Latest News

Monday, February 27, 2017

နေပြည်တော်မှာလည်း ကျူးကျော်ပြဿနာ အစပြုလာပြီ

နေပြည်တော်မှာလည်း ကျူးကျော်ပြဿနာ အစပြုလာပြီ

လယ်ယာသိမ်းဆည်းခံမြေ၊  ကျူးကျော်မြေများကို ပြန်လည်စိစစ်ပြီး စာရင်းများ ပြန်လည်ကောက်ယူခဲ့တယ်လို့ ဆိုပါတယ်။

နေပြည်တော်၊ ဖေဖော်ဝါရီ ၂၆ - အခုအစိုးရလက်ထက် ကျူးကျော်နဲ့ပတ်သက်ပြီး ဖြေလျှော့မှုတွေရှိလာသလို ဆောက်လုပ်ရေးလုပ်ငန်းလုပ်ကိုင်တဲ့ ပွင့်လင်းရာသီဖြစ်လာတာကြောင့် ရွှေ့ပြောင်းလုပ်သားတွေက ကျူးကျော်အဖြစ် ပြောင်းရွှေ့နေထိုင်မှုတွေလည်း နေပြည်တော်မှာ တိုးလာနေပါတယ်။

သည်လို ရွှေ့ပြောင်းကျူးတွေ တိုးလာတာကို ဒေသခံတွေနဲ့ လွှတ်တော်ကိုယ်စား လှယ်တချို့ကတော့ သိနေကြပါပြီ။ ဒါ ကြောင့်လည်း နေပြည်တော် ကောင်စီအနေနဲ့ နောက်မှ ဘူဒိုဇာနဲ့ထိုးပြီး ဖယ်ရှားတာ၊ တရားစွဲပြီး ဖယ်ရှားတာမျိုး မဖြစ်ရ အောင် ခုကတည်းက ဖြေရှင်းထားသင့်တယ်လို့ ဒေသခံတွေက အကြံပြုကြပါ တယ်။

ဒက္ခိဏသီရိမြို့နယ်အတွင်းရှိ  စည်ပင်သာယာရေးကော်မတီပိုင်မြေမှာ ကျူး ကျော်အဖြစ် ဝင်ရောက်နေတဲ့ သဲဖြူရွာနဲ့ သစ်တောမြေမှာ ကျူးကျော်နေတဲ့ သီရိ မင်္ဂလာရွာမှာ အခြေခံပညာမူလတန်း ကျောင်းတည်ဆောက်ထားပေးပြီး အစိုးရ မှ ကျောင်းဆရာ ဆရာမတွေ ခန့်အပ်ထားတဲ့ရွာကို တရားဝင်ကျေးရွာ၊ ရပ်ကွက်အ ဖြစ် မသတ်မှတ်ပေးဘဲ ကျူးကျော်အဖြစ် သာ သတ်မှတ်ထားတာတွေလည်း ရှိနေပါ တယ်။

‘စည်ပင်က သူတို့လုပ်မယ့်စီမံကိန်း တွေကို ကိုယ်စားလှယ်တွေကို ချပြတာမျိုးတော့ မရှိဘူး၊ မြေယာကျူးကျော် ပြဿနာ တွေကိုလဲ အခုအချိန်အထိ စိစစ်ဆဲပဲ ဖြစ်ပါတယ်”လို့ ပုဗ္ဗသီရိပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးရည်မွန်က ပြောပါတယ်။

လယ်ယာမြေ ပြန်လည်စိစစ်ရေး ကော်မတီကို  ဖွဲ့စည်းထားပြီး လယ်ယာ သိမ်းဆည်းခံမြေ၊  ကျူးကျော်မြေများကို ပြန်လည်စိစစ်ပြီး စာရင်းများ ပြန်လည်ကောက်ယူခဲ့ရာမှာ တောင်သူဘက်က လျော်ကြေးမရသေးဘူး၊ စည်ပင်ဘက်က ပေးပြီးသားဖြစ်တယ်ဆိုတဲ့ အရှုပ်အရှင်း တွေ ထပ်မံပေါ်ပေါက်နေတယ်လို့ သိရပါတယ်။

