Latest News

Wednesday, February 15, 2017

ကျိုက်ထီးရိုးစေတီ ရင်ပြင်တော်တွင် အလှူခံသည့် ရဟန်းနှင့် သီလရှင်များကို လူဝတ်လဲအရေးယူ

ကျိုက်ထီးရိုးစေတီ ရင်ပြင်တော်တွင် အလှူခံသည့် ရဟန်းနှင့် သီလရှင်များကို လူဝတ်လဲအရေးယူ


မွန်ပြည်နယ် ကျိုက် ထိုမြို့နယ် ကျိုက်ထီးရိုးစေတီ ရင်ပြင်တော်ပေါ်တွင် ဘုရားဖူး များထံမှ အလှူခံသည့် ရဟန်း ၅၁ ပါးနှင့် သီလရှင် နှစ်ပါးကို ဖေဖော်ဝါရီ ၁၄ ရက်က အရေးယူခဲ့ ကြောင်း ဂေါပကအဖွဲ့မှ သတင်း ရရှိသည်။

ဂေါပကအသစ်လက်ထက် တွင် စေတီရင်ပြင်ပေါ်၌ ရဟန်း၊ သံဃာများနှင့် မည်သည့်ပုဂ္ဂိုလ် မျှ   အလှူမခံရန်   ထုတ်ပြန် ထားပြီး အလှူခံရဟန်းများ တွေ့ ရှိခြင်းကြောင့် ဂေါပကအဖွဲ့များ၊ ကျိုက်ထိုမြို့နယ် သံဃနာယက အဖွဲ့၊ ကျိုက်ထိုမြို့နယ် သာသနာ ရေးဦးစီးမှူး၊ ကင်မွန်းချောင်း ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့နှင့် နယ်မြေခံ ရဲတပ်ဖွဲ့တို့ ပူးပေါင်းပြီး သံဃာတော် ၅၁ ပါးနှင့်  သီလရှင်နှစ်ပါးကို လူဝတ်လဲခဲ့သည်။

‘‘ဖမ်းဆီးမိတဲ့ သံဃာတွေကို အရေးယူဖို့ ကျိုက်ထိုမြို့ သံဃ နာယကအဖွဲ့ထံသို့ ပင့်ဆောင် သွားတယ်။ ကျိုက်ထိုရောက်မှ စစ်ဆေးမှုလုပ်ပြီး အရေးယူမယ် ပြောတယ်။ ဘုရားဖူးသူတွေကို နေ့တိုင်း နေ့တိုင်း တောင်းနေတာ တွေ့တော့ ဝိနည်းနဲ့ မညီလို့ ဒီလိုလုပ်လိုက်တာပါ။    ကျွန် တော်တို့ ဂေါပကအသစ်လက် ထက်မှာ ဒီလိုလုပ်တာ ပထမဆုံး ပါ။ နိုင်ငံခြားဘုရားဖူးတွေ ဒီလို အလှူခံနေတာတွေ့တော့ မြင် မကောင်းလို့၊ နောက်လည်း ဒီလို လုပ်သွားတော့မယ်’’ဟု ဂေါပက ဦးအေးမြင့်သိန်းက ပြောသည်။

လူဝတ်လဲအရေးယူထား သော ရဟန်းသံဃာများသည် အဖွဲ့လိုက် စီးပွားရေးလုပ်ငန်း တစ်ခုအဖြစ် အလှူခံခြင်းဖြစ်ပြီး ၎င်းတို့ကို စစ်ဆေးစဉ် အလှူခံရရှိထားသည့် ငွေကျပ် ၁၀ သိန်းကျော်  တွေ့ရှိခဲ့ကြောင်း ဦးအေးမြင့်သိန်းကဆိုသည်။

‘‘အသေးစိတ်ကိုတော့ ဂေါ ပကတွေကို မေးလိုက်ပါ။ ရင်ပြင် ပေါ်မှာ ထိန်းသိမ်းထားတဲ့ ရဟန်း သံဃာတွေကို ကျွန်တော်တို့က အရေးယူမှုလုပ်လို့ မရပါဘူး။ ကျိုက်ထိုမြို့နယ် သံဃနာယက အဖွဲ့က စစ်ဆေးမှုတွေလုပ် တယ်။ လူဝတ်လဲပြီး နေရပ်ဒေသ ကို ပြန်လွှတ်လိုက်ပါပြီ’’ဟု ကျိုက် ထိုမြို့နယ် သာသနာရေးဦးစီးမှူး ဦးဝေနိုင်က ပြောသည်။

ကျိုက်ထီးရိုး ဂေါပကအ သစ်လက်ထက်တွင် ဝန်ထမ်းများ အသစ်ခန့်အပ်ထားခြင်း၊ ဘုရား ပေါ်ရှိ အလှူခံကန်ထရိုက်စနစ် များ ဖျက်သိမ်းခြင်း၊ ဈေးဆိုင်ခန်း များကို ဘုရားဖူးသူများ စိတ်အ နှောင့်အယှက်မဖြစ်စေရေး စည်း ကမ်းချက် ထုတ်ပြန်ခြင်းနှင့် အ ရေးယူခြင်း၊ တောင်တက်ကား နောက်ခန်းကို ဈေးနှုန်းလျှော့ချ ခြင်းကိစ္စများ  ပြုလုပ်ခဲ့သည်။

ပိုတို - အင်တာနက်

7Day News Journal

No comments:

Post a Comment