Latest News

Wednesday, February 8, 2017

အသက်အကြီးဆုံး ရန်ကုန်တက္ကသိုလ် ပါမောက္ခဟောင်း ဒေါက်တာဇော်ထွန်း ကွယ်လွန်

အသက်အကြီးဆုံး ရန်ကုန်တက္ကသိုလ် ပါမောက္ခဟောင်း ဒေါက်တာဇော်ထွန်း ကွယ်လွန်

ရန်ကုန်တက္ကသိုလ် ခန္ဓာဗေဒ ပါမောက္ခဟောင်း ဒေါက်တာ ဟယ်ရီဇော်ထွန်း အသက် ၉၈ နှစ် အရွယ်မှာ ကနေဒါမှာ ကွယ်လွန် သွားပါတယ်။ ဒေါက်တာဇော်ထွန်းဟာ ၁၉၅၈ က စကော့တလန် စိန့်အင်ဒရူး တက္ကသိုလ်က ပါရဂူဘွဲ့ ရခဲ့ပြီး မြန်မာပြည်က ပထမဆုံး ခန္ဓာဗေဒ ပါရဂူ ဘွဲ့ရသူ ဖြစ်လာပါတယ်။

ဒေါက်တာဇော်ထွန်း ကို ၁၉၁၉ က မွေးဖွားခဲ့ပြီး ဘုံဘေ တက္ကသိုလ်က ဆေးပညာ ဘွဲ့ ရရှိခဲ့ပါတယ်။ သူဟာ မန္တလေး တက္ကသိုလ်နဲ့ ရန်ကုန် တက္ကသိုလ်တွေမှာ ၁၉၆၈ ထိ ဆေးပညာ ကထိက၊ ပါမောက္ခတာဝန်တွေ ထမ်းဆောင်ခဲ့သလို အီသီယိုးပီးယား၊ တန်ဇင်းနီးယား၊ ကနေဒါနဲ့ အမေရိကန် တို့မှာလည်း ခန္ဓာဗေဒ ပါမောက္ခအဖြစ် ထမ်းဆောင်ခဲ့ပါတယ်။

ဒေါက်တာဇော်ထွန်းဟာ ဆူဒန်နိုင်ငံ ခါတွမ်း တက္ကသိုလ်မှာ ကမ္ဘာကျန်းမာရေးအဖွဲ့က ခန့်တဲ့ ပါမောက္ခ ရာထူးကိုလည်း ပထမဆုံး တာဝန်ယူခဲ့သူ ဖြစ်ပါတယ်။ ကနေဒါ နိုင်ငံ၊ အယ်လ်ဘာတာ ပြည်နယ် ၊ အက်ဒမွန်တန် မြို့မှာ ဖေဖော်ဝါရီလ ၆ ရက်က ကွယ်လွန်ပြီး ဇနီး ဒေါက်တာ ခင်ခင်ထွေးနဲ့ သားသမီးတွေ ကျန်ရစ်ပါတယ်။

 BBC

No comments:

Post a Comment