ဧက ခြောက်သောင်းကျော်

အရင်က သိမ်းဆည်းခဲ့တဲ့ မြေများမှာ လယ်ယာမြေဧကပေါင်း ၂၃,ဝ၀ဝကျော်၊ သစ်တောမြေများကို ပယ်ဖျက်ပြီး ပြည်ထဲ ရေးမှတစ်ဆင့် နေပြည်တော် စည်ပင်သာယာရေးကော်မတီက အသုံးပြုဖို့ မြေဧက ပေါင်း ၃၀,ဝ၀ဝ ခန့်၊ ပျဉ်းမနား၊ လယ်ဝေး၊ တပ်ကုန်းမြို့ဟောင်းများမှ မြေများကို သိမ်းဆည်းခဲ့ပြီး မြို့မြေအဖြစ် သတ်မှတ်ခဲ့ တာက မြေဧကပေါင်း ၅၀ဝ၀ခန့်နဲ့ မြေလွတ်မြေရိုင်း၊ စားကျက်မြေအဖြစ် အသုံး ပြုခဲ့တာက ၇၅ဧက ခန့်ရှိတာကြောင့် စုစု ပေါင်းမြေဧကမှာ ၆၀,ဝ၀ဝ ကျော်ရှိတယ် လို့ သိရပါတယ်။

အစိုးရသစ်တက်လာပြီးနောက်ပိုင်း မှာ နေပြည်တော်စည်ပင်သာယာရေး ဥပဒေအရ ကျူးကျော်ပုဒ်မ ၂၆၊ ၂၇နဲ့ တရားစွဲဆိုခံရတဲ့ တောင်သူတွေကို အမှုမှ ပလပ်ပေးခဲ့တာတွေ ရှိခဲ့ပါတယ်။ ဒါပေမဲ့ ငြိမ်းချမ်းရေးညီလာခံတွေ ကျင်းပဖို့  ရှိတာ ကြောင့် (NRPC) အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာနရဲ့ ကိုက် ၁၀ဝ အတွင်းက ကျူးကျော်တဲတွေကို ဖေဖော်ဝါရီ ၂၇ ရက်နေ့ နောက်ဆုံးထားပြီး ဖျက်ပေးဖို့ နေပြည်တော် စည်ပင်သာယာရေးကော်မတီက နို့တစ်ပေးပို့ထား တယ်လို့ သိရပါတယ်။

‘အဲဒီလို စာပို့ခံရမှုအပေါ်ကို တောင်သူ တွေက လှမ်းမေးတယ်၊ သူတို့ဘာလုပ်ရမလဲ၊ ရွှေ့ပေးရမှာလား၊ မရွှေ့ဘဲ နေရမလားဆိုတာကိုမေးတော့ ကျွန်တော်တို့ အနေနဲ့ ဘာမှအဖြေပြန်မပေးနိုင်ဘူး၊ အဓိကကတော့ စည်ပင်ဘာလုပ်မယ်၊ အစီအစဉ် ဘာတွေရှိလဲဆိုတာကိုယ်ကိုယ်တိုင် မသိဘူးလေ၊ ဒါတွေကိုသာ လွှတ်တော် ကိုယ်စားလှယ်တွေကို ချပြထားမယ်ဆိုရင် တောင်သူကို  ညှိပေးတာမျိုးတော့ လုပ်ပေးနိုင်တာပေါ့”လို့ ဒက္ခိဏသီရိမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသန့် ဇင်ထွန်းက ပြောပါတယ်။

ထပ်ပြီးရောက်လာတဲ့ ကျူးကျော်တွေ နေပြည်တော် ရှစ်မြို့နယ်စလုံးမှာ အနည်း ငယ် စတင်ရောက်ရှိနေကြတာ ဖြစ်ပါတယ်။ ဒက္ခိဏမှာ အခုရက်ပိုင်း ကျူးလာတာတော့ ခုနစ်ဦးရှိတယ်လို့လည်း သိရပါ တယ်။ သည်ကျူးတွေက အရင်ကလို ဒေသခံတွေက နေစရာမရှိလို့ ကိုယ့်မြေ ကိုယ်ပြန်ကျူးတာမျိုးမဟုတ်ဘဲ ရွှေ့ ပြောင်း လုပ်သားတွေက ကျူးကြတာ ဖြစ်ပါတယ်။

