies News
REf - Reuters

No comments:

Post a Comment