ကျူးကျော်ပြဿနာကို ဖြေရှင်းဖို့ဆိုတာက စည်ပင်ကိုယ်တိုင်ကလည်း ပွင့်လင်းမြင်သာမှု  ရှိဖို့လိုပါတယ်။ အနာဂတ် စီမံကိန်းတည်ဆောက်မှာဖြစ်တာကြောင့် သိမ်းဆည်းထားတဲ့ မြေတွေကို ပြန်ပြီး စွန့် လွှတ်လို့ မရဘူးဆိုတာကိုပွင့်လင်းမြင်သာ မှုရှိရှိ ချပြထားတာမရှိဘူးလို့ သိရပါတယ်။

အသိပေးရှင်းပြပါ

ဦးသန့်ဇင်ထွန်းက ‘တချို့မြေတွေဆို လျော်ကြေးမပေးရသေးဘူး၊ အရင်က အနာဂတ်စီမံကိန်းဆိုပြီး မြေလဲ ပြန်ပြီး မစွန့်လွှတ်ဘူး၊ အဲဒီလိုမျိုးတွေ ရှိနေတဲ့အပေါ်မှာ သက်ဆိုင်ရာလွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ပြည်သူတွေကို ပွင့်ပွင့်လင်းလင်းချပြဖို့လိုသလို ရှင်းပြဖို့လဲ လိုပါ တယ်၊ ပြဿနာကို ကြိတ်ပြီးတော့ ဖြေရှင်း နေတဲ့ ပုံစံမျိုးနဲ့ဆိုရင်တော့  ခဏခဏနဲ့ ပြီး မှာလဲ မဟုတ်ပါဘူး၊ ဒီလိုမျိုးပဲ ဆက်ဖြစ်နေ ဦးမှာပဲလို့ ယူဆပါတယ်”လို့ ပြောပါတယ်။

နေပြည်တော်မှာ ကျူးကျော်ပြဿနာ တွေ ထပ်မဖြစ်အောင် စည်ပင်သာယာရေး ကော်မတီက နေပြည်တော်နဲ့ ပတ်သက်တဲ့ စီမံကိန်းတွေကို  သက်ဆိုင်ရာ ကိုယ်စားလှယ်တွေကို အသိပေးထားသင့်တယ်လို့ ကိုယ်စားလှယ်တချို့က ဝေဖန်သုံးသပ်နေပါတယ်။

နေပြည်တော်စည်ပင်သာယာရေး ကော်မတီမှ  အဖွဲ့ဝင် ဦးမင်းသူက “တရားစွဲတဲ့ကိစ္စတွေအားလုံး အမှုတွေ ရုပ်သိမ်းပေးတယ်၊ လျော်ကြေးမရဘူးဆိုတဲ့ ပုဂ္ဂိုလ်တွေ ကြည့်လိုက်တော့ ၉၀ ရာခိုင်နှုန်း လောက်ဟာ လျော်ကြေးရပြီးသာ ဖြစ်ပါ တယ်˘လို့ ပြောပါတယ်။

နေပြည်တော် တည်ဆောက်စဉ်က အဆောက်အအုံစီမံကိန်းတွေအတွက် အနယ်နယ်အရပ်ရပ်မှ ရွှေ့ပြောင်းလုပ်သားတွေဟာ လာရောက်လုပ်ကိုင်ကြပြီး လွတ်တဲ့ မြေကွက်လပ်နေရာတွေမှာ တဲထိုးပြီး နေထိုင်ရာမှ ပြန်မဖျက်ဘဲ အခြေ ချကာဆက်လက်နေထိုင်နေတဲ့ ကျူးကျော် တွေလည်း ရှိတယ်လို့ သိရပါတယ်။

အဲသည်လို ကျူးကျော်မျိုးတွေ ရှိသလို အမှန်တကယ် လယ်ယာမြေနဲ့ နေအိမ် ရွှေ့ပြောင်းပေးလိုက်ရတာကြောင့် ကျူး ကျော်ဘဝကို ရောက်ရှိနေတဲ့  တောင်သူတွေလည်း ရှိနေတာကြောင့် ဒါတွေကို ဘယ်လိုပုံစံနဲ့ ဖြေရှင်းဆောင်ရွက်သွားမယ်ဆိုတာကို သက်ဆိုင်ရာ ကိုယ်စားလှယ် တွေကို နေပြည်တော်  စည်ပင်သာယာရေး ကော်မတီက ကြိုတင်ပြောပြထားသင့်တယ်လို့ ကိုယ်စားလှယ်အများစုက မှတ်ချက်ပေးထားပါတယ်။

မိုးမိုး

Kumudra


No comments:

Post a Comment